ရေရှည်စိတ်ဖိစီးမှုနဲ့ “ Dopamine Hormones” ရဲ့ အရေးပါပုံ
ကျွန်မတို့တစ်တွေဟာ ဘဝကိုယ်စီအတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်တတ်ကြပါတယ်။ ဘဝရည်မှန်းချက်တွေ ပြည့်ဖို့ဆိုတာကလည်း နေ့ရက်တစ်ရက်ချင်းစီ အောင်မြင်စွာနဲ့ ရေရှည်စိတ်ဖိစီးမှုတွေမရှိအောင်၊ ရှိရင်လည်း အမြန်ပယ်ဖျောက်နိုင်မှသာ ရည်မှန်းထားတဲ့ပန်းတိုင်ကို အောင်မြင်စွာတက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ ခန္ဓာကိုယ်က ထုတ်ပေးနေတဲ့ Hormones အမျိုးအစားတွေ များစွာရှိပါတယ်။ အဲ့ဒီ Hormones တွေထဲက Dopamine Hormones အကြောင်းလေး အနည်းငယ် ဆွေးနွေးပေးချင်ပါတယ်။ ကျွန်မတို့ ကိုယ်ခန္ဓာအတွက် သင့်တင့်တဲ့ Dopamine Level ရှိဖို့လည်း လိုအပ်ပါတယ်။ Dopamine Level ပုံမှန်အခြေအနေဖြစ်ရင် သင်ယူမှုမှာ အထောက်အကူပြုခြင်း၊ Problem Solving Skill ကောင်းခြင်း၊ စိတ်ခံစားချက်အပြောင်းလဲကို ထိန်းချုပ်နိုင်ခြင်းတို့ကို ဖြစ်စေပါတယ်။ Dopamine Level ကျတဲ့အချိန်တွေမှာဆိုရင် ကျွန်မတို့တွေဟာ အလွယ်တကူ ပင်ပန်းနွမ်းလျနေတတ်ခြင်း၊ စိတ်ကျလွယ်ခြင်း၊ စိတ်အားတက်ကြွမှုမရှိခြင်းများ ဖြစ်တတ်ပါတယ်။
တချို့လူတွေမှာတော့ Dopamine Level အရမ်းလွန်ကဲတာတွေလည်း ရှိပါတယ်။ Dopamine Level အရမ်းများရင်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲခြင်း၊ တခြားလူများကို ရန်မူလွယ်ခြင်း၊ ဒေါသကြီးခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်မတို့ လူတိုင်းအတွက် Dopamine Level ဟာ အသင့်အတင့်ရှိနေခြင်းဟာ အကောင်းဆုံးပါ။ Dopamine Level တက်စေတဲ့ အကြောင်းတွေထဲမှာမှ မိမိချစ်သူဆီက အဖြေရခြင်း၊ လစာတိုးခြင်းနဲ့ ထီဆုကြီးပေါက်ခြင်းတွေဟာ Dopamine % များတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်။
Dopamine Level အရမ်းကျနေတဲ့အခါမှာ မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေ၊ လုပ်ဆောင် နိုင်တာတွေ ရှိပါတယ်။ အထူးသဖြင့် Dopamine Level နိမ့်နေတဲ့အခါမှာ Amino Acid ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (နို့ထွက်ပစ္စည်းများ၊ ထောပတ်သီး၊ နှမ်း၊ ရွှေဖရုံသီး) များများစားပေးဖို့ လိုအပ်ပါတယ်။ နေ့စဥ် လေ့ကျင့်ခန်း (20-30) မိနစ် ပုံမှန်လုပ်ခြင်း၊ ညစဥ် (၇နာရီ-၉နာရီထိ) အိပ်ချိန်ထားရှိခြင်း၊ တရားထိုင်ခြင်းနဲ့ ခန္ဓာကိုယ်ကို Message လုပ်ခြင်းတွေဟာလည်း Dopamine Level ကို မှန်ကန်စွာ တိုးမြင့်စေပါတယ်။ သို့ပေမဲ့ လူအများစုက အရက်သောက်ခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်းတွေဟာ Dopamine Level မြင့်စေတယ်ဆိုပြီး စိတ်ညစ်တဲ့အခါ၊ စိတ်ကျတဲ့အခါမှာ တလွဲသုံးတတ်ပါသေးတယ်။ ဒီအရာတွေဟာ ခဏတာ Dopamine. Level ကိုပဲ မြင့်စေတာပါ။ ရေရှည်မှာ Long term stress ကင်းဝေးစွာ နေထိုင်နိုင်ဖို့ မှန်ကန်တဲ့ နည်းလမ်းတွေကို သုံးမှသာ နေ့ရက်တိုင်းမှာ ပူပင်မှုကင်းစွာနဲ့ ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
Daw Ei Mon Soe
ME-IT (TU-Mdy)
MBA (SIU, Thailand)
Latest Articles
ကောင်းမွန်တဲ့ IT Project Manager တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ
6 days ago
Startup လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုး
6 days ago
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
1 month ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
1 month ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
1 month ago
