Training ပေးခြင်းက ဝန်ထမ်းတွေရဲ့ Motivation အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ဖြစ်စေသလဲ?
သင်ယူလိုစိတ်ပြင်းပြသူတွေနဲ့ ပြည့်နှက်နေတဲ့ လုပ်ငန်းခွင်ဟာ ကုမ္ပဏီတစ်ခုရဲ့ အရမ်းကိုကောင်းမွန်တဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများဟာ သူတို့ရဲ့ ကုမ္ပဏီနဲ့ လုပ်ငန်းအကြောင်း ပိုမိုသိရှိလိုကြပြီး သူတို့ရဲ့ စွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်မယ့် ကျွမ်းကျင်မှုတွေကို သင်ယူလိုကြပါတယ်။ ဝန်ထမ်းတွေရဲ့တန်ဖိုးကိုသိပြီး အပြည့်အဝ အသုံးချကာ လုပ်ငန်းခွင်ထဲမှာ ရေရှည်အလုပ်လုပ်စေချင်တဲ့ အလုပ်ရှင်များဟာ Training များ ပြုလုပ် ပေးခြင်းက ဝန်ထမ်းတွေရဲ့ Motivation အတွက် အဆင်ပြေနိုင်မယ့် အလားအလာများ လေ့လာတွေ့ရှိရပါတယ်။
" နားလည်မှု"
ဝန်ထမ်းတစ်ဦးချင်းစီဟာ အဖွဲ့အစည်းတစ်ခုရဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို အထောက်အကူ ဖြစ်စေ ပါတယ်။ သို့ပေမဲ့ အကန့်အသတ်များနဲ့ အလုပ်လုပ်ဆောင်နေရတဲ့ ဝန်ထမ်းများဟာ လုပ်ငန်းခွင်ထဲမှာ အရေးမကြီးတဲ့ လူပုဂ္ဂိုလ်တစ်ယောက်လို အလွယ်တကူ ခံစားလာနိုင်ပါတယ်။ ဒါကြောင့် Training ပေးခြင်းက ဝန်ထမ်းများကို ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံ၊ မစ်ရှင်၊ ပန်းတိုင်များနဲ့ အကျိုးအကြောင်းကို နားလည်သဘောပေါက်ဖို့ အတွက် ကူညီပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ဝန်ထမ်းများဟာ အဖွဲ့အစည်းရဲ့ အောင်မြင်မှုအတွက် လုပ်ဆောင်ရမယ့်အလုပ်များကို သိရှိနားလည်ထားတာကြောင့် သူတို့ရဲ့အလုပ်အတွက် စိတ်အားထက်သန်မှု ရှိလာနိုင်ပါတယ်။
" တိုးတက်မှု "
Training ပေးခြင်းက ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများအတွက် အလုပ်အရည်အသွေး၊ ရလဒ်များ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးနိုင်ပါတယ်။ ရလဒ်အနေနဲ့ ကတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်မှာ ပိုပျော်ပြီး အောင်မြင်မှုရရှိလာနိုင်မယ့် အလားအလာအတွက် လည်း စိတ်လှုပ်ရှားကြပါတယ်။
" အသက်မွေးဝမ်းကြောင်းအတွက် ဖွံ့ဖြိုးတိုးတက်ရေး "
ဝန်ထမ်းများဟာ အလုပ်တစ်ခု အခိုင်အမာရရှိဖို့သာမက အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဖွဲ့အစည်းမှာ ပါဝင်လုပ်ကိုင်လိုကြပါတယ်။ ဝန်ထမ်းများ အဖွဲ့အစည်းမှာ ရေရှည် အလုပ်လုပ်ကိုင်နိုင်မှုနဲ့ စွမ်းဆောင်ရည်သမာသမတ်ရှိခြင်းက တိုးတက်မှုအတွက် အခွင့်အလမ်းများစွာကို ရရှိစေနိုင်ပါတယ်။ သို့ပေမဲ့လည်း ဒီအလားအလာများဟာ သီအိုရီအရပဲရှိနေပါက ဝန်ထမ်းများအတွက် တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ Training ပေးခြင်းက ဝန်ထမ်းများဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို ပိုမိုကောင်းမွန်စေဖို့အတွက်သာမက သူတို့ရဲ့ရည်မှန်းချက်များကို သိရှိစေဖို့လည်း အကူအညီဖြစ်စေသလို လုပ်ငန်းရဲ့အသွင်အပြင်အသစ်များနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ ကျွမ်းကျင်မှုများကိုပါ သိရှိလာစေဖို့ ကူညီပေး ပါတယ်။
" Message "
Training ပေးခြင်းက အလုပ်ရှင်များရဲ့ လုပ်ငန်းခွင်အတွင်း ရင်းနှီးမြှပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ကုမ္ပဏီများဟာ သူတို့ရဲ့ ဝန်ထမ်းတွေကို Training ပြုလုပ်ပေးတဲ့အခါမှာ အလုပ်ရှင်များက ဝန်ထမ်းတွေကို တန်ဖိုးထား ကြောင်းလည်း ဖော်ပြပါတယ်။ အဖွဲ့အစည်းရဲ့ အောင်မြင်မှုတွေမှာရော ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်း ကျောင်းတိုးတက်မှုတွေကိုပါ တန်ဖိုးထားကြောင်း ဝန်ထမ်းတွေကို သိရှိစေပါတယ်။ ဒီလုပ်ဆောင်ချက်များဟာ အလုပ်ရှင်နဲ့ ဝန်ထမ်းများကြား တွယ်တာမှု၊ သစ္စာရှိမှုနဲ့ စိတ်အားထက်သန်မှုကို ဖန်တီးပေးနိုင်ပါတယ်။
Eric Feigenbaum ရဲ့ How Does Training Motivate Employees? ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါတယ်။
U Ah Zer Zar Sar
DBL.LLB.BARS
MBA ( Assumption University, Thailand)
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
