သုတေသနလုပ်တဲ့အခါ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဘယ်လိုကျော်လွှားကြမလဲ?
သုတေသနလုပ်တဲ့အခါ ကျောင်းသားတွေကြုံရတဲ့ အခက်အခဲတွေအများကြီး ရှိတတ်ပါတယ်။ အချိန် မလုံလောက်တာ၊ လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေရတာခက်ခဲတာ၊ စိတ်ဖိစီးမှုတွေ၊ နည်းပညာဆိုင်ရာပြဿနာတွေ စတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျမိတာမျိုးတွေ ဖြစ်တတ်ကြတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းတွေရှိပါတယ်။ လေ့လာသင့်တဲ့ နည်းလမ်းတွေအနေနဲ့ အချိန်ကို စနစ်တကျစီမံခန့်ခွဲတတ်ဖို့၊ ယုံကြည်ရတဲ့ရင်းမြစ်တွေကနေ အချက်အလက်ရှာဖွေတတ်ဖို့၊ စိတ်ကိုအေးအေးလူလူဖြစ်စေဖို့ နည်းလမ်းတွေရှိတာကြောင့် ဒီဆောင်းပါးမှာ အဲ့ဒီနည်းလမ်းတွေအကြောင်း ပြောပြပေးပါမယ်။
၁။ အချိန်မလုံလောက်ခြင်း
သုတေသနလုပ်ရင်း အချိန်မလုံလောက်တာက တကယ့်ကို စိတ်ညစ်စရာကောင်းတဲ့ အခက်အခဲတစ်ခုပါပဲ။ ဒါဆိုရင်တော့ အချိန်ကို အကျိုးရှိရှိအသုံးပြုဖို့ အချိန်ဇယားရေးသားခြင်းနဲ့ Prioritization (ဦးစားပေးလုပ်ဆောင်မှု) သတ်မှတ်ပြီး အလုပ်တွေကို အပိုင်းပိုင်းခွဲပြီး လုပ်ပါ။ ဥပမာ - မနက် (၉) နာရီကနေ (၁၂) နာရီအထိ သုတေသနစာအုပ်တွေ ဖတ်မယ်၊ နေ့လယ် (၁) နာရီကနေ (၃) နာရီအထိ အချက်အလက်တွေ ရှာဖွေမယ် စသဖြင့် အချိန်ဇယားရေးပါ။ ကိုယ်ဆွဲထားတဲ့ အချိန်ဇယားကို လိုက်နာဖို့ မမေ့ပါနဲ့။
၂။ လိုအပ်တဲ့ အချက်အလက်များ ရှာဖွေရခြင်း
သုတေသနလုပ်ရင်း လိုအပ်တဲ့ အချက်အလက်တွေရှာဖွေရတာ ခက်ခဲတတ်ပါတယ်။ အင်တာနက်ပေါ်မှာ သတင်းအချက်အလက်တွေ မမှန်ကန်တာတွေ့ရတတ်တယ်။ သုတေသနလုပ်ငန်းအတွက် Credible sources (ယုံကြည်ရတဲ့ ရင်းမြစ်များ) တွေကသာ အချက်အလက်များရယူပါ။ အထူးသဖြင့် Google Scholar, JSTOR, ResearchGate စတဲ့ ဝဘ်ဆိုဒ်များမှအသုံးပြုသင့်ပြီး စာကြည့်တိုက်များမှ သုတေသနစာအုပ်များ၊ ဂျာနယ်များကိုလည်း ရှာဖွေပါ။ လိုအပ်တဲ့အချက်အလက်တွေကို ဆရာ/ဆရာမများကို မေးမြန်းပါ။ ဒါ့အပြင် Citation management software (e.g., Zotero, EndNote) အသုံးပြုခြင်းက သုတေသနလုပ်ငန်းအတွက် အထောက်အကူပြုနိုင်ပါတယ်။
၃။ စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်း
သုတေသနလုပ်ရင်း စိတ်ဖိစီးမှုတွေကြောင့် အခက်အခဲတွေ ကြုံရတတ်ပါတယ်။ Regular breaks ယူပြီး အလုပ်လုပ်ခြင်း၊ mindfulness meditation (တရားထိုင်ခြင်း) လုပ်ခြင်း၊ physical exercise (အားကစားလုပ်ခြင်း) စတာတွေက အကောင်းဆုံးဖြေရှင်းနည်းတွေပါ။ ဥပမာ - တစ်နာရီအလုပ်လုပ်ပြီးရင် (၁၅) မိနစ်အနားယူပါ။ မနက်တိုင်း မိနစ် (၃၀) အားကစားလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ အလုပ်လုပ်ရင်း ကိုယ်ကြိုက်နှစ်သက်တဲ့ ဂီတ နားထောင်ခြင်းကလည်း စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။
၄။ အကြောင်းအရာနားလည်မှုနည်းပါးခြင်း
သုတေသနအတွက် အရေးကြီးတဲ့ Concepts များကို နားလည်ခြင်းမလုံလောက်ပါက အခက်အခဲဖြစ်နိုင်ပါတယ်။ ဒီအတွက် Academic discussions တွေ၊ peer study groups တွေ တက်ရောက်ပါ။ သင်မနားလည်သေးတဲ့ အကြောင်းအရာတွေ၊ နည်းပညာဆိုင်ရာ ပြဿနာတွေကို ဆရာ/ဆရာမများနဲ့ Office hours မှာ တွေ့ဆုံပြီး အကူအညီတောင်းပါ။ Previous papers တွေ များများဖတ်ပါ။ သုတေသနလုပ်ရင် စာဖတ်ပျင်းလို့ လုံးဝမရပါဘူး။
၅။ Survey ကောက်တဲ့အခါ ကြုံရတဲ့ အခက်အခဲများ
Survey ကောက်တဲ့အခါ တုံ့ပြန်သူများမှ ဖြည့်စွက်မှုနည်းပါးခြင်း၊ မမှန်ကန်တဲ့ အချက်အလက်ရရှိခြင်း၊ Target Audience ရရှိဖို့ အခက်အခဲဖြစ်ခြင်းနဲ့ Survey မေးခွန်းတွေရဲ့ Quality မပြည့်စုံခြင်း စတဲ့အခက်အခဲတွေကို ကြုံရတတ် ပါတယ်။ Audience အရေအတွက်ကို တိုးမြှင့်ဖို့အတွက်ဆိုရင်တော့ Social Media တွေမှာ Promotion လုပ်ခြင်း၊ Incentive ပေးခြင်း (e.g., Gift Cards, Coupons) စသဖြင့် လုပ်ဆောင်နိုင်သလို နီးစပ်တဲ့ Community, Group များကို ဆက်သွယ်ပြီး Survey ဖြန့်ခြင်းကလည်း ကောင်းမွန်ပါတယ်။ ဒါ့အပြင် မေးခွန်းတွေကို သေချာစွာရေးသားပြီး Bias မဖြစ်အောင် ကြိုးစားပါ။ Audience နားလည်လွယ်အောင် မေးခွန်းတွေကို ရိုးရိုးရှင်းရှင်းနဲ့ တိကျစွာ ဖွဲ့စည်းပါ။ ဖြေပေးတဲ့ audience တွေ မငြီးငွေ့ရအောင် Survey ကို အတိုချုပ်ပြီး အချိန်မကုန်အောင် ဖွဲ့စည်းထားခြင်း စတဲ့ နည်းလမ်းတွေသုံးပြီး ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ပါတယ်။
၆။ သုတေသနနည်းပညာဆိုင်ရာ အခက်အခဲများ
ဒါ့အပြင် သုတေသနလုပ်ရင်း လေ့လာရေးဆိုင်ရာ Software tools များကို ကောင်းစွာအသုံးမပြုနိုင်ခြင်း၊ data analysis software (e.g., SPSS, R, Python) မသိခြင်းနဲ့ ကြုံရနိုင်ပါတယ်။ ဒီအတွက် Online အသုံးပြုပြီး (Coursera, edX) တို့မှ လေ့လာခြင်း၊ Tutorials နဲ့ Workshops တက်ရောက်ခြင်း၊ မိတ်ဆွေများ၊ ဆရာ/ဆရာမများထံမှ နည်းပညာဆိုင်ရာ အကူအညီများရယူခြင်းက အကောင်းဆုံးဖြေရှင်းနည်းတွေ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ သုတေသနလုပ်ရင်း ကြုံရတဲ့အခက်အခဲတွေကို ကျော်လွှားဖို့အတွက် နည်းလမ်းတွေ အများကြီးရှိကြောင်း သိလာရပါပြီ။ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်တာ၊ သုတေသနရေးရာအတွက် ယုံကြည်ရတဲ့ ရင်းမြစ်တွေကိုသာ အသုံးပြုတာ၊ စိတ်ကိုဖိစီးမှုကင်းစွာ ဖြတ်သန်းနိုင်အောင် အနားယူဖို့ အချိန်ပေးထားတာ၊ နည်းပညာဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့ အကူအညီတောင်းတာ စတာတွေက အထောက်အကူဖြစ်ပါတယ်။ ဒါ့အပြင် ဆရာ/ဆရာမတွေနဲ့ ဆွေးနွေးဖို့၊ မိတ်ဆွေတွေနဲ့ အကြောင်းအရာတွေကို ညှိနှိုင်းဖို့လည်း အရေးကြီးပါတယ်။ ဒီလိုနည်းလမ်းတွေအားလုံးကို လေ့ကျင့်ပြီး အသုံးချမယ်ဆိုရင် သုတေသနလုပ်ငန်းမှာ ကြုံရတဲ့အခက်အခဲတွေကို အလွယ်တကူ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။
Reference
Saunders, M., Lewis, P., & Thornhill, A. (2019). Research Methods for Business Students. Pearson Education Limited.
Thwe Thwe Aye
B. Com (Q), M. Com (MEUE)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
