Teenagers and Mental Health: Navigating the Challenges of Adolescence
Teenage ကာလဖြစ်တဲ့ ဆယ်ကျော်သက်ကာလမှာ Physically, Mentally Changes တွေကို challenge တစ်ခုအနေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ရုပ်ရည်အသွင်အပြင် ပြောင်းလဲလာတာတွေ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုး တက်မှုတွေနဲ့ ဟော်မုန်းပြောင်းလဲမှုတွေဟာ လူငယ်တွေရဲ့ emotions တွေနဲ့ social development မှာ သက်ရောက်မှုတွေ အများကြီး ဖြစ်လာပါတယ်။ Emotions တွေ sensitive ဖြစ်တဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ teenage တွေအတွက် မိသားစုပတ်ဝန်းကျင်ကနေ mental health awareness ရှိဖို့ လိုအပ်တဲ့အပြင် ကိုယ်ကိုယ်တိုင်ကလည်း ဒီ emotion တွေကို ဘယ်လို handle လုပ်မယ်၊ teenage life problem တွေကို ဘယ်လိုအကောင်းဆုံး ဖြေရှင်းမယ်ဆိုတာမျိုးကို ပြင်ဆင်ထားသင့်ပါတယ်။ ဒီနေ့ဆောင်းပါး မှာတော့ လူငယ်တွေ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတွေနဲ့ ဒါကို ဘယ်လို handle လုပ်ကြမလဲဆိုတဲ့ ကဏ္ဍ (၂) ရပ်ကို ဖော်ပြသွားချင်ပါတယ်။
Family Dynamics & Academic pressure
-Teenage life ဟာ ပညာရေးပိုင်းကာလအတွက် အရေးကြီးတဲ့ အချိန်အပိုင်းအခြားဖြစ်တဲ့အတွက် ဖိအားတွေနဲ့ ရင်ဆိုင်ရပြီး စိတ်ပင်ပန်းမှု များတတ်လေ့ရှိပါတယ်။ မိဘတွေကလည်း မိမိရဲ့သားသမီးတွေကို High expectation တွေနဲ့ ပိုကောင်းမွန်အောင် တင်းကျပ်တာမျိုးတွေ၊ life decision နဲ့ choice တွေကို ရွေးချယ် ခိုင်းတာမျိုးတွေမှာလည်း လူငယ်တွေကို စိတ်ဖိအားသက်ရောက်စေပါတယ်။ ဒီအတွက် ဘယ်လို effective ဖြစ်တဲ့ study tip တွေ၊ time management လုပ်တာတွေ၊ small goal လေးတွေ Daily target လေးတွေကနေစပြီး ကိုယ့်ရည်မှန်းချက်တွေပြည့်ဖို့ plan ဆွဲတာမျိုးတွေလုပ်ရင်း အနာဂတ်အတွက် motivation ယူတာမျိုး၊ self analysis နဲ့ improvement တွေ လုပ်သင့်ပါတယ်။
Social Networking
Teenage life ရဲ့ သူငယ်ချင်း အပေါင်းအသင်းကြားက လူမှုဆက်ဆံရေးတွေဟာ အထိုက်အလျောက်အနေနဲ့ ဖိအားအသွင် သက်ရောက်နေတတ်ပါတယ်။ အဲ့ဒါကြောင့် မိမိကိုယ်ကိုယ် အကောင်းဆုံးဖြစ်အောင်၊ သူများတွေရဲ့ exception ကောင်းကောင်းရအောင် တွေးပူတာမျိုး ဖြစ်တတ်ပြီး စိုးရိမ်စိတ် လွန်ကဲလေ့ရှိပါတယ်။ အဲ့ဒါကြောင့် Open communication နဲ့ သူငယ်ချင်းတွေအချင်းချင်းကြားထဲ ကိုယ်ခံစားရတာတွေ ကိုယ်ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက် အချင်းချင်းပွင့်ပွင့်လင်းလင်း positive feedback တွေနဲ့ communicate လုပ်သင့်ပါတယ်။
Social Media Flu
Social media ပေါ်မှာရှိတဲ့ တချို့ content တွေနဲ့ post တွေဟာ mentally negatively affect တွေကို သက်ရောက်စေတတ်တာမို့ သူများနဲ့ယှဉ်ပြီး မိမိကိုယ်ကိုယ် အားငယ်တာ၊ သိမ်ငယ်တာမျိုးအပြင် တခြား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ social media မှာ toxic ဖြစ်စေတဲ့ content တွေ၊ တခြားအရာတွေရှိရင် ကိုယ့်ရဲ့ newsfeed ထဲကနေ avoid လုပ်ပြီး positive နဲ့ motivational messages ရမယ့်အရာတွေကိုပဲ ကိုယ့်ရဲ့ newsfeed မှာ ထားသင့်ပါတယ်။
Body Insecurity
ခန္ဓာကိုယ် ပြောင်းလဲတိုးတက်တဲ့အချိန်အတွင်းမှာ မိမိရဲ့မျက်နှာနဲ့ ပုံပန်းသွင်ပြင်ကို လူတွေရဲ့အမြင်မှာ ဘယ်လို မြင်မလဲဆိုတာနဲ့ ပတ်သက်ပြီး body insecure တွေကို ခံစားရလေ့ရှိပါတယ်။ ဒီအတွက် self care လုပ်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် confidence ရှိလာအောင်၊ grow up ဖြစ်လာအောင် healthy ဖြစ်တဲ့နည်းနဲ့ ကိုယ့်ခန္ဓာကိုယ်ကို improve လုပ်သင့်ပါတယ်။ လူတိုင်းမှာ အလှတရားကိုယ်စီရှိကြတာမို့ တစ်ယောက်ချင်းစီရဲ့ အလှတရားတွေကို မြင်ပေးပြီး အချင်းချင်း ဖေးမကူညီသင့်ပါတယ်။
လူတိုင်းဟာ ကိုယ်မမြင်ရတဲ့ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ကိုယ်ပိုင်နည်းနဲ့ ဖြေရှင်းနေကြရပါတယ်။ ဖျားတာနာတာတွေက physical sickness ဖြစ်တဲ့အတွက် မြင်ရပေမယ့် mental illness ဖြစ်တဲ့အခါမှာ ဘယ်သူမှ မမြင်ရပါဘူး။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်တွေမှာ မိသားစုပတ်ဝန်းကျင်ကို ပြောပြဖို့ ခက်ခဲလေ့ရှိကြပြီး emotionally unstable ဖြစ်တဲ့ stage ဖြစ်တာနဲ့အညီ ကိစ္စတွေ၊ ပြဿနာတွေရဲ့ အဆင်မပြေမှု အစိုင်အခဲတွေဟာ ကြီးထွားလာလေ့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ တတ်နိုင်သမျှ လျော့နည်းသွားအောင် အားလုံးအတွက် mental health awareness လေး ရှိပေးကြဖို့၊ တွေးတောပေးကြဖို့၊ အချင်းချင်းဖေးမကူညီကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်ရှင်။ ။
Kyeal Sin Hmuu Ko
IGCSE (batch - 1,online), GPIS
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
4 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
4 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
