စီးပွားရေးလုပ်ငန်းတစ်ခုကို အစမပြုခင်ဘာတွေ သိထားသင့်သလဲ
ကိုယ်ရဲ့ပိုင်ဆိုင်မှုတွေရင်းနှီးပြီး စီးပွားရေးလုပ်ငန်းရှင်ဘဝကို အမှန်တကယ်စတင်တော့မယ်လို့ ဆုံးဖြတ်ပြီးသား လူငယ်တွေအတွက် နိုင်ငံတကာက entrepreneur လုပ်ငန်းရှင်တစ်ချို့ ဝေမျှထားတဲ့ အကြံပြုချက်တွေ အတွေအကြုံလေးတွေကို ဖော်ပြပေးသွားပါမယ်။
မာရသွန်အပြေသမားလိုမှတ်ယူပါ
Bluemercury ရဲ့ Founder ဖြစ်သူ Marla Beck က Entrepreneurship ဆိုတာ တာတိုအပြေးလေ့ကျင့်သလိုတစ်ခါတည်း အားသွန်ခွန်စိုက်ထပြေးပြီး အလွယ်တကူပန်းဝင် ပြီးဆုံးသွားမဲ့ အလုပ်လို့ မှတ်ယူထားလို့မရဘူးလို့ ဆိုပါတယ်။ အတော်များများ Entrepreneurs တွေက နှစ်အနည်းငယ်လောက်လေး ရပ်တည်နေရတာကိုပဲ အာရုံစိုက်သာယာမနေပဲ ရေရှည်အောင်မြင်တဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်အောင် ခိုင်ခိုင်မာမာရည်ရွယ်ချက်ထားပြီး အာရုံစိုက် လုပ်ကိုင်သင့်တယ်လို့ ဆိုပါတယ်။ ဘဝတစ်လျောက်မှာမျှော်လင့်ထားမရတဲ့ အပြောင်းအလဲတွေကို မကြာခနရင် ဆိုင်ရသလို Entrepreneurs Life မှာလည်း ဒါမျိုးတွေရင်ဆိုင်ရမှာဖြစ်လို့ မာရသွန်အပြေသမားတွေလို ဇွဲကောင်းကောင်းနဲ့ လျှောက်လှမ်းဖို့လိုတယ်လို့ သူကဆိုပါတယ်။
သေချာတဲ့အခွင့်အလမ်းတွေရှိနေပါစေ
Mead Technology Group ရဲ့ Founder နဲ့ CEO ဖြစ်သူ Matt Mead က ကိုယ်ရဲ့ Product တွေနဲ့ Service တွေကို အမှန်တကယ်စိတ်ဝင်စားသူတွေရှိတာ သေချာစေပါစေလို့ ဆိုပါတယ်။ လုပ်ငန်းတစ်ခုကိုမစခင် ကိုယ်ရွေးချယ် လုပ်ကိုင်မဲ့အလုပ်ဟာ အခွင့်အလမ်းကောင်းတွေနဲ့ ပြည့်ဝတဲ့အလုပ်ဖြစ်တယ်ဆိုတာ သေချာအောင် research လုပ်ပါလို့ ဆိုပါတယ်။ Matt Mead ကတော့ ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတိုင်းက အမြတ်ပေါ်ပြီး ထက်ဝက်လောက် မြတ်ရင်တော့ အကောင်းဆုံးပေါ့လို့ ဆိုပါတယ်။ အရောင်းအဝယ်ကောင်းတိုင်း အရာရာကို ကုစားနိုင်မှာမဟုတ်ပေမဲ့ အရောင်းမရှိပဲနဲ့ သင့်လုပ်ငန်းအခက်အခဲတွေကို ကျော်လွှားဖို့ သင့်အလုပ်တွေကိုကူလုပ်ပေးမဲ့ ကျွမ်းကျင်သူ တွေဌားရမ်းဖို့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် သင်စိတ်ဝင်စားတဲ့ အခြားအလုပ်တွေမှာ သင်ပိုပြီးအာရုံစိုက်နိုင်လည်း မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။
လုပ်ငန်းအစပိုင်းရဲ့ အခက်အခဲတွေကို သိထားပါ
ဘယ်အလုပ်ပဲလုပ်လုပ် အစပိုင်းတွေမှာ ကိုယ့်ရဲ့ဆုံးဖြတ်လုပ်ကိုင်မှုတွေက တည့်မတ်ချင်မှ တည့်မတ်မှာဖြစ်ပြီး ဒါတွေကြုံဆုံရမယ်ဆိုတာ ကြိုတင်သိထားဖို့ လိုအပ်ပါတယ်လို့ Agency Growth Secrets ရဲ့ Founder ဖြစ်သူ Joshua Harris က ထပ်မံသတိပေးပါတယ်။ တတ်နိုင်သမျှ အမှားနည်းဖို့ဆိုရင် ဖြစ်နိုင်သမျှ ရနိုင်လောက်သော Information တွေကို များများစုဆောင်းပြီး Action ယူမှုအပိုင်းတွေမှာလည်း တုန့်ဆိုင်းမနေပဲ ပြောင်းသင့်တဲ့အ ရာတွေကို အလျှင်အမြန်ပဲဆောင်ရွက်ဖို့ သူကတိုက်တွန်းပါတယ်။ ဒါ့အပြင်လုပ်ငန်းအစပိုင်းကို အပိုဝန်ထုပ်ဝန်ပိုး ဖြစ်စေမဲ့ အရာတွေကိုရှောင်ပြီး Cash ကိုသွက်သွက်လေး ကစားတတ်ဖို့လိုတယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ ရလဒ်တွေကိုလည်း ကောင်းမွန်စွာသုံးသပ်ဖို့ ကျဆုံးမှုတွေကိုလည်း သင်ခန်းစားယူပါလို့ဆိုထားပြီး သင်ကျရှုံး တယ်လို့ မခံယူထားသရွေ သင်မရှုံးသေးဘူးလို့ တိုက်တွန်းပါတယ်။
စိတ်ရှည်ပါ၊လုပ်ငန်းငွေကြေးကို ဂရုပြုပါ
လုပ်ငန်းငယ်တစ်ဝက်လောက်က ကျွမ်းကျင်တဲ့ငွေကြေးစီမံမှုမှာ အားနည်းကျတယ်လို့ Over The Top SEO ကအ မှုဆောင်အရာရှိချုပ် Guy Sheetrit ကဆိုထားပါတယ်။ လုပ်ငန်းစတင်တဲ့ ဘယ်သူမဆို အချိန်ကိုက်လုပ်ဆောင်မှု နဲ့ Funding သဘောတရားကို နားလည်သင့်ပြီး ဘယ်အချိန်လုပ်ငန်းကနေ ဝင်ငွေပေါ်နိုင်မလဲဆိုတာ တိကျစွာ တွက်ချက်ဖို့ အကြံပြုပါတယ်။ ဒါ့အပြင်လုပ်ငန်းအခက်အခဲဖြစ်ချိန်မှာ Plan B အဖြစ်နဲ့ လုပ်ငန်းအတွက်ရင်းနှီးငွေ ရနိုင်မဲ့ နည်းလမ်းတွေကိုပါ စဉ်းစားဖို့လည်း တိုက်တွန်းပါတယ်။
ဆက်စပ်နားလည်တတ်ပါစေ
တကယ်လုပ်ငန်းခွင်အတွင်းက လူတွေနဲ့စေ့စပ်ညှိနှိုင်းမှုသဘောတွေ၊ မတူတဲ့အတွေးအမြင် ဖလှယ်မှုတွေ၊ ဈေး ကွက်ဆိုင်ရာအသိအမြင်တွေ၊ လုပ်ငန်းကျပ်တည်းချိန်မှ လည်ပတ်ငွေရင်း မရှိတော့တာ၊ supplier တွေ ပစ္စည်းမပို့ တော့တာ စတဲ့လုပ်ငန်းအကျပ်ရိုက်ကာလမှာ ရင်ဆိုင်ရတဲ့ သေရေးရှင်ရေးအခြေနေတွေကို ဘယ်လိုကျော်လွှားရမ လဲ့ဆိုတဲ့အဖြေကို ဘယ်နာမည်ကြီးတက္ကသိုလ်၊ ဘယ် Business Plan တွေကမှ သင့်ကိုယ်တတ်မြောက်အောင် သင်ကြားမပေးနိုင်တာကြောင့် မိမိကိုယ်တိုင်ပဲ လုပ်ငန်းမှာနားလည်အောင် သင်ယူရမှာပါ။ ကိုယ်နဲ့ပေါင်းသင်း ဆက်ဆံနေရတဲ့ ကိုယ်ရဲ့ပါတနာတွေရဲ့ စိတ်နေစိတ်ထားတွေကို နားလည်ဖို့လိုပါတယ်။ ဒါ့အပြင် ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းမော်ဒယ်၊ ထုတ်ကုန်လိုင်းတွေကို တတ်နိုင်သမျှရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ရပါမယ်။ ကိုယ်လုပ်ငန်း ရဲ့အကြောင်းကို ကိုယ်တိုင်ကမှ ပြည့်ပြည့်ဝဝနားမလည်ရင် တကယ်အရေးကြောင်းမှာ သင့်ပဲအခက်အခဲတွေ့မှာ ပါလို့ Teles Properties ရဲ့ President Peter Hernandez က အကြံပြုပါတယ်။
Customer တွေရဲ့အသံကိုနားထောင်ပါ
လုပ်ရိုးလုပ်စဉ်အနေနဲ့ ရောင်းချမဲ့ကုန်ပစ္စည်းလေးတွေထုတ်ပြီး သင့်ရဲ့စီးပွားရေးအစီအစဉ်တွေကို စတင်နိုင်တယ် ဆိုပေမဲ့ တကယ့်လုပ်ငန်းအောင်မြင်ဖို့ဆိုရင် Customer နှစ်သက်လက်ခံတဲ့ ကုန်စည်မျိုးကို သင်ထုတ်နိုင်ရပါ မယ်။ ဘယ်ကုန်ပစ္စည်းမျိုးကို သင့်ရဲ့ Customer တွေက ဘယ်လိုသဘေားထားလဲ စတဲ့တန်ဖိုးရှိတဲ့ Information ကိုရဖို့ဆိုရင် Customer တွေရဲ့ အသံတွေ၊ Feedback တွေကို အမြဲဂရုတစိုက်နားထောင်ရမယ်လို့ The Boutique Hub ရဲ့ CEO ဖြစ်သူ Ashley Alderson ကအကြံပြုပါတယ်။
https://www.entrepreneur.com/slideshow/329360
photo:intelligentHQ
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
