"Online Zoom နဲ့ အလုပ်အင်တာဗျူးဖြေတဲ့အခါ လုပ်ဆောင်သင့်တဲ့အချက်များ"
Online Zoom နဲ့ အလုပ်အင်တာဗျူးဖြေရာမှာ ချောမွေ့စေဖို့အတွက် အောက်ပါနည်းလမ်းများဖြင့် ကြိုတင်ပြင်ဆင်ပါ။
၁။ အင်တာဗျူးဖြေရမယ့်နေ့၊ အချိန်နဲ့ အသုံးပြုမယ့် Zoom meeting link၊ တခြားအသေးစိတ်အချက်အလက်များနဲ့ ညွှန်ကြားချက်များကို နှစ်ခါစစ်ဆေးပေးပါ။
၂။ အသုံးပြုမယ့်စက်ကို အားသွင်းပြီး Zoom ရဲ့ နောက်ဆုံးဗားရှင်းကို ထည့်သွင်းထားပါ။
၃။ Zoom အကောင့်တစ်ခုမရှိသေးပါက အခမဲ့ Zoom အကောင့်တစ်ခုဖွင့်ပါ။ Headshot (Profile ပုံ) တစ်ခုကို တင်ပြီး မိမိအချိန်ဇုန်ကို ရွေးချယ်ခြင်းဖြင့် အခြေခံ Setting များကို စိတ်ကြိုက်ပြင်ဆင်ပါ။
၄။ အလုပ်လျှောက်ထားတဲ့အဖွဲ့အစည်းရဲ့ ဝဘ်ဆိုဒ်နဲ့ မိမိရဲ့ကိုယ်ရေးအကျဉ်း၊ Cover Letter ၊ ပြင်ဆင်ထားတဲ့မှတ်စုများနဲ့ တခြားလိုအပ်တာများကို ဖွင့်ထားပါ။
၅။ ဒီရာထူးအတွက် မိမိလျှောက်ထားတဲ့ အီးမေးလ်အကောင့်သို့ ဝင်ရောက်ပါ။
၆။ Zoom ကိုဖွင့်ပြီး အင်တာနက်ချိတ်ဆက်မှုနဲ့ Application Setting များကို စမ်းသပ်ပါ။ အသံနဲ့ ဗီဒီယို setting များကို စိတ်ကြိုက်ချိန်ညှိပါ။ အနောက်ဘက်နေရာအား မပြသလိုပါက နောက်ခံအတု (virtual background) တစ်ခုထည့်ပါ ဒါမှမဟုတ် နောက်ခံကို မှုန်ဝါး (blur) ထားပါ။ အသံတိတ်ခလုတ် (Mute)၊ Chat Feature၊ Screen Share ခြင်းနဲ့ Video Recording Feature များကို အသုံးပြုပြီး လေ့ကျင့်ပါ။
၇။ Zoom Meeting ကို ဖွင့်ထားပြီးနောက် အင်တာဗျူးပြုလုပ်ရာမှာ သက်သောင့်သက်သာဖြစ်စေမယ့်နေရာမှာ စက်ကိုထားပါ။ ဖြစ်နိုင်ပါက မိမိအပေါ်ပိုင်းနဲ့ မျက်နှာကို အရှင်းလင်းဆုံးမြင်နိုင်ဖို့ ဖန်သားပြင်ကို ၄၅ ဒီဂရီခန့် ထောင့်ချိုးပြီး အလင်းရောင်ရတဲ့နေရာကို စမ်းသပ်ကြည့်ပါ။
၈။ မိမိစက်ပေါ်ရှိ အသိပေးချက်အားလုံးကို အသံပိတ်ထားပါ။
၉။ လိုအပ်တဲ့ အပလီကေးရှင်းများမှလွဲပြီး တခြား windows၊ Tab များနဲ့ ပရိုဂရမ်များအားလုံးကို ပိတ်ပါ။
၁၀။ အင်တာဗျူးမစမီ မိနစ်အနည်းငယ်အလို မိမိနေရာမှာထိုင်ပြီး Zoom Link ကို နှိပ်ပါ။
လုပ်ငန်းရှင်ကို အချိန်မီသေချာလေ့လာထားပါ။ လျှောက်ထားတဲ့အလုပ်ရဲ့ ပရိုဖိုင်ကိုစစ်ဆေးပါ၊ လျှောက်မယ့်လုပ်ငန်းမှာ အလုပ်လုပ်ဖူးတဲ့ ဒါမှမဟုတ် အလုပ်သင်လုပ်ဖူးတဲ့ လုပ်ဖော်ကိုင်ဖက်များထံမှ သုံးသပ်ချက်များကိုဖတ်ကာ အဖွဲ့အစည်းရဲ့ မကြာသေးမီကဖွံ့ဖြိုးတိုးတက်မှုသတင်းများကိုကြည့်ထားပါ။ ပိုမိုကောင်းမွန်တဲ့ မေးခွန်းများကို မေးနိုင်လေလေ၊ အင်တာဗျူးတစ်လျှောက် စကားပြောဆိုမှု ချောမွေ့လေဖြစ်ပါတယ်။ မိမိရဲ့ကိုယ်ရေးရာဇဝင်နဲ့ အလုပ်ဖော်ပြချက်ကို ပြန်လည်သုံးသပ်ပြီး မိမိအရင်အတွေ့အကြုံက ပိုမိုကောင်းမွန်တဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ ကူညီပေးနိုင်တာကို ထည့်သွင်းစဉ်းစားပါ။ ချိတ်ဆက်မှုမှာ အဆင်ပြေစေဖို့ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ဦးနဲ့ စမ်းသပ်ခေါ်ဆိုမှုကို လုပ်ဆောင်ထားပါ။ အွန်လိုင်းမှဖြေဆိုပေမယ့်လည်း အဝတ်အစားကို သပ်ရပ်စွာဝတ်ဆင်ပါ။ ဒီအချက်က မိမိကို တွေ့ဆုံမေးမြန်းသူမှ အထင်ကြီးစေရုံသာမက မိမိကိုယ်ကိုယ် ယုံကြည်မှုဖြစ်စေပါတယ်။ Background ကို ရှင်းနေပါစေ။ မိမိနေထိုင်ရာနေရာရဲ့ သန့်ရှင်းပြီး တိတ်ဆိတ်တဲ့ နေရာကိုရှာပါ။ ဆွေးနွေးနေချိန်မှာ မိမိနောက်မှလမ်းဖြတ်လျှောက်ခြင်း ဒါမှမဟုတ် ကျယ်လောင်တဲ့ ဆူညံသံများ ထွက်ပေါ်လာခြင်း မရှိစေဖို့ အိမ်မှတခြားလူများကို ကြိုတင်ပြောပြထားပေးပါ။
ချိတ်ဆက်မှုနဲ့ အာရုံစူးစိုက်မှုတို့ကို တိုးပွားစေဖို့ ကင်မရာဖြင့် "မျက်လုံးချင်းဆုံအောင်" ပြုလုပ်ပါ။ အာရုံစူးစိုက်ပြီး သိသိသာသာ တက်ကြွနေပါစေ။ မိမိမှာ စိတ်အားထက်သန်မှုရှိကြောင်း အင်တာဗျူးသူကို ပြသဖို့နည်းလမ်းတစ်ခုမှာ တက်ကြွစွာနားထောင်ခြင်း ဖြစ်ပါတယ်။ စကားပြောနေစဉ်မှာ နားလည်မှုရှိကြောင်း ခေါင်းညိတ်ခြင်း၊ လိုအပ်တဲ့အခါမှာ ရှင်းလင်းတဲ့ မေးခွန်းများကိုမေးပါ။ ဒါ့အပြင် လက်ဖြင့် မှတ်စုများ မှတ်သားထားပါ။ ကျယ်လောင်စွာစာရိုက်ခြင်းဖြင့် စကားဝိုင်းကို မနှောင့်ယှက်ဘဲ ချရေးနိုင်စေဖို့ မှတ်စုစာအုပ်ကို အနီးအနားမှာထားပါ။ တချို့ Tab များကို အသင့်ပြင်ထားပြီး လိုအပ်လာပါက Screen share ခွင့်တောင်းပါ။ အင်တာဗျူးသူကို မေးခွန်းများဖြင့် စိတ်ဝင်စားမှုကို ပြသပါ။
(မေးခွန်းနမူနာကောင်းတချို့ကို https://joinhandshake.com/blog/students/how-to-answer-when-an-interviewer-asks-if-you-have-any-questions/ မှာ ရှာတွေ့နိုင်ပါတယ်။)
https://www.coursera.org/articles/zoom-interview-tips
Dr. Thel Seint Aye
B.C.Sc, CU (MDY), B.C.Sc (Hons), CU (MDY)
M.C.Sc, CU (MDY), Ph.D (IT), (U.C.S.M)
Latest Articles
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
4 days ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
4 days ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
4 days ago
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 weeks ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
3 weeks ago
