" My Experiences from the Corporate Training "
မြန်မာပြည်မှာရှိတဲ့ ကုမ္ပဏီတွေထဲက၊ ကုမ္ပဏီပေါင်း ၆၀ ခန့်မှာ Corporate Training ပုံစံနဲ့ Customized Training တွေကို Sharing လုပ်ပေးခဲ့ပါတယ်။ ဒီထဲမှာ Group Company လေးခုအပါအဝင်၊ ပုဂ္ဂလိကဘဏ်၊ ပုဂ္ဂလိကပညာရေးအဖွဲ့အစည်း၊ ပုဂ္ဂလိကဆေးရုံတွေပါပါတယ်။
အစိုးရအဖွဲ့အစည်းတချို့လည်းပါပါတယ်။ ကုမ္ပဏီအမျိုးအစားတွေကတော့ Manufacturing, Trading, Service လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေ ပါဝင်ကြပါတယ်။ တက်ရောက်လေ့လာသူတွေကတော့ MD, BODs တွေအပါအဝင် Top Management, Middle management, Front-line Management, Supervisor စသဖြင့် သူ့အပိုင်းနဲ့သူ အလွှာစုံ တက် ရောက်ကြပါတယ်။
ဒီအတွေ့အကြုံတွေကနေပြီး၊ မှတ်သားစရာတွေကို မျှဝေပေးချင်ပါတယ်ရှင်။ ဒီအချက်တွေဟာ ကျွန်မရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သုံးသပ်ချက်တွေဖြစ်လို့ အားလုံးကို ကိုယ်စားမပြုပါဘူးလို့ ကြိုတင်ပြီးပြောပါရစေရှင့်။ ပြီးတော့ အဆိုးမြင်ပြီးရေးတာမဟုတ်ဘဲ၊ လိုအပ်သလို ပြုပြင်နိုင်ဖို့အတွက် အပြုသဘောနဲ့ ရေးတာဖြစ်ပါကြောင်း ကြိုတင်ပြောချင်ပါတယ်ရှင်။
တွေ့ရှိချက်နဲ့ဖြေရှင်းနိုင်တဲ့ အကြံပြုချက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ကျွန်မတို့ဆီက ကုမ္ပဏီ၊ လုပ်ငန်းတော်တော်များများမှာ ပိုင်ရှင်က အစမှသည် အဆုံးထိပါဝင်နေကြပါတယ်။ Authority, Responsibility, Accountability ဆိုတဲ့ Delegation Triangle ကို တိတိကျကျအသုံးချနိုင်မှု အားနည်းပါတယ်။
၂။ အချို့လုပ်ငန်းရှင်တွေက Management by Emotion (MbE) ကို ကျင့်သုံးနေကြပါတယ်။ အကျိုးအ ကြောင်းတွေ ဘယ်လိုဘဲဖြစ်နေပါစေ၊ သူတို့ရဲ့ စိတ်ခံစားမှုအတိုင်းဘဲ ဆုံးဖြတ်ကြပါတယ်။
၃။ အစည်းအဝေးလုပ်ရာမှာလည်း Effective Meeting သိပ်မဖြစ်သေးပါဘူး။ ထိုနည်းတူ Report Writing, Meeting Minutes Writingမှာလည်း အားနည်း ချက်ရှိနေသေးတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။ အကြောင်းပြ ချက်မခိုင်လုံဘဲအစည်းအဝေးခေါ်တာမျိုး၊ တက်ဖို့မလိုတဲ့သူတွေကို တက်ပြီးနားထောင်ခိုင်းတာမျိုး၊ အချိန်မီပြီးအောင် Organize and Management မလုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
၄။ Organizational Structure သေသေချာချာ၊ ပုံစံတကျ မဖြစ်နေတဲ့ လုပ် ငန်းလည်းရှိပါတယ်။ ရှိနေလည်း ဒီ Structure အတိုင်းမလိုက်ဘဲ၊ ကိုယ့်သ ဘောနဲ့ (တာဝန်ရှိတဲ့ဌာနမှူးတွေကို မတိုင်ပင်၊ မပြောပြဘဲ) ဝန်ထမ်းတွေကို တိုက်ရိုက်တာဝန်ပေးတာမျိုးလည်းရှိပါတယ်။ ဒီအခါမှာ တာဝန်ရှိတဲ့ (ဥပမာ သက်ဆိုင်ရာဌာနမှူးတွေက သူ့အောက်က ဝန်ထမ်းတွေကို ပြောဆိုတာဝန်ပေးရတာ အဆင်မပြေတော့ပါဘူး။ ဝန်ထမ်းတွေက ဌာနမှူးတွေကို သိပ်ဂရုမစိုက်ကြတော့ပါဘူး။
၅။ အလုပ်စဝင်လာတဲ့ဝန်ထမ်းတွေကို Orientation ပေးဖို့အတွက် အချိန်ကုန်မခံချင်တော့ပါဘူး။ ဒီတော့ ဝန်ထမ်းက လုပ်ငန်းရဲ့ Vision, Mission တွေမသိကြတော့ပါဘူး။ အချို့လုပ်ငန်းတွေမှာ အတော်ရာထူးမြင့်တဲ့သူတွေတောင် ဒါတွေကို မသိကြတာမျိုးတွေ၊ မေ့နေတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ Vision ဆိုတာ လုပ်ငန်းတစ်ခုရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တာမို့ လူတိုင်းသိထားရမှာပါ။ မေ့တာမဖြစ်သင့်ပါဘူး။ ဒါက လုပ်ငန်းကဖြစ်ချင်တဲ့ အနာဂတ်ပန်းတိုင် ဖြစ်ပါတယ်။ ပန်းတိုင်ကိုမသိရင်၊ ဝေဝေဝါးဝါးဖြစ်နေရင် ၊ ဘယ်လိုစိတ်ဓါတ်တွေနဲ့ သွားကြမလဲရှင်။လုပ်ငန်းဘက်ကမပြောရင်လည်း ဝန်ထမ်းက သိအောင် လုပ်ရမှာပါ။ ကိုက်တက်စီးမယ့် ကားက ဘယ်ကိုဦးတည်ပြီးသွားနေလဲဆိုတာကို သိချင်စိတ်ရှိဖို့နဲ့ သိအောင်လုပ်နိုင်တဲ့ အရည်အချင်း ရှိရပါမယ်။
၆။ လုပ်ငန်းမှာ ဝန်ထမ်းတွေအားလုံးအတူတူခံယူပြီး ညီညွတ်စွာ လက်တွဲလုပ်ရမယ့် Organizational Culture လို့ခေါ်တဲ့ Value ဆိုတဲ့ ခံယူချက်၊သဘော ထား ရှိဖို့လိုပါတယ်။ ရှိပြီးရင်လည်း လက်တွေ့ကျင့်သုံးဖို့ လိုပါတယ်။
၇။ ခုခေတ်မှာတော့ Mid-level management တွေနဲ့ အချို့သော ငယ်ရွယ်တဲ့ Owners, Top Management တွေက ခေတ်နဲ့အညီ Learning လုပ်လာကြပါပြီ။ ဒီတော့ ပြုပြင်ပြောင်းလဲစရာတွေကို မြင်လာကြပါတယ်။ အရှိန်ကိုမြှင့်ချင်လာကြပါတယ်။ သို့သော် ဒီလို Learning မလုပ်ကြတဲ့ Management အဖွဲ့တွေက (အထူးသဖြင့် Old Model Management တွေက) ပြုပြင်ပြောင်းလဲချင်သူတွေအတွက် အတားအဆီးတွေ ဖြစ်လာစေပါ တယ်။ Owner တွေက မိဘတွေဖြစ်ပြီး၊ သားသမီးတွေက Top Management အဖြစ်ဝင်လုပ်ကြတဲ့ လုပ်ငန်း တချို့ မှာ ဒီလိုအခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။
၈။ ပြီးတော့ Mid-level, Junior-level Management တွေက ခုခေတ်မှာဆို M.B.A လိုမျိုးစီမံခန့်ခွဲမှုပညာတွေ၊ ခေါင်းဆောင်မှုပညာတွေကို လေ့လာသင်ယူလာကြတော့ ခေတ်အမြင်တွေရှိလာပြီး ပြုပြင်ပြောင်းလဲမှု တချို့ကို လုပ်ချင်ပေမယ့်၊ တကယ့် Operators တွေဖြစ်တဲ့ အောက်ခြေဝန်ထမ်းတွေက Learning မှာအားနည်းကြတော့ အပေးအယူ မမျှကြတော့ဘဲ ဖြစ်နေပါတော့တယ်။
၉။ အဖွဲ့အချင်းချင်းကြားမှာလည်း ချိတ်ဆက်လုပ်ဆောင်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေအားနည်းကြပါတယ်။ ဒီတော့ အဖွဲ့အချင်းချင်း Meeting လုပ်ဖို့အတွက် လူကြီးတစ်ယောက်ယောက်က၊ ဆိုင်ဆိုင်မဆိုင်ဆိုင် Meeting လိုက်တက်ပေးနေရပါတယ်။ ဒီအခါမှာ သူ့ရဲ့ Productive Time ကို ထိုခိုက်သွားစေပါတယ်။
၁၀။ ပြီးတော့ တာဝန်အရှိဆုံးလူက အချိန်ကို မလေးစားတာမျိုး ဖြစ်နေတတ်ပါတယ်။ ပြောချင်တာက တာဝန်အရှိဆုံးလူက ပိုင်ရှင်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအခါမှာ သူက ဝန်ထမ်းတွေအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို သူလိုက်နာစရာမလိုဘူးဆိုပြီးတော့ ခေါင်ကနေစပြီး ပေါက်ပါတော့တယ်။ အဲဒီလိုဆိုရင် ဝန်ထမ်းတွေက စည်းကမ်းကို မလွှဲသာလို့ လိုက်နာရတဲ့ပုံစံမျိုးနဲ့ဘဲလုပ်ကြပါတော့တယ်။ Commitment အားနည်းသွားပါပြီ။
Daw Aye Aye Win
B.Com (Hons), M.Com (YIE),
Diploma in English, M.A (International Business Studies) (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
