Minimalism vs. Frugality
Minimalism ဆိုတာ'ရှုပ်ထွေးမှုတို့မှလွတ်ကင်းခြင်း' ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် 'LESS is MORE' နည်းနည်းနဲ့ကောင်းကောင်း သုံးစွဲခြင်းဖြစ်ပါတယ်။ လိုအပ်သလောက်သာ နည်းနည်းနဲ့ကောင်းကောင်းစားမယ်၊ ဝတ်မယ်၊ လုံလောက်တဲ့အကျယ်အဝန်းပမာဏရှိတဲ့ နေထိုင်စရာနေရာမှာနေမယ်။ အများကြီး မတန်တဆမစားဘူး၊ မလိုအပ်တဲ့အဝတ်တွေမဝယ်ဘူး၊ နေစရာအတွက် ကြီးမားကျယ်ပြန့်လွန်းတဲ့ အဆောက်အဦးတွေမလိုဘူး။ ဒီလိုနည်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အထောက်အကူဖြစ်စေသလို ကာယကံရှင်အတွက်လည်း ရိုးရှင်းတဲ့ဘဝနေထိုင်မှုပုံစံ ဖြစ်စေပါတယ်။
Frugality ဆိုတာ ကိုယ့်ရဲ့အစားအသောက်အသုံးအဆောင်တွေအတွက် အတတ်နိုင်ဆုံး၊ ငွေကုန်ကြေးကျ အသက်သာဆုံးဖြစ်အောင် ချွေတာသုံးစွဲခြင်းဖြစ်ပါတယ်။ နှိုင်းယှဉ်ပြောရရင်တော့ Minimalism က quality ကိုပိုအဓိကထားပြီး Frugality ကတော့ quantity ကို ပိုပြီးအဓိကထားတဲ့သဘော ဖြစ်ပါတယ်။ နှစ်မျိုးစလုံးကတော့ 'နည်းနည်းနဲ့ကျဲကျဲဝိုင်း' တဲ့သဘောပါပဲ။ COVID 19 မှာ လူတွေရဲ့ အတွေးအခေါ်နဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားကြပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံကလူတွေက Frugal living style ကို နှစ်သက်လာကြပါတယ်။
Frugality က future-oriented ပိုပြီးဖြစ်ပါတယ်။ Spending ကိုလျှော့ချပြီး saving တိုးလာအောင်၊ အနာဂတ်အတွက်ပြင်ဆင်လိုတဲ့သဘော ဖြစ်ပါတယ်။ Minimalism ကတော့ present-oriented ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာကို စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့အတွက် လိုသလောက်ကိုပဲ ဝယ်ယူသုံးစွဲခြင်းဖြင့် ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်အောင်ကြိုးစားနေထိုင်တာ ဖြစ်ပါတယ်။ Minimalist တွေဟာ နည်းနည်းနဲ့ကောင်းကောင်းစားတယ်၊ ဝတ်တယ်၊ နေထိုင်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေလည်း အများကြီးရှိစရာမလိုတော့ဘဲ စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ မိတ်ဆွေ (၅)ယောက်လောက်နဲ့ နေထိုင်ရတာပိုပြီးနှစ်သက်ပါတယ်။
ယေဘူယျအားဖြင့် လူငယ်တွေက Frugality ကို ပိုနှစ်သက်နိုင်ပါတယ်။ သူတို့မှာအနာဂတ်တွေရှိကြပြီး ဝင်ငွေလည်းအသင့်အတင့် ဒါမှဟုတ် နည်းကြသေးတာကြောင့်ပါ။ ဝင်ငွေ ဒါမှမဟုတ် စုဆောင်းငွေ ပိုရှိကြတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကတော့ Minimalism ကို ပိုနှစ်သက်ကြမယ်လို့ထင်ပါတယ်။ (ကျွန်မရဲ့ပဂ္ဂလိကထင်မြင်ယူဆချက်သာဖြစ်ပါတယ်)။ နှစ်မျိုးစလုံးကို သူ့နေရာနဲ့သူ အဆင်ပြေ အကျိုးရှိစွာသုံးနိုင်ရင် ပိုပြီးအကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။
26.11.22 နေ့တွင် Commerce Graduates' Association အတွက် ဆွေးနွေးဖြစ်သော Minimalism through Lean Management မှကောက်နုတ်ဖော်ပြချက်ဖြစ်ပါသည်။
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
