Marketing ရဲ့ Dark Side
Marketing ဟာ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေအတွက် မရှိမဖြစ်ကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတယ်။ Marketingရဲ့ အဓိကရည်ရွယ်ချက်ဟာ target ထားထားတဲ့ customer တွေနဲ့ ဆက်သွယ်ဖို့၊ မိမိရဲ့ product ဒါမှမဟုတ် serviceရဲ့ information ကို အသေးစိတ်ပေးသိဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ လုပ်ငန်းတွေဟာ အမြတ်ထွက်ဖို့ တစ်ခုတည်းအတွက်နဲ့ ကျင့်ဝတ်နဲ့မညီတဲ့ ချဉ်းကပ်မှုမျိုးတွေ လုပ်ဆောင်ခဲ့ပြီး consumer တွေကို ထိခိုက်စေတာမျိုးတွေပါ ဖြစ်လာစေခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ Marketing ရဲ့ Dark Side အကြောင်းကို တချို့လုပ်ငန်းတွေ သုံးခဲ့ကြတဲ့နည်းလမ်းတွေနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
၁။ အချက်အလက်လိမ်လည်ဖော်ပြမှုများ
လုပ်ငန်းတွေဟာ မိမိရဲ့ productကို consumer တွေ ဝယ်ယူချင်အောင်၊ အသုံးပြုချင်လာအောင် အချက်အလက် အမှားတွေပေးပြီး ဆွဲဆောင်တာမျိုးတွေကို ပြုလုပ်လာကြပါတယ်။ ဒီနည်းလမ်းကို ယနေ့ခေတ်မှာ တစ်ပွဲတိုး လောဘသမားတွေ အတော်များများ အသုံးပြုနေကြပါတယ်။ မြန်မာနိုင်ငံမှာလည်း Marketing idea အတော်ကောင်းကောင်းနဲ့ သွားတိုက်ဆေးကြော်ငြာတစ်ခု ရှိခဲ့ဖူးပါတယ်။ ဒီသွားတိုက်ဆေးကြော်ငြာမှာ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး သရုပ်ဆောင်တွေနဲ့ ဝယ်ယူချင်စိတ်ဖြစ်အောင်ဆွဲဆောင်ထားပြီး ရုပ်သံတွေမှာ ထပ်ခါထပ်ခါ ထုတ်လွှင့်ခဲ့ပါတယ်။ တကယ်တမ်း ဝယ်ယူသုံးစွဲကြတဲ့အချိန်မှာ သွားတိုက်ဆေးဟာ Quality တော်တော်လေး ညံ့နေပါတယ်။ ဒီသွားတိုက်ဆေး brand ဟာလည်း ဒီလိုသတင်းတွေ ထွက်လာချိန်မှာပဲ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါဟာ Marketing ကို အသုံးချပြီး မသမာတဲ့နည်းလမ်းနဲ့ ငွေတွေကို သဲ့ယူသွားခဲ့တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။
၂။ Consumer တွေရဲ့ အားနည်းချက်အပေါ် အမြတ်ထုတ်ခြင်း
တချို့လုပ်ငန်းတွေဟာ Consumer တွေရဲ့ ပျော့ကွက်ဖြစ်နိုင်တဲ့ အချက်အလက်တွေကို ကြော်ငြာတွေမှာ ဖိနင်းပြောဆိုပြီး insecurities တွေ ဖြစ်လာအောင် လှုံ့ဆော်ပါတယ်။ ဒီ insecurities တွေကို သူတို့ product က ဖြေရှင်းပေးနိုင်ပါတယ်ဆိုတဲ့ information မျိုးတွေနဲ့ ဝယ်ယူလာအောင် ဆွဲဆောင်ပါတယ်။ ယခုလို Ethic မရှိတဲ့ ကြော်ငြာအမျိုးအစားတွေကို ရုပ်သံတွေမှာ တွေ့ရနည်းပေမယ့် Social Platform တွေပေါ်မှာတော့ ပလူပျံနေအောင် တွေ့လာရပါတယ်။ မြန်မာနိုင်ငံရဲ့ Social Media တွေပေါ်က ဆေးလိပ်၊ ဘီယာ ကြော်ငြာတွေမှာ ဒါမျိုးတွေ တွေ့ရတတ်ပါတယ်။ စိတ်ဓာတ်ကျစရာတွေ၊ မွန်းကြပ်မှုတွေကို သူတို့ product တွေက ဖြေရှင်းပေး နိုင်ပါတယ်ဆိုတဲ့ information မျိုးပေးတာက အတော်လေးကို toxic ဆန်ပါတယ်။ Body shaming ဆန်ဆန် content တွေကို အသုံးပြုထားတဲ့ unethical ဖြစ်တဲ့ ကြော်ငြာအမျိုးအစားမျိုးတွေ မြန်မာနိုင်ငံရဲ့ social media တွေပေါ်မှာ မှိုလိုပေါက်နေတာဟာလည်း အတော်လေး စိတ်မချမ်းမြေ့စရာပါ။
၃။ User ရဲ့ privacy ကို ချိုးဖောက်အသုံးပြုခြင်း
ဒီနည်းလမ်းကတော့ ကိုယ်တိုင်လည်း ကြုံတွေ့ဖူးကြမယ်လို့ ထင်ပါတယ်။ Google မှာ လိုချင်တဲ့ product တစ်ခုကို search လုပ်ပြီး ရှာကြည့်တဲ့အခါ သိပ်မကြာခင်မှာပဲ Google မှာ တက်လာတဲ့ Ads တော်တော်များများဟာ မိမိရှာခဲ့တဲ့ product နဲ့ သက်ဆိုင်တဲ့အရာတွေ ဖြစ်သွားတာကို သတိထားမိဖူးကြ ပါလိမ့်မယ်။ ဒီကိစ္စ Search Engine လိုနေရာမျိုးမှာ ဖြစ်တာက suggestion ပေးတာလို ခံစားမိပေမယ့် Facebook လို platform မှာ ကြုံနေရတာက တော်တော်လေးကို ခံရခက်တဲ့ကိစ္စပါ။ Messenger ကနေ မိမိ ဘယ် product ကို လိုချင်ကြောင်း တခြားသူငယ်ချင်းတစ်ယောက်ဆီ ပို့မိတဲ့အခါ Facebook ရဲ့ Newsfeed မှာ ဒီ product နဲ့ အလားတူ product မျိုးတွေ sponsored post အနေနဲ့ တောက်လျှောက်တက်လာတာကို ကြုံဖူးကြမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Facebook ဟာ advertising တွေအတွက် user တွေရဲ့ privacy ကို ချိုးဖောက်အသုံးပြုနေလားဆိုတဲ့ မေးခွန်းထုတ်မှုမျိုးတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။
ဒါတွေကတော့ consumer တော်တော်များများ ကြုံတွေ့နေရတဲ့ unethical ဖြစ်တဲ့ Marketing နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီလို ကျင့်ဝတ်နဲ့မညီတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဟာ consumer တွေအပေါ် ထိခိုက်ရုံတင် မကဘဲ ရေရှည်မှာ မိမိရဲ့လုပ်ငန်း image ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဆန်းသစ်တဲ့ idea တွေပါတဲ့ content တွေ campaign တွေနဲ့ သိက္ခာရှိရှိ ရပ်တည်ခြင်းကသာ မိမိလုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့ အဖြေဖြစ်ပါတယ်။
Sai Zar Ni Tun
SFU Media Club
Undergraduate Programme
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
