‘’ လူငယ်များနှင့် Motivation ဆိုတဲ့စိတ်ခွန်အား”
Motivation ဆိုတဲ့ စိတ်ခွန်အားက 'end' ဆိုတဲ့ ရလဒ်တစ်ခုမဟုတ်ဘဲ၊ 'means' ဆိုတဲ့ အဲ့ဒီရလဒ်ကိုရချင်တဲ့ ခံစားချက်နဲ့ ရအောင်လုပ်ဖို့ တွန်းအားပေးမှု၊ တစ်နည်းအားဖြင့် 'စိတ်ခွန်အား'တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ 'အားရှိမှအလုပ်ကောင်းကောင်း လုပ်နိုင်မယ်' ဆိုပါစို့။ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ဆိုတာ 'end' ဖြစ်ပြီး၊ အားရှိဖို့ဆိုတာက 'means' တစ်ခုဖြစ်ပါတယ်။ ဒီလိုအားရှိဖို့အတွက် 'အားဆေးထိုး' လိုက်တာဟာ Motivation ပဲဖြစ်ပါ တယ်။
Motivation နှစ်မျိုးရှိပါတယ်။
1. Extrinsic motivation
2. Intrinsic motivation တို့ဖြစ်ကြပါတယ်။
Extrinsic motivation ဆိုတာ လိုချင်တဲ့ရလဒ်ကိုရဖို့အတွက် လိုအပ်တဲ့စိတ်ခွန်အားကိုရဖို့၊ 'ပြင်ပက ပံ့ပိုးမှုနဲ့ယူတာ၊ သူများအကူအညီကိုယူတာ'ဖြစ်ပါတယ်။ အလုပ်ကောင်းကောင်း လုပ်ဖို့၊ အားရှိဖို့အတွက် 'အားဆေးထိုးပြီးအကူအညီယူ'သလိုပဲ ဖြစ်ပါတယ်။ Intrinsic motivation ဆိုတာက ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားပေးတာ၊ စိတ်ဓါတ်မြှင့်တာ၊တွန်းအား ပေးတာပဲ ဖြစ်ပါတယ်။ 'ပြင်ပတွန်းအားကြောင့်မဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် တွန်းအား ပေးတာ'ဖြစ်ပါတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့၊ အားရှိဖို့အတွက်' ကိုယ့်ကိုယ်ကိုယ် အားရှိအောင် အစားအသောက်၊ အနေအထိုင် ဂရုစိုက်ပြီး အားမွေးတာမျိုး' ဖြစ်ပါတယ်။ Extrinsic motivation နဲ့ Intrinsic motivation မှာ Extrinsic motivation က ပြင်ပမှ သက်ရောက်အားဖြစ်တဲ့အတွက် စိတ်ခွန်အားပြည့်ဖို့ ပိုပြီးမြန်ဆန်လွယ်ကူစေပေမယ့်၊ ပြင်ပ အကူအညီအပေါ်မှီခိုနေရတာမို့ ပြင်ပသက်ရောက်မှုမရတော့ရင် စိတ်ဓာတ်မြန်မြန်ပြန်ကျ သွားတတ်ပါတယ်။ Intrinsic motivation က ကိုယ်တိုင်မွေးမြူရတဲ့စိတ်ခွန်အားဖြစ်တာမို့ ဖြစ်တည်ဖို့ကြာနိုင်ပေမယ့် လွယ်လွယ်နဲ့ပြန်မကျတတ်ပါဘူး။ 'Mature and Internal locus of control' ရှိတဲ့သူတွေမှာ ဒီလို motivation မျိုးရှိတတ်ပါတယ်။ Researcher တွေ ပြောထားတဲ့ motivation ရဲ့ components 3 ခုရှိပါတယ်။
1. Activation
2. Persistence
3. Intensity တို့ဖြစ်ပါတယ်။
Activation ဆိုတာ တစ်ခုခုကိုစတင်လုပ်ဆောင်ဖို့တွန်းအားပေးတာဖြစ်ပါတယ်။ဒီလကုန်ရင်
ကိုယ်အလေးချိန်ချတာစလုပ်တော့မယ်ဆိုတဲ့ 'တစ်ခုခုကို စလုပ်ဖြစ်အောင် တွန်းအား ပေးတာ'မျိုး ဖြစ်ပါတယ်။ Persistence ဆိုတာ အခက်အခဲရှိပေမယ့် လိုချင်တဲ့ရလဒ်ကိုရဖို့ လုပ်စရာရှိတာကို 'စွဲစွဲမြဲမြဲဇွဲနဘဲနဲ့လုပ်ဖို့တွန်းအားပေးတာ'ကို ပြောတာဖြစ်ပါတယ်။ Intensity ဆိုတာ 'ပြင်းပြင်းထန်ထန်လုပ်ဖြစ်အောင် တွန်းအားပေးတာ' ဖြစ်ပါတယ်။
ဥပမာ ....
* ကိုယ်အလေးချိန်စတဲ့အစီအစဉ်ကိုသေချာပေါက် စပြီးလုပ်တော့မယ်။
* လိုချင်တဲ့အလေးချိန်မရမချင်း နေ့တိုင်းလုပ်မယ်။
* အစီအစဉ်မှာပြောထားတဲ့အတိုင်း အလျှော့အတင်းမရှိ တိတိကျကျ လုပ်မယ်။ ဒါတွေက Activation, Persistence, Intensity တို့ကို ပေါ်လွင်အောင်ဖော်ပြထားတာဖြစ်ပါတယ်။ Motivation တစ်ခုတည်းနဲ့ ရလဒ်ကို ရနိုင်တယ်လို့တော့ သေချာပေါက်မပြောနိုင်ပါဘူး။ လူတွေဟာ အစပိုင်းမှာ လိုချင်မှုတစ်ခုခုအတွက် motivation ရှိပေမယ့် ကြာလာတာနဲ့အမျှ စိတ်ဓာတ်ကျသွားတတ်ပါတယ်။ သုတေသနပြုချက်တွေအရ motivated ဖြစ်နေတဲ့ လူတစ် ယောက်က တစ်ခုခုကို စမလုပ်ဖြစ်သေးရင် ၆လကြာတဲ့အခါမှာ demotivated ဖြစ်သွားတတ် ပါတယ်။ ဒါကြောင့် လိုချင်တဲ့ရလဒ်ကိုရဖို့အတွက် motivation အပြင် Self-discipline ရှိဖို့လည်းလိုပါတယ်။ 'Motivation' က 'soft approach' ဖြစ်ပြီး၊ 'Self-discipline' က 'hard approach' ဖြစ်ပါတယ်။
လူတွေဟာ အသက်ကြီးလာတာနဲ့အမျှ တစ်ခုခုဖြစ်ချင်တယ်ဆိုတာတွေ နည်းလာလို့ (လုပ်နိုင်စွမ်းအားတွေ နည်းသွားလို့ရယ်၊ စိတ်ကိုလျှော့လိုက်တာကြောင့်လည်း ဖြစ်နိုင်ပါ တယ်။) motivation လည်းအရှိန်နည်းသွားနိုင်တာကြောင့် ငယ်ရွယ်စဉ်၊ ကျန်းမာစဉ်မှာ ဘဝတိုးတက်အောင်မြင်ဖို့အတွက် လုပ်ချင်တာ ဖြစ်ချင်တာ တစ်ခုခုထားရှိကြပြီး motivation ရှိပြီးလုပ်နေသင့်ပါတယ်။
• Motivation ရဲ့ ကြီးစွာသောရန်သူက ပျင်းရိခြင်းဆိုတဲ့ laziness ဖြစ်ပါတယ်။
• ပျင်းရိတဲ့လူတွေမှာ ဆင်ခြေဆိုတဲ့ excuses တွေအမြဲရှိနေတတ်ပါတယ်။ ဒါကြောင့်.... ပျင်းရိခြင်းမှလွတ်မြောက်အောင်ကြိုးစားပြီး၊ ဖြစ်ချင်တဲ့အရာတစ်ခုခုအတွက် Motivation နဲ့
Self-discipline ကို အသုံးချပြီး၊ ငယ်ရွယ်စဉ်မှာကြိုးစားလုပ်ကိုင်ခြင်းဖြင့် ရေရှည်အောင်မြင် မှုရရှိသော လူငယ်လူရွယ်များဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်။
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies),(Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
