လုပ်ငန်းများက နိုင်ငံတကာပွဲတော်တွေမှာ လုပ်ဆောင်တဲ့ စျေးကွက်နည်းဗျူဟာများ
နာမည်ကြီး လုပ်ငန်းတော်တော်များများဟာ သူတို့ Brand Image ပိုတက်လာစေဖို့၊ ဝယ်သူတွေနဲ့ ပိုမိုချိတ်ဆက်မှုရှိစေဖို့အတွက်နဲ့ ရောင်းအားပိုမိုမြင့်မားလာဖို့အတွက် ပွဲတော်တွေမှာ သူတို့ရဲ့ စျေးကွက် နည်းဗျူဟာများစွာကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အကောင်အထည်ဖော်ကြလေ့ရှိပါတယ်။ ပွဲတော်တွေမှာ ပြိုင်ဘက်လုပ်ငန်းတွေနဲ့ မတူညီတဲ့ စျေးကွက်နည်းဗျူဟာများကို အသုံးပြုခြင်း အားဖြင့် ကိုယ့် customer ရဲ့ စိတ်ဝင်စားမှုတွေကို ပွဲတော်နဲ့တွဲလျက် လုပ်ငန်းတွေက ရရှိစေမှာ ဖြစ်ပါတယ်။ လုပ်ငန်းများစွာထဲက သိသာထင်ရှားတဲ့ တချို့ လုပ်ငန်းတွေရဲ့ ပွဲတော်များနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်မှုများကို တင်ပြလိုက်ပါတယ်။
Coca Cola ဟာ သူ့ရဲ့ Marketing Campaign များကို လူကြိုက်များတဲ့ Coachella တို့ Bonnaro တို့ Music Festival တွေမှာ Stage Sponsor ပေးတာတွေ လုပ်ပါတယ်။ ပွဲတော်အတွင်း သူတို့ရဲ့ အမှတ်တံဆိပ်ပါတဲ့ ဆိုင်းဘုတ်တွေ၊ အရုပ်တွေကို ပွဲတော်တစ်ခုလုံးမှာ မြင်သာအောင်လုပ်ပြီး ဒီပွဲတော်တွေနဲ့ သူတို့အမှတ်တံဆိပ်ကိုပါ တွဲမြင်အောင်နဲ့ တခြားသော နည်းဗျူဟာပေါင်းများစွာကို သုံးပြီး လုပ်ငန်းအတွက် အကျိုးအမြတ်ရအောင်၊ ကုန်ပစ္စည်းကို စျေးဝယ်သူများ ပိုမိုသိမြင်လာအောင် လုပ်ကြပါတယ်။
အားဖြည့်အချိုရည်ထဲမှာ Red Bull ဟာ မသိသူမရှိတဲ့ အမှတ်တံဆိပ်ဖြစ်ပြီး Sport Event တော်တော်များများနဲ့ X Games ပြိုင်ပွဲတွေမှာ ပွဲတော် Sponsor အနေနဲ့ အားဖြည့်ရင်း ကမ္ဘာတစ်ဝန်း ပရိသတ်များကို သူရဲ့ထုတ်ကုန်ကိုသိအောင် လုပ်ဆောင်ပါတယ်။ ဝယ်သူရဲ့လိုအပ်ချက်နဲ့ မိမိတို့ product နဲ့ချိတ်ဆက်မိအောင်လုပ်နိုင်တဲ့အပြင် Marketing Content သုံးရာမှာလည်း အင်မတန် အားကောင်းတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
Nike ဟာ ကမ္ဘာနဲ့တစ်ဝန်း အားကစားပြိုင်ပွဲများနဲ့ မာရသွန်ပြိုင်ပွဲများမှာ Sponsor အနေနဲ့ ပါဝင်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲများဖြစ်မြောက်အောင် စွမ်းဆောင်ပေးတဲ့ အဖွဲ့အစည်းများနဲ့လည်း မိတ်ဖက်လုပ်ပြီး အဲ့ဒီပွဲများမှာ သူတို့ရဲ့ Nike Product နဲ့ အားကစားပွဲများကိုပါ တွဲပြီးမြင်သာလာအောင် လုပ်ထားနိုင်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
Lush Cosmetics က UK product တစ်ခုဖြစ်ပြီး သူတို့ထုတ်ကုန်အများစုမှာ Handmade ဖြစ်တဲ့အပြင် သဘာဝသစ်သီးအစစ်များမှ ထုတ်လုပ်ထားပါတယ်။ တိရစ္ဆာန်များကိုသုံးကာ စမ်းသပ် လုပ်ဆောင်မှုကိုလည်းဆန့်ကျင်ပြီး ထုပ်ပိုးမှုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အကျိုးသက်ရောက်အောင် လုပ်ဆောင်ပါတယ်။ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနဲ့ ထိန်းသိမ်းမှုပွဲတွေမှာ Lush Cosmetics ကို တစ်ပါတည်းတွဲပြီး ဝယ်သူတွေမြင်သာအောင် အဲ့ဒီပွဲတော်တွေမှာ ပစ္စည်းများခင်းကျင်းပြသခြင်း Product Show များလုပ်ခြင်းကို လုပ်လေ့ရှိပါတယ်။
နည်းပညာနာမည်ကြီး တံဆိပ်များဖြစ်ကြတဲ့ Apple, Samsung နဲ့ Microsoft တို့မှ ကမ္ဘာနဲ့တစ်ဝန်း နည်းပညာပြပွဲများနဲ့ ဖိတ်ခေါ်ပွဲများနဲ့ လျှပ်စစ်ပစ္စည်းပြပွဲများမှာ ထိပ်ဆုံးမှနေရာယူ ဦးဆောင်ထားပါတယ်။ သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ ထုတ်ကုန်သစ်များကို မိတ်ဆက်ခြင်းများ၊ နည်းပညာ သစ်များကိုပါ ပြသခြင်းများ လုပ်ကြလေ့ ရှိပါတယ်။
စားသောက်ကုန်ထဲမှာဆိုရင် Nestle က product တွေဟာ နိုင်ငံတော်တော်များများက လက်ခံပြီး စားသုံးကြတာတွေ့ရမှာပါ။ Nestle ဟာဆိုရင် နာမည်ကြီး Food & Wine Festival တွေမှာ ဝင်ရောက် ပါဝင်ပြီး သူတို့ရဲ့ ထုတ်ကုန် အသစ်တွေကို လူပိုသိအောင် Sample ဝေတာတွေ၊ Promotion ပေးတာတွေ လုပ်ဆောင်ပါတယ်။ သုံးစွဲသူတွေရဲ့ စိတ်မှာစွဲထင်အောင် စားသောက်ကုန်ဆိုရင် Nestle ဆိုတဲ့ Brand ကို လူသိအောင် ငွေကြေးကုန်ကျခံပြီး လုပ်ဆောင်တာကို တွေ့ရမှာပါ။
Luxury Brand ဆိုတာနဲ့ မသိသူရှားလောက်တဲ့ Chanel, Gucci နဲ့ Prada တို့ဟာလည်း ကမ္ဘာတစ်ဝန်းက Fashion Weeks တွေဖြစ်တဲ့ New York Fashion Week နဲ့ Paris Fashion Week တွေမှာ ပါဝင်ကြပါတယ်။ သူတို့ရဲ့ ရာသီအလိုက် seasonal fashion collection တွေကို ပြသခြင်း၊ runway show တွေမှာ ပါဝင်ပြသခြင်းဖြင့် သူတို့ရဲ့ထုတ်ကုန်သစ်တွေကို ဝယ်သူတွေနဲ့ ပိုမိုထိတွေ့အောင် လှုံ့ဆော်ခြင်းများ ပြုလုပ်ကြလေ့ရှိတာကို တွေ့ရမှာပါ။
အဲ့ဒီပွဲတော်တွေမှာ လုပ်ငန်းက ချမှတ်ထားတဲ့ စျေးကွက်နည်းဗျူဟာကို အသုံးပြုဖို့အတွက် လုပ်ငန်းတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုများ၊ အချိန်ကာလတွက်ချက်ပြီး အစီအစဥ်များချမှတ်ခြင်း၊ ပွဲတော်ပြီးနောက်ပိုင်း ရောင်းအားတက်လာရင် ရောင်းချဖို့အတွက် ကုန်ပစ္စည်းများအဆင်သင့် ရှိနေအောင် ကြိုတင်လုပ်ဆောင်ခြင်းများလည်း လုပ်ဆောင်သင့်ပါတယ်။
လုပ်ငန်းတွေဘက်ကလည်း ကိုယ့်လုပ်ငန်းကပြုလုပ်ခဲ့တဲ့ စျေးကွက်နည်းဗျူဟာက တကယ် အကျိုးရှိ၊မရှိကို ပွဲတော်တွေပြီးသွားတဲ့နောက်ပိုင်း လုပ်ငန်းရဲ့ရောင်းအားနဲ့ Customer Demand ကို ကြည့်ပြီးလည်း သုံးသပ်နိုင်ပါသေးတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
လုပ်ငန်းခွင်အတွင်း ထိရောက်စွာ လုပ်ကိုင်နည်း (5S နည်းစနစ်)
4 days ago
Digital Transformation နှင့် မြန်မာနိုင်ငံ၏ အလားအလာ
4 days ago
အသင်းအဖွဲ့လိုက်လုပ်ဆောင်ခြင်းရဲ့အရေးပါပုံ
4 days ago
Kaizen - နေ့တိုင်းနည်းနည်းချင်း ပိုကောင်းအောင် လုပ်ကြစို့
2 weeks ago
အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးစီမံခန့်ခွဲမှုစနစ်များရဲ့ အခန်းကဏ္ဍ
3 weeks ago
