" ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုရဲ့ ကွာခြားချက် "
ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲ့မှုဟူသော အသုံးအနှုန်းများကို လုပ်ငန်းခွင်တွင် မကြာခဏအပြန်အလှန် အသုံးပြုကြပါသည်။ ခေါင်းဆောင်များနှင့် မန်နေဂျာများ လုပ်ဆောင်သည့် အလုပ်များကြားတွင် ထပ်တူကျနေသော်လည်း၊ သိသာထင်ရှားသော ကွဲပြားမှုများလည်းရှိနေပါသည်။ Harvard Business School Online နှစ်ပတ်လည်ကွန်ဖရင့်တွင် Harvard Business School ၏ Professor Nancy Koehn နှင့် Joe Fuller တို့ကခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုကြားအပြန်အလှန်ဆက်စပ်မှုကို အဓိပ္ပာယ်ဖွင့်ဆိုချက်များဖြင့် မျှဝေခဲ့ကြသည်။
Koehn က Harvard Business School ရဲ့ Professor John Kotter ၏ အ ချက်အလက်များကို ကိုးကားပြီး ခေါင်းဆောင်မှု၏ လုပ်ဆောင်ချက်များကိုသင့်လျော်စွာ အနက်ဖွင့်ကြောင်း ပြောကြားခဲ့သည်။ ခေါင်းဆောင်မှုဆိုသည်မှာ တိုးတက်ပြောင်းလဲမှုမရှိသော အကြောင်းအရာများကို နည်းဗျူဟာတွေကျော် လွှားပြီး အပြောင်းအလဲကိုဖန်တီးခြင်းဖြစ်သည်ဟု Koehn ကပြောကြားခဲ့သည်။
စီမံခန့်ခွဲမှု နှင့် ခေါင်းဆောင်မှု မည်သို့ ကွာခြားပါသနည်း
လုပ်ငန်းစဉ်နှင့် အမြင်
ထိရောက်သည့် ခေါင်းဆောင်မှုဆိုသည်မှာ ထိရောက်သည့် အပြောင်းအလဲကို လမ်းညွန်နိုင်ရန် အခြေပြုပါသည်။ မန်နေဂျာများသည် ဘတ်ဂျတ်လျာထားမှု၊ အဖွဲ့အစည်း ဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့် အပ်ခြင်းကဲ့သို့သော အကောင်အ ထည်ဖော်မှု၊ လုပ်ငန်းစဉ်များမှတစ်ဆင့် အဖွဲ့အစည်းဆိုင်ရာ ပန်းတိုင်မျာ ချမှတ်ထားရန်ဖြစ်သည်။
ခေါင်းဆောင်များသည် ရှေ့ကိုတွေးပြီး အခွင့်အလမ်းများကို အသုံးချရန်ပိုမိုစိတ်ဝင်စားကြသည်။ အဖွဲ့အစည်းတစ်ခုရဲ့ ပန်းတိုင်များကို အကောင်အ ထည်ဖော်ရန်အတွက် စီမံခန့်ခွဲမှုများကို တစ်ခြားဌာနများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု Harvard Business School ရဲ့ Dean ဖြစ်သော Nitin Nohriam က ပြောကြားခဲ့သည်။
စီမံခန့်ခွဲမှုသည် ရွေးချယ်ထားသော ပန်းတိုင်များကိုထိရောက်စွာ အကောင် အ ထည်ဖော်နိုင်ရန် အတွက် အခြားသူများနှင့်လက်တွဲလုပ်ဆောင်ရမည့် လုပ် ငန်းစဉ်ဖြစ်သည်။ ခေါင်းဆောင်မှုဆိုသည်မှာ ရည်မှန်းချက်များကို ပြီးမြောက် အောင်မြင်ရန်အတွက် လိုအပ်သည့်အရာများကို ပြုစုပျိုးထောင်ခြင်းဖြစ် သည်။
စုစည်းခြင်း နှင့် ချိန်ညှိခြင်း
On Becoming a Leader စာအုပ်တွင်ပညာရှင် Warren Bennis က မန်နေဂျာများနှင့် ခေါင်းဆောင်များကြား အဓိကကွဲပြားချက်များကို ဖော်ပြထားပါသည်။
• မန်နေဂျာက စီမံခန့်ခွဲပြီး ခေါင်းဆောင်သည် ဆန်းသစ်တီထွင်သည်။
• မန်နေဂျာက ယူဆချက်များကို ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းပြီး ခေါင်းဆောင်က ဤယူ ဆချက်များကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည်။
• မန်နေဂျာက စနစ်များနှင့်ဖွဲ့စည်းပုံများကိုအာရုံစိုက်လုပ်ဆောင်ပြီး ခေါင်းဆောင်က လူတွေကိုသာ အာရုံစိုက်သည်။
မန်နေဂျာများသည် ညှိနှိုင်းလုပ်ဆောင်မှုများနှင့် နည်းဗျူဟာပိုင်းဆိုင်ရာ လုပ် ငန်းစဉ်များ (သို့မဟုတ်) အချို့သော ရလဒ်များကိုရရှိရန် အဆင့်ဆင့် လုပ် ဆောင်ခြင်းဖြင့် ရည်မှန်းချက်များကို ပြီးအောင်လုပ်ဆောင်ကြပါသည်။
ခေါင်းဆောင်မှုအခန်းကဏ္ဍာတွင် သင်၏ အဓိကလုပ်ဆောင်ရမည့်အချက်မှာ တစ်ဦးချင်းနှင့် စုပေါင်းလုပ်ဆောင်ရမည့်တာဝန်များကို အကောင် အထည်ဖော်ရန်အတွက် အခြားသူများကို စည်းရုံးရန် ဖြစ်သည်ဟု Harvard Business School ရဲ့ Professor Anthony Mayo က အွန်လိုင်းသင်တန်း တစ်ခုဖြစ်သော Leadership Principles ဘာသာရပ်တွင်ပြောကြားခဲ့သည်။
ခေါင်းဆောင်မှုဆိုသည်မှာ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိသော ကိုယ်ပိုင်ခေါင်းဆောင်မှုပုံစံကို ပြုစုပျိုးထောင်နိုင်ခြင်းဖြစ်သည်။
ရာထူး နှင့် အရည်အသွေး
မန်နေဂျာဆိုသည်မှာ အမည်နာမတစ်ခုသာဖြစ်ပြီး ၎င်းသည် အခန်းကဏ္ဍာတစ်ခုနှင့် တာဝန်များကို လုပ်ဆောင်ရန် ခန့်အပ်ခြင်းခံရသည်ဟု Forbes၏ ခေါင်းဆောင်မှုနည်းပြတစ်ဦးဖြစ်သော Doc Norton ကပြောကြားခဲ့သည်။
မန်နေဂျာရာထူးရရှိခြင်းက ကျွန်တော်တို့ကို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာစေမှာ မဟုတ်သလို အကောင်းဆုံးမန်နေဂျာများသည် ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ၎င်းတို့နှစ်ဦးသည် တူညီမှုမရှိပါ။
ခေါင်းဆောင်မှုဆိုသည်မှာ လုပ်ဆောင်ချက်များရဲ့ ရလဒ်ကိုကြည့်ပြီး သတ်မှတ်ရတာ ဖြစ်ပါသည်။ သင်ဟာ တစ်ခြားသူတွေကို စိတ်အားထက်သန်မှု၊ အားပေး မှု (သို့မဟုတ်) ဆွဲဆောင်မှုမျိုး ဆောင်ရွက်နိုင်မည်ဆိုပါက သင်ဟာခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိင်သည်။ အဲ့တာက ကျွန်တော်တို့ ရရှိထားတဲ့ရာထူးနဲ့ သက်ဆိုင်မှု မရှိသလို အရေးလည်းမကြီးပါဘူး။
ခေါင်းဆောင်မှုဆိုသည်မှာ ပုံသဏ္ဍန်လို ပုံသွင်းထားသည့် အရည်အသွေးတစ်ခုဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ခံယူချက်များ၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်တင်ခြင်း၊ အခြားသူများကို လွမ်းမိုးနိုင်ရန်အတွက် သင်ယူခြင်းမှတစ်ဆင့် မိမိကိုယ်ကို ပိုမိုသိရှိနိုင်ရန်ဖြစ်သည်။ထူးချွန်ထက်မြက်သော မန်နေဂျာများအတွက် ခိုင်မာ သော ခေါင်းဆောင်မှု စွမ်းဆောင်ရည်ရှိခြင်းသည် ပိုမိုကောင်းမွန်သော လုပ်ငန်း ခွင်ကို ရရှိစေမည်ဖြစ်သည်။
Matt Gavin (Member of the marketing team at Harvard Business School online) ရဲ့ စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှုတို့၏ကွာခြားချက်များကို ဆီလျော်စွာ ဘာသာပြန်ထားသည်။
U Ah Zer Zarr Sar
DBL, LLB, BARS,
MBA(Assumption University, Thailand)
Latest Articles
ကောင်းမွန်တဲ့ IT Project Manager တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ
6 days ago
Startup လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုး
6 days ago
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
1 month ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
1 month ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
1 month ago
