" IQ + EQ + AQ = SUCCESS "
IQ နဲ့ EQ ကိုတော့ လူတော်တော်များများက သိနေပြီးသားဖြစ်လို့ အများကြီးမပြောတော့ပါဘူး။
ယေဘုယျအားဖြင့်ပြောရရင် IQ က လူတစ်ယောက်ရဲ့ဉာဏ်ရည် ဉာဏ်သွေးကိုတိုင်းတာခြင်းဖြစ်ပြီး EQ ကတော့ လူမှုဆက်ဆံရေးအရည်အချင်းကိုတိုင်းတာ ခြင်းဖြစ်ပါတယ်။
AQ ဆိုတာ Adversity Quotient or Adaptable Quotient ဖြစ်ပါတယ်။ လူတစ်ယောက်က ဘဝ မှာကြုံ တွေ့ရတဲ့အခက်အခဲတွေ ဒုက္ခတွေကို ဘယ် လောက်ထိ ခံနိုင်ရည်ရှိပြီးတော့ ရင်ဆိုင်ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိလဲ၊လိုက်လျောညီထွေပြောင်းလဲတုံ့ပြန်နိုင်စွမ်းရှိလဲ ဆိုတာကိုတိုင်းတာတဲ့စံညွှန်းတစ်ခုဖြစ်ပါတယ်။
Dr Paul Stoltz(Founder and CEO at PEAK Learning) ပြောထားတာက ဘဝမှာဘယ်လောက်ထိ အောင်မြင်လဲဆိုတာကို တိုင်းတာရာမှာ IQ နဲ့ EQ ထက် AQ ကပိုကောင်းတယ်လို့ပြောခဲ့ပါတယ်။AQ မြင့်တဲ့သူတွေဟာ ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲ (Obstacles)တွေကို အခွင့်အလမ်း (Opportunities) တွေအဖြစ် အသွင်ပြောင်းလိုက်နိုင်တဲ့သူတွေဖြစ်ပါတယ်။
ကျွန်မတို့ရဲ့နေ့စဉ် Personal and Professional lives တွေမှာ အခက်အခဲတွေ တစ်ခုပြီးတစ်ခုအမြဲတမ်းကြုံတွေ့ရပါတယ်။ ဒီအခက်အခဲအများစုကို ကျွန်မတို့က Control မလုပ်နိုင်ပါဘူး။
ကျွန်မတို့ လုံးဝ Control လုပ်နိုင်တဲ့အရာတွေကတော့ ...
• ဘယ်လိုပြန်တုံ့ပြန်ကြမလဲ။
• ဘယ်လိုလိုက်ညှိကြမလဲ ဆိုတာဘဲဖြစ်ပါတယ်။
အချို့သော Research Psychologists ပြောတာက လူတစ်ယောက်အနေနဲ့ ဘဝတလျှောက်လုံးမှာ အောင်မြင်မှုရဖို့ဆိုရင် IQ 20%၊ EQ 40% နဲ့ AQ 40% ပေါ်မှာမူတည်နေတယ်လို့ပြောကြပါတယ်။
IQ နဲ့ EQ တို့ရဲ့အခန်းကဏ္ဍကိုသိနေကြပြီးသားဖြစ်ကြလို့ ဒီနေရာမှာ AQ ကို အသားပေးပြီးပြောမှာ ဖြစ်ပါတယ်။AQ မြင့်ရင်လောကဓံတွေဘယ်လိုကြုံရကြုံရ ဘဝကိုစွန့်လွှတ်ဖို့ဆုံးဖြတ်တာမျိုး မလုပ်ဖြစ်တော့ပါဘူး။ ဒီနေ့ခေတ် ကာလအခြေအနေအရ AQ မြင့်ဖို့၊ ဘဝအခက်အခဲေတွကို တောင့်ခံနိုင်ဖို့ အလွန်လိုအပ်ပါတယ်။
ဒါဆို ကြုံလာသမျှအခက်အခဲတွေကို အလိုက်သင့်ရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်နဲ့ကိုယ်ကိုမွေးမြူနိုင်ဖို့၊ တစ်နည်းအားဖြင့် AQ မြင့်ဖို့အတွက် ဘယ်လိုပျိုးထောင်ကြမလဲဆိုရင် ...
၁။ အခြေအနေအရပ်ရပ်ကို အမြဲစူးစမ်းပါ။
၂။ ကိုယ်လုပ်လိုက်တဲ့အလုပ်တိုင်းအတွက် တာဝန်ခံစိတ်နဲ့လုပ်ပါ။
၃။ လုပ်နေတဲ့အလုပ်ပေါ်မှာ သေချာအာရုံစိုက်ထားပြီးလုပ်ပါ။ စိတ်နဲ့ကိုယ်ကပ်နေပါစေ။
၄။ နှစ်လိုစရာမရှိတဲ့အရာတွေကို ကြုံလာရင်လည်းသတ္တိရှိစွာနဲ့လက်ခံနိုင်အောင်ကြိုးစားပါ။
၅။ မိတ်ဆွေအပေါင်းအသင်းကောင်းတွေရှိပါစေ။
၆။ ကိုယ့်ကိုယ်ကို အမြဲတမ်းပြန်လည်သုံးသပ်မှုပြုပြီး ကိုယ့်အရည်အချင်းကို လိုတာဖြည့်နေပါ။
AQ မြင့်အောင် ကိုယ်ကိုယ်ကို ပျိုးထောင်ကြပါစို့။
Daw Aye Aye Win
B.Com (Hons), M.Com (YIE),
Diploma in English, M.A (International Business Studies) (Sophia University, Japan)
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
