Improving EFFICIENCY by exploiting TECHNOLOGY!
ယနေ့ခေတ်က အလုပ်လုပ်ရာမှာ Efficiency နဲ့ ပြိုင်ရတဲ့ခေတ် ဖြစ်လာပါပြီ။ Efficiency ဆိုတာ ကိုယ်လုပ်ရမယ့်အလုပ်ကို အလေအလွင့် အနည်းဆုံးနဲ့၊ သူများတကာထက် ‘’ များများ၊ မြန်မြန်နဲ့ မှန်မှန်” ပြီးဖို့ ကြိုးစားလုပ်ဆောင်ကြရတာကို ပြောတာဖြစ်ပါတယ်။ ဒီလိုလုပ်တာဟာ Efficiency ကိုပဲ အလေးထားနေပြီးတော့ Effectiveness ကို လျစ်လျူရှုလိုက်တာ မဟုတ်ပါဘူး။ Effectiveness ဆိုတဲ့ လိုချင်တဲ့ Result ကို အကောင်းဆုံးရအောင်လုပ်ဖို့ဆိုတာ ထည့်ပြောနေစရာတောင် မလိုတော့ပါဘူး။ ရအောင်ကို မဖြစ်မနေလုပ်ရမှာပါ။ ခုခေတ်က Result အပြင် Resource ကိုလည်း အဓိကထားပြီး ကြည့်လာကြပါပြီ။
လိုချင်တဲ့ Result ကိုတော့ ရပါရဲ့၊ Resources တွေက သုံးသင့်တာထက် ပိုကုန်သွားတယ်ဆိုရင်တော့ efficiency skill ကို ထိခိုက်သွားပါပြီ။ ဒါကို အပြင်လူတွေက မသိလွယ်ပါဘူး။ သူတို့အမြင်မှာ ကိုယ်က လိုချင်တဲ့ Result ကို ရသွားတယ်၊ ဒီလုပ်ငန်းအောင်မြင်တယ်လို့ပဲ သိကြမှာပါ။ အချိန်၊ ငွေ စတဲ့ Resources တွေကို လိုတာထက် ပိုသုံးလိုက်ရလို့ Efficiency ထိခိုက်သွားတာကို ကိုယ့်လုပ်ငန်းထဲက လူတွေကပဲ သိကြတာပါ။ လုပ်ငန်းတွေဟာ Efficiency skill ကောင်းအောင် အပြိုင်အဆိုင်ကြိုးစားကြရာမှာ Technology ရဲ့အထောက် အပံ့ကိုလည်း လိုအပ်သလို သင့်တော်တဲ့နေရာမှာ အသုံးပြုနိုင်စွမ်းရှိဖို့ လိုအပ်လာပါပြီ။ Technology ရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ။ Technology မသုံးဘဲ Manual နဲ့ပဲ လုပ်နေရင်တော့ သူများထက် နောက်ကျနေအုံးမှာပဲ။ ကိုယ့်လုပ်ငန်းနဲ့ သင့်တော်အပ်စပ်တဲ့ Technology ကို အသုံးပြုနိုင်ရင် operating costs and time saving ဖြစ်သွားတော့ Efficiency Skills တက်လာပါလိမ့်မယ်။ Efficiency skill တက်လာတော့ Productivity တိုးလာတာပေါ့။
ဒီနေ့ခေတ်မှာ ပြိုင်ဆိုင်မှုတွေ အလွန်ပြင်းထန်လာတဲ့အတွက် ကိုယ့်လုပ်ငန်းနဲ့ အပ်စပ်တဲ့ Strategy ကို ချမှတ်ရွေးချယ်နိုင်ဖို့ အရေးကြီးပါတယ်။ Strategy ကောင်းပေမယ့် Operations ပိုင်း အားနည်းနေရင်/ နှောင့်နှေးကြန့်ကြာနေရင်လည်း မအောင်မြင်နိုင်ပါဘူး။ Operational Efficiency ဖြစ်အောင် ကြိုးစား ဆောင်ရွက်ရာမှာ ခိုင်မာတဲ့ Business Model နဲ့ Critical Success Factors တွေကို သေချာပိုင်ပိုင်နိုင်နိုင် ရွေးချယ်လုပ်ဆောင်နိုင်ပြီး technology တွေကိုလည်း အမိအရ အသုံးပြုကြမယ်ဆိုရင် Business Operations တွေ အောင်မြင်လာကြမှာပါ။
Daw Aye Aye Win
B. Com (Hons, YIE) , M.Com, Diploma in English,
M.A (International Business Studies),
(Sophia University, Japan)
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
