ဟားဗတ်တက္ကသိုလ်မှာ နိုင်ငံတကာက ကျောင်းသားတွေ အရမ်းများလာနေပြီလား?
Trump အစိုးရသည် နိုင်ငံရပ်ခြားမှ ကျောင်းသားများအား ဟားဗတ်တက္ကသိုလ်သို့ ကျောင်းအပ်လက်ခံမည့်ကိစ္စရပ်များကို ရွှေ့ဆိုင်းလိုက်သောအခါတွင် ယခုလက်ရှိတက်နေသော နိုင်ငံတကာကျောင်းသား ၆၈၀၀ (၂၇%) ကို အနည်းနဲ့အများ ခက်ခဲမှုများကိုဖြစ်စေပါတယ်။
“ကျွန်တော်တို့မှာ ဟားဗတ်နဲ့ တခြားကျောင်းတွေကို သွားချင်တဲ့သူတွေ ရှိပါတယ်၊ ကျွန်တော်တို့မှာ နိုင်ငံခြားကျောင်းသားတွေ အများအပြားရှိနေတာကြောင့် ဟားဗတ်တက္ကသိုလ်သို့ မတက်ရောက်နိုင်ကြပါဘူး” ဟု သမ္မတ Donald Trump က ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။
ဖက်ဒရယ်တရားသူကြီးတစ်ဦးသည် ကျောင်းအပ်နှံခြင်း ကိစ္စရပ်များကို ပိတ်ပင်ရန် ယာယီတားမြစ်မိန့် ထုတ်ပြန်ခဲ့သော်လည်း၊ နိုင်ငံတကာမှာတော့ ကျောင်းအပ်နှံခြင်း ကိစ္စရပ်များကို ကန့်သတ်ရန် အဆိုပြုချက်သည် ထင်သလောက်လွယ်ကူမနေပါ။ နိုင်ငံရပ်ခြားမှ ကျောင်းသားဦးရေများကို ကန့်သတ်ရန် အလားတူကြိုးပမ်းမှုများသည် အမေရိကန်နှင့် ပြည်ပနိုင်ငံများတွင်လည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။
၂၀၁၇ ခုနှစ် တွင် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အဆောင်နေထိုင်မှုမရှိသော ကျောင်းသားများကို ကန့်သတ်ထားခြင်း
၂၀၁၇ ခုနှစ်တွင် ကယ်လီဖိုးနီးယားတက္ကသိုလ်မှကျင့်သုံးသော စနစ်သည် Bachelor ကျောင်းတက်မည့်ကျောင်းသားများသည် အဆောင်နေထိုင်မှုမရှိပါက ကျောင်းအပ်လက်ခံခြင်းကို ၁၈% ဖြင့် သာလက်ခံရန် မူဝါဒချမှတ်ခဲ့ပါတယ်။ အဆောင်နေထိုင်သူမဟုတ်သော ကျောင်းသားများတွင် ပြည်နယ်ပြင်ပနှင့် နိုင်ငံတကာ ကျောင်းသားများ ပါဝင်တာကိုတွေ့ရပါတယ်။
"ကျွန်ုပ်တို့ရဲ့ အဆောင်တွင် နေထိုင်သူမဟုတ်သော ကျောင်းသားများကို စာရင်းသွင်းရာတွင် UC ရဲ့ California ကျောင်းသားများထက် ဦးစားပေးမထားရန်နှင့် တက္ကသိုလ်မှ ပေးအပ်သော အကျိုးကျေးဇူးများကိုလည်း သေချာချိန်ညှိရန် လိုအပ်ပါသည်" ဟု UC ရဲ့ ယခင်ကဥက္ကဌဖြစ်ခဲ့သော Janet Napolitano ကပြောကြားခဲ့ပါတယ်။”
မူဝါဒကို စတင်အသုံးပြုချိန်တွင် UC ကျောင်းခွဲ လေးခုဖြစ်သည့် UC Berkeley၊ UCLA၊ UC Irvine နှင့် UC San Diego တို့တွင် အဆောင်နေထိုင်သူမဟုတ်သော ကျောင်းသားများသည် ၁၈% ရှိပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ အဆိုပါကျောင်းခွဲများတွင် အဆောင်နေထိုင်သူမဟုတ်သော စာရင်းသွင်းမှုမှာ ရာခိုင်နှုန်းအချိုးအစားဖြင့် ကန့်သတ်ထားလျက်ရှိပါတယ်။ ကျန်ရှိသော UC ကျောင်းခွဲများသည် ၁၈% သတ်မှတ်ချက်ထက် ကျော်လွန်မှုမရှိပါ။ UC စနစ်ရှိ ကယ်လီဖိုးနီးယားတွင် အဆောင်နေထိုင်သူများနှင့် နေထိုင်သူမဟုတ်သူများကြား ကျူရှင်ခကွာဟမှုသည် များပြားလှပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် နိုင်ငံတွင်းကျောင်းသားများသည် နှစ်စဉ်ကျူရှင်လခ $၁၄,၉၃၄ပေးဆောင်ရပြီး အဆောင်နေထိုင်သူမဟုတ်သော ကျောင်းသားများသည် $၅၀,၃၂၈ သွင်းရသည့်အတွက် သုံးဆပိုများလျက်ရှိတာကိုတွေ့ရပါတယ်။
အချို့သော UC ကျောင်းများတွင် အဆောင်နေထိုင်သူမဟုတ်သော ကျောင်းသားများကို စာရင်းသွင်းရန် ငွေကြေးမက်လုံးများဖြင့်ဆွဲဆောင်လျက်ရှိပါတယ်။ ၂၀၂၃ ခုနှစ်တွင် တက္ကသိုလ်မှသတိပေးချက်အရ UC Berkeley သည် ဘွဲ့ကြိုကျောင်းသားတစ်ဦးလျှင် သင်ကြားရေးကုန်ကျစရိတ်အတွက် $ ၃၃၀၀၀ ကျော်သုံးစွဲသော်လည်း ပျမ်းမျှအားဖြင့် စာရင်းသွင်းထားသောကျောင်းသားတစ်ဦးစီအတွက် ကျူရှင်ခနှင့်ပြည်နယ်မှပံ့ပိုးမှု $၂၅၀၀၀ သာ ရရှိပါတယ်။
ကနေဒါနှင့် သြစတြေးလျနိုင်ငံများသည် နိုင်ငံတကာ ကျောင်းသားများ ကျောင်းအပ်လက်ခံခြင်းကို ကန့်သတ်ချက်များထားရှိခြင်း
ကမ္ဘာတဝှမ်းရှိ တက္ကသိုလ်များသည် နိုင်ငံတကာမှ ကျောင်းသားများ ဝင်ရောက်လာမှုကို တားဆီးရန် မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိပါတယ်။ လူသိများသော Canada အစိုးရရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာကျောင်းသားများကို အလုပ်အကိုင်နှင့် အမြဲတမ်းနေထိုင်ခွင့်အတွက် လမ်းကြောင်းများလုပ်ဆောင်ခြင်းများက နိုင်ငံတကာမှ ကျောင်းသားများ ကျောင်းအပ်နှံခြင်းကို အနည်းဆုံး ၂ နှစ် ကန့်သတ်ထားလျက်ရှိပါတယ်။ နိုင်ငံတကာ ကျောင်းသားဦးရေသည် ဆယ်စုနှစ်တစ်ခုအတွင်း နှစ်ဆတိုးလာခဲ့ပြီး နိုင်ငံရဲ့ စုစုပေါင်းလူဦးရေ၏ ၂.၅% အထိ ရောက်ရှိခဲ့တာကိုတွေ့ရပါတယ်။
သြစတြေးလျသည်လည်း အလားတူ နိုင်ငံတကာ ကျောင်းသားများ ကျောင်းအပ်နှံမှုအပေါ် ကန့်သတ်ချက် ချမှတ်ထားပြီး ကျောင်းသားဗီဇာ လျှောက်ထားခကို သိသိသာသာ တိုးမြှင့်ကောက်ခံလျက်ရှိပါတယ်။ ၎င်းတို့ရဲ့ပါလီမန်အဆိုပြုချက်အရ ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားဦးရေရဲ့ ၂၇.၁% ရှိသည့် နိုင်ငံတကာကျောင်းသားများသည် ဤပြောင်းလဲမှုများ မြင့်တက်လာပြီးနောက် အပြောင်းအလဲများရှိလာတာကိုတွေ့မြင်လာရပါတယ်။
U.K. နိုင်ငံသည်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် နိုင်ငံတကာကျောင်းသားဦးရေရဲ့ ၂၆% သည် နိုင်ငံတကာမှ လာရောက်ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသားဦးရေဖြစ်သည်ဟု UK အစိုးရမှ အစီရင်ခံစာတင်ပြထားပါတယ်။ UK ရဲ့အဆင့်အမြင့်ဆုံး တက္ကသိုလ်အချို့တွင် နိုင်ငံတကာ ကျောင်းသား အများအပြား ရှိနေသလို Oxford University ရဲ့ ကျောင်းသား သုံးပုံတစ်ပုံသည်လည်း London School of Economics မှဖြစ်ပြီး ကျောင်းသား ၇၀% သည် နိုင်ငံရပ်ခြားမှ လာတာကိုတွေ့ရပါတယ်။
ဟားဗတ်တက္ကသိုလ်ထက် နိုင်ငံတကာကျောင်းသားပိုများနေသော အမေရိကန်တက္ကသိုလ်ကျောင်းများ
Harvard တက္ကသိုလ် သည် ၎င်းတို့ရဲ့ ကျောင်းသား၀င်ခွင့်သတ်မှတ်ချက်အရ နိုင်ငံတကာ ကျောင်းသားအများအပြားကို လက်ခံလိမ့်သိပ်မရှိပါ။ Reuters မှ အစီရင်ခံစာတင်ပြချက်အရ၊ အမေရိကန်တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ ၄၂% ရှိပြီး Carnegie Mellon University အပါအဝင် Harvard ထက် နိုင်ငံတကာကျောင်းသားဦးရေ ပိုများတာကိုတွေ့ရပါတယ်။ Illinois Institute of Technology နှင့် Manhattan School of Music တွင် နိုင်ငံတကာကျောင်းသားများသည် ၅၂% ရှိပါတယ်။ U.S. News & World Report အရ Columbia University ရဲ့ ကျောင်းသားဦးရေ ၃၀% သည် နိုင်ငံတကာမှ ကျောင်းသားများဖြစ်ကြပါတယ်။ ကိန်းဂဏန်းအချက်အလက်များ အရ၊ မြောက်မြားစွာသော တက္ကသိုလ်များသည် ဟားဗတ်တက္ကသိုလ်ထက် နိုင်ငံတကာ ကျောင်းသားများကို သိသိသာသာ ပိုမို ကျောင်းအပ်လက်ခံထားတာကိုတွေ့ရပါတယ်။ ဥပမာအားဖြင့်၊ New York University တွင် နိုင်ငံတကာ ကျောင်းသား ၂၇,၂၄၇ ဦး လက်ခံထားပြီး၊ Northeastern University မှ ၂၁,၀၂၃ ဦး လက်ခံထားပြီး Columbia မှ ၂၀,၃၂၁ ဦး လက်ခံထားကြောင်း နိုင်ငံတကာ ပညာရေးသိပ္ပံရဲ့ Open Doors ဒေတာအရ သိရှိရပါတယ်။
နိုင်ငံတကာကျောင်းသားများကျောင်းအပ်လက်ခံခြင်းကို အချိုးချ ချိန်ညှိဖို့ အကောင်အထည်ဖော်တဲ့အခါ ဘယ်တက္ကသိုလ်တွေက ထည့်သွင်းစဉ်းစားသင့်လဲ။
နိုင်ငံတကာနှင့် ပြည်တွင်းကျောင်းသားများကြား မှန်ကန်သော အချိုးချမှု ရရှိရန် ကြိုးစားခြင်းသည် အဆင့်မြင့်ပညာရေးအတွက် စိန်ခေါ်မှုအသစ်မဟုတ်ပါ။ University World News ရဲ့အဆိုအရ စင်ကာပူအစိုးရသည် နိုင်ငံတကာမှ ကျောင်းသားများကို ဆွဲဆောင်ဖို့အတွက် ရည်မှန်းချက်ထားရှိပြီးနောက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံရှိ တက္ကသိုလ်များတွင် နိုင်ငံတကာ ကျောင်းသား အချိုးကို ၁၈% မှ ၁၅% သို့ လျှော့ချခဲ့ပါတယ်။ ထိုအချိန်က ၀န်ကြီးချုပ်သည် နိုင်ငံတကာ ကျောင်းသားများရောနှောနေခြင်းက စင်ကာပူအတွက် အကျိုးရှိသော်လည်း တက္ကသိုလ်များသည် ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသား အရေအတွက်ကြား ဟန်ချက်ညီအောင် ထိန်းသိမ်းထားရန် လိုအပ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ “ဒါက နိုင်ငံခြားကျောင်းသား အရေအတွက်ကို ထိန်းချုပ်ထားဆဲလို့ ဖွင့်ဆိုလိုက်တာနဲ့ အတူတူပါဘဲ” ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာ ကျောင်းသားများ ကျောင်းအပ်နှံခြင်းအတွက် ဆုံးဖြတ်ရာတွင် ချိန်ဆရမည့် အချက်များစွာရှိနေပါသေးတယ်။ ယနေ့ခေတ်တွင် နိုင်ငံတကာကျောင်းသားများမှ ကျောင်းသို့ယူဆောင်လာသော လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ၊ ကျောင်းသားများယူထား သည့် အဓိကဘာသာရပ်များနှင့် ပတ်သက်ပြီး ကျောင်းရဲ့ ပညာရေးဌာနများကို မည်သည့်အခန်းကဏ္ဍကနေကူညီပေးနိုင်မလည်း စသည့် အခန်းကဏ္ဍများစွာ ပါဝင်ပါတယ်။ ကောလိပ်သို့ ဦးတည်သွားသော အမေရိကန် အထက်တန်းကျောင်းဆင်း အရေအတွက် လျော့နည်းလာသည်နှင့်အမျှ ဟားဗတ်နှင့် အခြားနေရာများရှိ ကျောင်းများတွင် နိုင်ငံတကာ ကျောင်းသားများ၏ မှန်ကန်သော အချိုးအစားကို သတ်မှတ်ခြင်းသည် ပိုမိုရှုပ်ထွေးသော ကြိုးပမ်းမှု ဖြစ်လာနေလျက်ရှိပါတယ်။
U Ah Zer Zar Sar
Lecturer, Strategy First Int’t College
Anna Esaki-Smith ရဲ့ Does Harvard Have Too Many International Students? ဆောင်းပါးကို Ah Zer Zar Sar မှ ဆီလျော်စွာ ပြန်ဆိုထားပါသည်။
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
23 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
23 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
