" CV နဲ့ Resume တို့ရဲ့ ကွာခြားချက် "
ဒီဆောင်းပါးမှာ CV နဲ့ Resume ရဲ့ ကွာခြားချက်ကို တင်ပြသွားမှာဖြစ်ပါတယ်။ CV (Curriculum Vitae) နဲ့ Resume ဟာ ဆင်တူပေမယ့် ဒါတွေကိုအသုံးပြုပုံနဲ့ ပါဝင်တာတွေ မှာလည်း အရေးပါတဲ့ ကွဲပြားချက်တွေရှိပါတယ်။ CV (curriculum vitae) ဆိုသည်မှာ ပညာရေး၊ အတွေ့အကြုံ၊ အသိအမှတ်ပြုလက်မှတ်များ၊ ဆုများနဲ့ ထုတ်ဝေထားတဲ့ သုတေသန စာစောင်များရဲ့ အသေးစိတ်စာရင်းပဲ ဖြစ်ပါတယ်။ Resume ဆိုသည်မှာ သင်လျှောက်ထားတဲ့အလုပ်နဲ့ သက်ဆိုင်တဲ့ သင့်အလုပ်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများကို စာမျက်နှာတစ်မျက်နှာမှ နှစ်မျက်နှာအထိ အကျဉ်းချုပ် ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။
အလုပ်လျှောက်လွှာများအတွက် နှစ်ခုစလုံးကို အသုံးပြုပေမယ့်လည်း CV နဲ့ Resume ကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုနိုင်ပါတယ်။ ဒီဆောင်းပါးမှာ CV နဲ့ Resume ကို ဘယ်လိုအချိန်မှာ အသုံးပြုရမလဲ၊ ၎င်းတို့မှာ ပါဝင်သင့်တဲ့ အကြောင်းအရာတွေကို လေ့လာရမှာပဲ ဖြစ်ပါတယ်။ CV နဲ့ Resume နှစ်ခုစလုံးက အလုပ်လျှောက်လွှာများမှာ အသုံးပြုတဲ့ စာရွက်စာတမ်းများ ဖြစ်ပေမယ့်လည်း ၎င်းတို့ရဲ့ ပုံစံ၊ အရှည်နဲ့ အကြောင်းအရာအရ ကွဲပြားမှုများရှိပါတယ်။ ကိုယ်ရေးအကျဉ်း (CV) က လူတစ်ဦးရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုသမိုင်းကို နက်ရှိုင်းစွာ လေ့လာနိုင်တဲ့ ပြည့်စုံသော စာရွက်စာတမ်းပဲ ဖြစ်ပါတယ်။ CV မှာ ပညာရေး၊ သုတေသန အတွေ့အကြုံ၊ ထုတ်ဝေမှုများ၊ တင်ပြချက်များနဲ့ တခြားအောင်မြင်မှုများ စတဲ့ အသေးစိတ်အချက်အလက်များ ပါဝင်ပါတယ်။
တခြားတစ်ဖက်မှာ Resume က လျှောက်ထားသူရဲ့ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံ၊ ကျွမ်းကျင်မှုနဲ့ အောင်မြင်မှုများကို အာရုံစိုက်ထားတဲ့ အကျဉ်းချုပ်စာတမ်းပဲ ဖြစ်ပါတယ်။ Resume ဟာ CV ထက် ယေဘုယျအားဖြင့် ပိုတိုပြီး သူတို့ တင်ပြချင်တဲ့ အလုပ်သီးသန့်နဲ့ ကိုက်ညီပါတယ်။
CV ကို ဘယ်အချိန်မှာသုံးသင့်သလဲ ?
CV ကို ဘယ်အချိန်မှာ သုံးသင့်သလဲဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီးတော့ CV ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်နဲ့ သက်ဆိုင်ပါတယ်။ ပညာရေးထောက်ပံ့ကြေးငွေ၊ ပညာသင်ဆု၊ ပါရဂူဘွဲ့လွန် ရာထူးများနဲ့ အလားတူ ရာထူးများအတွက် အလုပ်လျှောက်လွှာများ ခေါ်ရာမှာ CVဖောင် ကိုယ်ရေးအကျဉ်း မှတ်တမ်းများကို ပညာရေးပတ်ဝန်းကျင်များက မကြာခဏ သုံးလေ့ရှိပါတယ်။ ဘွဲ့လွန်သင်တန်းများ လျှောက်ထားရာမှာလည်း တချို့က CV ဖောင် ကိုယ်ရေးအကျဉ်းကိုပဲ တောင်းတတ်ကြပါတယ်။ လူတွေ့မေးမြန်းသူတွေနဲ့ အလုပ်ခန့်သူတွေဟာ သင့်ရဲ့ကျွမ်းကျင်မှု၊ အတွေ့ အကြုံနဲ့ ပညာရေးအရည်အချင်းတွေကို အတည်ပြုဖို့ သင့်ရဲ့ CV ကို အသေးစိတ် တောင်းနိုင်ပါတယ်။
" CV မှာ ပါဝင်သင့်သည့်အကြောင်းအရာများ "
CVဖောင် တစ်စောင်မှာ ပါဝင်ရမယ့် အသေးစိတ်အကြောင်းအရာများကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
1. ဆက်သွယ်ရမည့်အချက်အလက်များ (Contact details)
2. ပညာရေးအထောက်အထားများ (Education)
3. သုတေသနအတွေ့အကြုံများ (Research experience)
4. ထုတ်ဝေထားသည့်သုတေသနစာစောင်များ (Publications)
5. ဆုများနှင့်ဂုဏ်ပြုလွှာများ (Awards and honors)
6. ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များ (Professional affiliations)
Resume ကိုယ်ရေးအကျဉ်းကို ဘယ်အချိန်မှာသုံးရမလဲ ?
ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းအများစုက Resume ကို တောင်းတတ်လေ့ရှိကြပါတယ်။ CV ကို အများအားဖြင့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုကြပေမယ့်လည်း Resume ကို လုပ်ငန်းတစ်ခု ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအတွင်းရှိ ရာထူးများအတွက် လျှောက်ထားဖို့ အသုံးပြုကြပါတယ်။
" Resume မှာ ပါဝင်သင့်သည့်အကြောင်းအရာများ"
Resume တစ်စောင်မှာ ပါဝင်ရမယ့် အသေးစိတ်အကြောင်းအရာများကို အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
1. ဆက်သွယ်ရန် ကိုယ်ရေးအချက်အလက် (Contact information)
2. သက်ဆိုင်ရာအလုပ်နှင့်ပတ်သက်သောကျွမ်းကျင်မှု (Professional job)
3. သက်ဆိုင်ရာအလုပ်နှင့်ပတ်သက်သောအလုပ်အတွေ့အကြုံ (Past work experience)
4. သက်ဆိုင်ရာအလုပ်နှင့်ပတ်သက်သောပညာရေးနောက်ခံ (Educational background)
5. သက်ဆိုင်ရာအလုပ်နှင့်ပတ်သက်သော အသိအမှတ်ပြုလက်မှတ်များနှင့်လိုင်စင်များ
(Relevant certifications)
6. သက်ဆိုင်ရာအလုပ်နှင့်ပတ်သက်သောနည်းပညာနှင့်ကျွမ်းကျင်မှုများ (Relevant technical)
အချုပ်ဆိုရလျှင် CV က ပိုမိုကျယ်ပြန့်ပြီး ပညာရေး ဒါမှမဟုတ် သုတေသန ဦးစားပေးရာထူးများ အတွက် သင့်တော်ပေမယ့် Resume က အလုပ်လျှောက်ထားသူရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုများကို အလေးထားပြီး လုပ်ငန်းအမျိုးမျိုးမှာ အလုပ်လျှောက်ထားမှုအတွက် ရည်ရွယ်ထားတဲ့ တိုတောင်းပြီး ကျစ်လျစ်တဲ့ စာရွက်စာတမ်းပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးကို Coursera Team က ရေးသားထားတဲ့ CV vs. Resume: What’s the Difference မှ ကိုးကားရေးသားထားပါတယ်။
Daw Hlaing May Win
B.com, MBA (Meikhtila University of Economics)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
