Competition and Motivation
ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်တွေမှာ ပြိုင်ဆိုင်မှုဆိုတာ မလွဲမသွေကြုံနေရတဲ့ အရာတစ်ခုပါ။ ပြိုင်ဆိုင်မှုတွေဟာ ကောင်းတာလည်းရှိသလို မကောင်းတာလည်း ရှိပါတယ်။ ပြိုင်ဆိုင်မှုကောင်းတွေဖြစ်ပွားရင်တော့ ကျွန်တော်တို့ကို Motivation ဖြစ်စေပြီး မကောင်းတဲ့ ပြိုင်ဆိုင်မှုတွေဖြစ်လာရင်တော့ Workplace conflict တွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ လုပ်ငန်းခွင်မှာရှိတဲ့ Competition တွေကို မှန်မှန် ကန်ကန်ဖန်တီးတတ်၊ စီမံတတ်မယ်ဆိုရင်တော့ ဝန်ထမ်းစိတ်တက်ကြွရေးအတွက် နည်းလမ်းတစ်ခု၊ အရင်အမြစ်တစ်ခုအနေနဲ့ပါ ဖြစ်လာမှာပါ။ ထပ်ဆောင်းအနေနဲ့ စိတ်လှုပ်မှုတွေ၊ စိတ်ဓာတ်ခွန်အားတွေ၊ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပါ ရရှိစေဦးမှာပါ။ Competition တွေကို မထိန်းနိုင်ရင်တော့ လူတိုင်းက တစ်ဖက်နဲ့ တစ်ဖက် ရန်လိုနေကြတဲ့ စိတ်ဖိစီးမှုတွေ ပြည့်နှက်နေတဲ့ ယဉ်ကျေးမှုကို ဖြစ်သွား စေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခွဲခြားဆက်ဆံခြင်းတွေ၊ ခြယ်လှယ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး လုပ်ငန်းကျရှုံးသည်အထိပါ ဖြစ်စေနိုင်ပါတယ်။ ဒါဆိုရင် လုပ်ငန်းတွေဟာ Competition တွေကို သတိကြီးကြီးထားပြီး စီမံရမှာပါ။ ဆိုတော့ လုပ်ငန်းခွင်မှာ ဝန်ထမ်းအချင်းချင်း အပြန်အလှန်မြှင့်တင်ရင်း Healthy Competition ကို ဖန်တီးရမှာပါ။ ဒီအတွက် နည်းလမ်းတချို့ကို ကြည့်ကြည့်ရအောင်ပါ။
၁။ Non-financial rewards
လူဆိုတဲ့အမျိုးက ပြိုင်ဆိုင်တတ်တဲ့ အမျိုးပါ။ ဆုတွေပေးတာက လူတွေရဲ့ အကြိုက်ပါ။ ဆုတွေမြင်ရင် လိုချင်ကြတဲ့အတွက် အလုပ်ကိုပိုကြိုးစားပြီး ပန်းတိုင် ရောက်အောင် Motivation ဖြစ်စေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းတွေရော၊ မြန်မာနိုင်ငံမှာပါ Financial rewards တွေကို အဓိကထားပြီး ဝန်ထမ်းတွေကို လှုံ့ဆော်ကြပါတယ်။ ပြဿနာက ဒီမှာစတာပါပဲ။ Financial reward တွေဟာ လုပ်ငန်းတွင်းပဋိပက္ခတွေနဲ့ မဖြစ်သင့်တဲ့ပြိုင်ဆိုင်မှုတွေ၊ တက်ကြွနှိုးဆော်မှုတွေကိုဖြစ်ဖို့ အလားအလာ ပိုများစေပါတယ်။ အကြောင်း ကတော့ ငွေကြေးအဓိကပါတဲ့ဆုတွေဟာ ဝန်ထမ်းအချင်ချင်း မနာလိုမှုတွေ၊ မကျေနပ်မှုတွေ၊ ခြိမ်းခြောက်မှုတွေအထိပါ ဖြစ်စေတတ်လို့ပါ။ ဒီလိုအခြေအနေ မျိုးတွေဖြစ်လာနိုင်လို့ အခုနောက်ပိုင်းမှာ လုပ်ငန်းတွေက Non-financial rewards ကို သေချာလေး စဉ်းစားလာကြပါတယ်။ ဥပမာ အခမဲ့ အားလပ်ရက်ပေးတာ မျိုးတို့၊ ချီးကျူးဂုဏ်ပြုစကား ဒါမှမဟုတ် ပွဲလုပ်တာမျိုးတို့တွေဟာ ဝန်ထမ်းတွေ ကြားမှာ ပျော်ရွှင်မှုပိုရစေပါတယ်။ Workplace conflict ကိုလည်း လျော့စေနိုင် ပါတယ်။ ဒါကြောင့် ဒီလိုငွေကြေးမဟုတ်တဲ့ ဆုတွေဟာ လုပ်ငန်းခွင်တစ်ခုလုံး အတွက် ပိုမိုအဆင်ပြေစေမယ့် စည်းလုံးညီညွတ်တဲ့ ပင်ကိုယ်ပြိုင်ဆိုင်မှုကို ပိုမိုအား ကောင်းလာစေနိုင်ပါတယ်။
၂။ Peer to Peer recognition
လူဆိုတဲ့အမျိုးဟာ ကိုယ်လုပ်တာ၊ ပြောတာကို တခြားလူတွေလက်ခံစေချင် ကြတယ်၊ အသိမှတ်ပြုတာ ခံချင်ကြပါတယ်။ ဒါဟာ မွေးရာပါ လိုအပ်ချက် တစ်ခုအနေနဲ့ ပါလာတာများပါတယ်။ ကိုယ့်ကိုလက်မခံတဲ့အခါ ရန်ဖြစ်တာ၊ ရန်ဘက်အဖြစ်ထားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဝန်ထမ်း တွေကို လူသိရှင်ကြား အသိအမှတ်ပြုပါ။ အလုပ်သေးသေးလေး ကောင်းကောင်း လုပ်ရင်တောင် ကျေးဇူးတင်ကြောင်းပြောပါ။ လုပ်ဖော်ကိုင်ဖက်များကို သွားရင်း လာရင်း အချင်းချင်း မှတ်မိနိုင်စေမယ့်အရာတွေ ဖန်တီးပါ။ ဥပမာ လုပ်ငန်းတစ်ခုက ဝန်ထမ်းအားလုံးပါဝင်တဲ့ Social App တစ်ခုဖန်တီးပြီး အချင်းချင်း အပြုသဘော ဆောင်တဲ့ Reaction တွေ၊ Comment တွေ ပေးလို့ရတဲ့ အနေအထားမျိုးတွေ လုပ်သင့်ပါတယ်။ ဒါက Healthy Competition ဖြစ်လာစေပြီး Motivation ကို အများကြီးဖြစ်ပေါ်စေပ်တယ်။
၃။ Team-Based activities
လုပ်ငန်းခွင်မှာ Healthy Competition ဖော်ဆောင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ အသင်းအဖွဲ့အခြေပြုလှုပ်ရှားမှုတွေလုပ်ဖို့ ဖြစ်ပါတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုတွေဟာ ဝန်ထမ်းတွေကို ပျော်ရွှင်စရာ စိန်ခေါ်မှုတစ်ခုမှာ ပါဝင်ခံစားနိုင်စေမယ့် စိတ်လှုပ်ရှားမှုမျိုးတွေကို ဖန်တီးပေးပါတယ်။ ဆိုတော့ လူတွေကိုအဖွဲ့တွေခွဲပြီး အကျိုးရှိမယ်ထင်တဲ့ပြိုင်ပွဲတွေ ဂိမ်းတွေကို ကျင်းပ ရပါမယ်။ ဥပမာ Strategy အခြေခံတဲ့ဂိမ်းမျိုးတွေ၊ Karaoke သီချင်းများနဲ့ ညလို ပွဲမျိုးတွေပေါ့။ Team-based activity တွေရဲ့ Healthy Competition ကတစ်ဆင့် ရလာတဲ့ Motivation ဟာ ရည်ရှည်ပိုထိန်းထားနိုင်ပါတယ်။
၄။ Diversity
ပုံမှန်စဉ်းစားရင် လုပ်ငန်းခွင်အတွင်းက မတူကွဲပြားတွေနဲ့ အလုပ်လုပ်စေ ခြင်းက Healthy Competition နဲ့ ဘာဆိုင်လဲ ထင်ချင်စရာရှိပါတယ်။ တကယ့် လက်တွေ့မှာတော့ လုပ်ငန်းယဉ်ကျေးမှု (Organizational culture) ကို ပိုကောင်း အောင်မြှင့်တင်တဲ့နေရာမှာ အရေးကြီးကဏ္ဍကနေ ပါဝင်နေပါတယ်။ ကျန်းမာတဲ့ ပြိုင်ဆိုင်မှုရှိတဲ့ အလုပ်ပတ်ဝန်းကျင်ရဲ့ အဓိကရည်ရွယ်ချက်ဟာ လူတိုင်းကို တူညီတဲ့အောင်မြင်မှုရရှိဖို့ အခွင့်အရေးပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းခွင် မတူကွဲပြားမှုတွေကို လက်ခံရမှာပါ။ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိနေ တယ်ဆိုရင် Unhealthy competition တွေ၊ ပဋိပက္ခတွေကိုပဲ ဦးတည်နေမှာပါ။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုဟာ လိင်၊ ကျား၊ မ၊ လိင်စိတ်တိမ်းညွှတ်မှု၊ အသက်အရွယ်မရွေးဘဲ လူတိုင်းကို အခွင့်အရေးနဲ့ လေးစားမှုတွေ ပေးသင့် ပါတယ်။ ဒီတော့ ပြိုင်သင့်တဲ့နေရာမှာပြိုင်ပြီး ဆိုင်သင့်တဲ့နေရာမှာဆိုင်ဖို့ နည်းမှန် လမ်းမှန်ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။
U Zin Lwin Thant
B.Act, M.Act (MUE)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
