Career Opportunities
Strategy First University အနေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ အနာဂတ်ကပညာရေး လမ်း ကြောင်းအတွက် မှန်ကန်စွာချမှတ်နိင်ဖို့ အပါ အဝင် လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါမှာလည်း အောင်မြင်ဖို့ အတွက် စီးပွားရေး ၊ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာရပ်တွေကို စနစ်တကျသင်ကြားပေးလျှက်ရှိပါတယ်။
Strategy First University မှာ ပညာသင်ယူတတ်မြောက်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတာဝန်တွေကို အောင်မြင်စွာ ဆောင် ရွက်နေတဲ့ ကျောင်းသားဟောင်းတွေရဲ့ အတွေ့အကြုံတွေကို သိရှိနိုင်ဖို့ Career Opportunitiesကဏ္ဍကနေဖော်ပြလိုက်ပါတယ်။
'' ကျောင်းမှာ သင်ခဲ့ရတဲ့ အရာတွေက ဒီအလုပ်မှာ ချက်ချင်း အသုံးပြုခွင့်ရတဲ့ဟာကတော့ ပြောရမယ်ဆိုရင် Team Work ပေါ့နော်။ ပူးပေါင်းညှိနှိုင်းလုပ် ဆောင်ရတာတွေက လုပ်ငန်းခွင်ဝင်ဝင်ချင်းမှာ စစချင်းအသုံးပြုခဲ့ရတာတွေဖြစ်ပါတယ်... "
ကိုကောင်းမြတ်ကျော်
( Shop Mall Associate at Shop.com App MM)
BA (Hons) Business and Management
မင်္ဂလာပါ ကောင်းမြတ်ကျော်ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ Shop.com မှာ Shop Mall Associate ပုံစံမျိုးနဲ့ တာဝန်ယူပြီး လုပ်ဆောင်နေပါတယ်။ ဒီအ လုပ်ကို ဘာလို့ရွေးဖြစ်ခဲ့လဲဆိုရင် Data နဲ့ Marketing ဒီနှစ်ခုစလုံးကို စိတ် ဝင်စားတဲ့အတွက် အခုနောက်ပိုင်းလည်း Data နဲ့ ပတ်သက်ပြီးတော်တော်လေးကို ခေတ်စားလာတဲ့အတွက် ဒါကိုစိတ်ဝင်စားတယ်။ ပြီးတော့ Marketing ကလည်း နဂိုကတည်းက စိတ်ဝင်စားတဲ့ အခံရှိတာမို့လို့ ဒီအလုပ်ကိုရွေးဖြစ်ခဲ့တယ်။ ဒီအလုပ်မှာ အဓိကလုပ်ရတာကတော့ ဒီဇိုင်းပိုင်းတွေရယ်၊ ကျွန်တော်တို့မှာရှိတဲ့ Store တွေ၊ User တွေရဲ့ Traffic Data တွေကို Handle လုပ်ရတယ်။ နောက်ဆက်ပြီးတော့လည်း Data ပိုင်းကို Academically အရရော၊ Carrier ပိုင်းကိုရော ဆက်လုပ်သွားဖို့ရှိပါတယ်။ ကျောင်းမှာသင်ခဲ့တဲ့အရာတွေ ဒီအ လုပ်မှာ ချက်ချင်း အသုံးပြုခွင့်ရတဲ့ဟာကတော့ ပြောရမယ်ဆိုရင် Team Work ပေါ့နော်။ Assignment တွေ လုပ်ရတဲ့အခါ Deadline တွေ ဘယ်လိုမှီအောင်လုပ်ရမလဲဆိုတာတွေ၊ Complete ဖြစ်အောင်လို့ ပူးပေါင်း ညှိနှိုင်းလုပ်ရတာတွေ ဒါတွေက လုပ်ငန်းခွင်ဝင်ဝင်ချင်းမှာ စစချင်း အသုံးပြုခဲ့ရတာတွေဖြစ် ပါတယ်။ တကယ်လည်း အသုံးဝင်ပါတယ်။ နောက်ပြီးတော့ ကျောင်းက သင် ခန်းစာတွေက တဖြည်းဖြည်းနဲ့ လုပ်ငန်းမှာ အသုံးချရလို့ရပါတယ်။ အခုကျောင်းတက်နေတဲ့ ညီတွေ၊ ညီမတွေကို ပြောချင်တာကတော့ ကျောင်းစာတွေ လည်းလုပ်ပါ။ တစ်ခုခုကိုလည်းရအောင်ယူပါ။ ကျောင်းစာတွေပဲဖြစ်ဖြစ် အတွေ့ကြုံတွေပဲဖြစ်ဖြစ် နောင်တစ်ချိန်မှာ ပြန်အသုံးချလို့ရမယ်ဆိုရင် ကိုယ့်အတွက် အမြတ်တွေပါပဲ ။
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
