Can-do Attitude (ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်)
Attitude ဆိုတာကို စကားလုံးတစ်လုံးတည်းနဲ့ပြောရရင် ‘ဘဝ’ ဆိုတာပါပဲ။ ကိုယ့်ရဲ့ကောင်းမွန်တဲ့ စိတ်သဘောထားခံယူချက် (Positive Attitude) တွေက၊ ကိုယ့်ရဲ့ဘဝမှာ မယုံကြည် နိုင်လောက်အောင် ကောင်းသောပြောင်းလဲမှုကို ဖြစ်သွားစေနိုင်ပါတယ်။ ထိုနည်းတူ ဒီ Attitude ကပဲ negative ဖြစ်သွားရင်တော့၊ ကိုယ့်ကို တရွတ်တိုက်ဆွဲသွားစေတဲ့ အဆိပ်တစ်ခွက်လည်း ဖြစ်သွားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ Attitude ကပဲ ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တဲ့ပုံစံအတိုင်းပုံဖော်ပြီး ရေဆန်အတိုင်း လှော်ခတ်ပြီးနေမလား၊ ရေစုန်အတိုင်း အလိုက်သင့်ပဲ ကြုံသလိုနေလိုက်မလားဆိုတာကို သတ်မှတ် ဆုံးဖြတ်ပေးပါတယ်။ ကိုယ့် Attitude ကိုသိချင်ရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစကားမျိုးတွေ ပြောသလဲဆိုတာကို သတိထားကြည့်လိုက်ပါ။
ဒီတော့ ကျွန်မတို့ Can-do attitude (ငါလုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်) ရှိအောင် ပျိုးထောင်ကြ ရအောင်။ Can-do attitude ရှိသူတွေဟာ တခြားသူတွေထက်၊ ဘဝမှာ အောင်မြင်မှုပိုပြီး ရတတ်ကြ ပါတယ်။ Can-do attitude ရှိတဲ့သူ ဒါမှမဟုတ် ရှိအောင်ကြိုးစားမွေးမြူကြမယ့်သူတွေဟာ အစွန်း မရောက်စေဖို့အတွက်တော့ ဒီလိုစိတ်ဓာတ်မျိုး ထားကြရပါမယ်။
• အရာအားလုံးကို သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အားလုံးကို တစ်ကြိမ်တည်းနဲ့တော့ လုပ်နိုင်မှာ မဟုတ်ဘူး။
• အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ်။ အဲဒါက သင့်အတွက် တကယ်အရေးကြီးတယ် ဆိုရင်ပေါ့။
• အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာတော့ အကောင်းဆုံး မဖြစ်နိုင်ဘူးပေါ့။
• အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ်။ အားလုံးလုပ်နိုင်တယ်။ ဒါပေမဲ့အကန့်အသတ်တော့ ရှိပါတယ်။
• အရာရာတိုင်းကို သင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အကူအညီလိုတဲ့အခါလည်း ရှိပါလိမ့်မယ်။
Can-do attitude ရှိတဲ့သူတွေဟာ အလုပ်လုပ်ရာမှာ မအောင်မြင်မှုတွေကြုံတွေ့ရရင်တောင် သင်ခန်းစာယူတတ်ကြပြီး နောက်ထပ်ကြိုးစားဖို့ အင်အားရှိတတ်ကြပါတယ်။ လဲရင်ပြန်ထနိုင်ဖို့က အဓိကဆိုတာကို သိရှိလက်ခံထားကြပါတယ်။
Can-do attitude ရှိတဲ့သူတွေဖြစ်ကြပြီး၊ဘဝမှာ အောင်မြင်သူတွေဖြစ်ကြပါစေ။
Daw Aye Aye Win
B.Com (Hons, YIE), M.Com,Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
