" အသေးစားလုပ်ငန်းများ AI ကို အသုံးပြုခြင်းနဲ့ လုပ်ငန်းအပေါ် အကျိုးရှိပုံ "
ယခုအချိန်မှာ စီးပွားရေးလုပ်ငန်းပိုင်ရှင် တော်တော်များများဟာ AI ရဲ့ အသုံးဝင်ပုံကို လေ့လာနေကြပါတယ်။ အမေရိကန်နိုင်ငံရှိ အသေးစားလုပ်ငန်းနဲ့ စွန့်ဦးတီထွင်မှုကောင်စီ (Small Business and Entrepreneurship Council-SBEC) မှ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အသေးစားလုပ်ငန်း ရာခိုင်နှုန်းတော်တော်များများဟာ AI tools တွေကို သုံးစွဲနေကြပါတယ်။ AI မှ ထိရောက်တဲ့ တိုးတက်မှုများကို လုပ်ငန်းတွေမှာ မြင်တွေ့ရကာ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိနေကြပါတယ်လို့ ဖော်ပြထားပါတယ်။ SBEC ရဲ့ အစီရင်ခံစာအရ မနှစ်က အသေးစား လုပ်ငန်း ၄၈ ရာခိုင်နှုန်းလောက်က AI Tools တွေကို စတင်သုံးစွဲနေကြပါတယ်။ ၄၈ ရာခိုင်နှုန်းထဲမှ ၂၉ ရာခိုင်နှုန်း လောက်က သုံးစွဲနေတာ ၁-၂ နှစ်အတွင်းလောက် ရှိနေပါပြီ။ အသေးစားလုပ်ငန်းအများစုကလည်း AI Tools တွေဟာ အကုန်အကျသက်သာတဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးပြီး အမြတ်ကိုလည်း ပိုတိုးစေပါတယ်လို့ ထောက်ခံသဘောတူညီကြပါတယ်။
"သင့်ရဲ့ အသေးစားလုပ်ငန်းအတွက် AI Tool များ"
ပထမဦးဆုံး အသုံးအများဆုံးနဲ့ ထိရောက်တဲ့ AI Tool ကတော့ ChatGPT ဖြစ်ပါတယ်။ အဲ့ဒီ AI Tool ဟာ များစွာသောဒေတာများမှ လိုအပ်တဲ့အရာတွေကို ထုတ်ပေးနိုင်ပြီး သင်မေးသမျှကို ချက်ချင်း အကြမ်းပုံ စံသဘောနဲ့ အဖြေထုတ်ပေးနိုင်ပါတယ်။ (သတိပြုရမှာကတော့ အဲ့ဒီ ChatGPT က အမြဲ ၁၀၀ ရာခိုင်နှုန်း မမှန်နိုင်တာမို့ ထုတ်ပေးလိုက်တဲ့ဒေတာကို ပြန်ဆန်းစစ်ဖို့တော့ လိုပါလိမ့်မယ်။) သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ ဘယ်အရာကိုမဆို ကူညီပေးနိုင်တဲ့ တခြား AI Tool တွေလည်း ရှိပါသေးတယ်။ ဥပမာ စျေးကွက်ဖြန့်ချိရေးနဲ့ အရောင်းတက်စေမှု၊ စီးပွားရေးအစီအစဉ် ရေးဆွဲမှု၊ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ လူစွမ်းအားရင်းမြစ် စီမံခန့်ခွဲမှု စတဲ့ အရာများအတွက် ငွေကြေးနည်းနည်း ဒါမှမဟုတ် အကုန်အကျ နည်းစွာနဲ့ AI Tool ရဲ့ အကူအညီကိုယူကာ စီမံနိုင်ပါတယ်။
Upmetrics – Business Plan များကို ပုံစံ ၄၀၀ ကျော်မှ ရွေးချယ်ပြီး ရေးသားနိုင်ခြင်း။
ClickUp - Cloud-based ပရောဂျက်များကို စီမံခန့်ခွဲခြင်း။
Jasper - ဆောင်းပါး၊ ဘလော့ခ်၊ ဆိုရှယ်မီဒီယာ ပို့စ်နဲ့ စျေးကွက်ဖြန့်ချိရေးတို့အတွက် လိုအပ်တဲ့ Content တွေကို ဖန်တီးပေးခြင်း။
Zoho’s Zia - စားသုံးသူတွေရဲ့ ဒေတာကောက်ယူခြင်း၊ အရောင်းအဝယ်ဆိုင်ရာ စာရွက်စာတမ်းများ ရေးသားခြင်းတို့၌ ကူညီပေးနိုင်ခြင်း။
ChatSpot by HubSpot- သင်ဟာ HubSpot ကို စာရင်းသွင်းပြီး သုံးစွဲနေသူမဟုတ်ရင်တောင် Sales and Marketing Tool တွေကို အခကြေးငွေပေးစရာမလိုဘဲ သုံးစွဲနိုင်ခြင်း။
DALL-E 2- တီထွင်မှုတိုးတက်စေဖို့အတွက် ရေးသားဖော်ပြချက်များကိုအသုံးပြုကာ သဘာဝဆန်တဲ့ပုံများ ဖန်တီးပေးနိုင်ခြင်း။
Manatal - ဝန်ထမ်းသစ်ရွေးချယ်ခြင်း။
Motion - သင့်ရဲ့ ချိန်းဆိုမှုများနဲ့ ခရီးစဉ်များ မှတ်သားရာမှာ အထောက်အကူပြုနိုင်တဲ့ ပြက္ခဒိန်တို့လို လုပ်ဆောင်ပေးတဲ့ Tool။
Lumen5 - ဗီဒီယို ဖန်းတီးမှုကို အထောက်အပံ့ပေးနိုင်တဲ့ Tool။
Otter.ai - စကားအပြန်အလှန်ပြောဆိုမှု (Conversation) များကို မှတ်တမ်းတင်ပေးခြင်း၊ မှတ်စုများ မှတ်ပေးခြင်း၊ အင်တာဗျူးများ ရေးမှတ်ခြင်း။
အသေးစားလုပ်ငန်းများမှာ AI အသုံးပြုခြင်းကြောင့် တစ်ဖက်မှာ ကြုံတွေ့ရမယ့် ဆိုးကျိုးများလည်း ရှိနေပါသေးတယ်။
"ဖန်တီးနိုင်စွမ်း မရှိခြင်း"
ပထမဦးစွာဖြင့် AI အရေးအသား ထုတ်လုပ်ပေးမှု Tool မှ ထွက်ရှိလာတဲ့ အချက်အလက်များမှာ မကြာခဏ အမှားများ ပါတတ်ပါတယ်။ ရေးသားမှုပုံစံက ပြေပြစ်မှုအားနည်းပြီး လူသားဆန်တဲ့အရာကင်းမဲ့မှု အကြောင်းကိစ္စများ ရှိနိုင်ပါတယ်။
" စိတ်ခံစားမှုဆိုင်ရာများ လိုအပ်နေခြင်း"
လူသားတွေကပဲ ပြုလုပ်နိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ အရာများကို AI က အထောက်အပံ့ မပေးနိုင်ပါဘူး။ အလုပ်ထဲမှာ စိတ်ခံစားမှု အလွန်များခြင်းက အန္တရာယ်ရှိနိုင်ပါတယ်။ စာနာသနားတတ်ခြင်း၊ ဆုံးဖြတ်ချက် ချခြင်းတို့နဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းပြီး ရရှိလာတဲ့ အတွေ့အကြုံများဟာ လူတို့အတွက် စီမံခန့်ခွဲခြင်း၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်တဲ့နေရာမှာ အထောက်အပံ့ကောင်းအဖြစ် အရေးပါလှပါတယ်။
" စက်ရုပ်တီထွင်အစားထိုးအသုံးပြုမှုမှာ အကုန်အကျများခြင်း "
စက်ရုပ်များအသုံးပြုမှု ကဏ္ဍာဟာဆိုရင် အခုချိန်ထိ စျေးကြီးတဲ့ (ဒါမှမဟုတ်) အကုန်အကျများတဲ့ အခြေအနေ တစ်ခုမှာ ရှိနေပါသေးတယ်။ သာမန်စက်ရုပ်များဟာ အလုပ်တစ်ခုကိုသာ လုပ်ကိုင်နိုင်ပြီး စျေးလည်း သင့်တင့် မျှတပါတယ်။ အဲ့ဒီလိုစက်ရုပ်များကို ဟိုးအရင်ကတည်းက တီထွင်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာ အလုပ် အမျိုးမျိုးနဲ့ ရှုပ်ထွေးတဲ့ အလုပ်များကို လုပ်နိုင်တဲ့ စက်ရုပ်များမှာ စျေးကြီးလျက်ရှိနေပါသေးတယ်။
forbes.com မှ Neil Hare (an attorney and President of GVC Strategies) ရေးသားထားတဲ့ How Small Businesses Are Using AI—And How Your Business Can Benefit Too ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ရေးဖွဲ့ထားပါတယ်။
Daw May Thiri Khit
BA (Russian), YUFL
Diploma in English (YUFL), ADBM, DBM
M.Econ. (International Program)
Chiang Mai University, Thailand
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
