'' Assignment ရေးရာမှာ အကောင်းဆုံးအဆင့်များ ရနိုင်စေဖို့ ကူညီပေးမယ့်အချက်များ ''
Assignments ရေးရတဲ့ ကာလတွေဟာ ကျောင်းသားတိုင်းအတွက် အမြဲတမ်း ဖိအားများတဲ့ အချိန်ဖြစ်ပါတယ်။ ကျောင်းသားအားလုံးကတော့ ဖြစ်နိုင်သမျှ အကောင်းဆုံးအဆင့်များကို လိုချင်ကြပေမယ့် တစ်ခါတစ်ရံ ရလဒ်ကောင်းရဖို့ ခက်ခဲပါတယ်။ Assignment ရေးသားနည်း Tips တွေ အများကြီးရှိပေမယ့် ကိုယ့်အပေါ်မူတည်ပြီး အသုံးတည့်မှုကတော့ ကွာခြားပါလိမ့်မယ်။ ဒီဆောင်းပါးမှာ သင့်ကို Assignment ရေးရာမှာ အကောင်းဆုံးအဆင့်များရဖို့ ကူညီပေးမယ့် အကြံပြုချက်တချို့ကို ပြောပြပေးပါ့မယ်။
'' Assignment မှ တောင်းဆိုတဲ့လိုအပ်ချက်များကို နားလည်ပါ။ ''
Learning outcomes ဘယ်နှစ်ခုရှိလဲ။ Pass, Merit, Distinction အဆင့်သတ်မှတ်ချက်များနဲ့ Format သတ်မှတ်ခြင်းဆိုင်ရာ လိုအပ်ချက်များ (ဥပမာ- ခွင့်ပြုထားတဲ့ Font အမျိုးအစားနဲ့ Font Size၊ စာကြောင်း အကွာအဝေး၊ A4 size၊ အထက်အောက် ဘယ်ညာ ၁ လက်မ၊ ခွင့်ပြုစကားလုံးအရေအတွက်) အပါအဝင် တာဝန်လမ်းညွှန်ချက်များကို သေချာစွာဖတ်ရှုနားလည်ကြောင်း သေချာပါစေ။
'' Last Minute မှ Assignment ရေးတာမျိုး မလုပ်ပါနဲ့။''
သင့် Assignment ကို နောက်ဆုံးမိနစ်မှ ကြိုးစားရေးမယ်ဆိုတာမျိုး ဘယ်တော့မှ မစဉ်းစားပါနဲ့။ အကောင်းဆုံး အမှတ်များ၊ အဆင့်ကောင်းများ ရရှိဖို့ သင်လုပ်ဆောင်နေတဲ့ Assignment ကို စာရေးဖို့၊ စီစဉ်ဖို့နဲ့ တည်းဖြတ်ဖို့ အချိန်လိုအပ်ပါတယ်။ Deadline နီးမှ ရေးရင် စိတ်ဖိစီးမှုများပြီး ရလဒ်ကောင်းလဲ မရနိုင်ပါဘူး။
'' ဆရာ၊ဆရာမများပါမောက္ခများထံမှ အကူအညီရယူပါ။ ''
ဒါက အရိုးရှင်းဆုံးနဲ့ တကယ့်ကို အထောက်အကူပြုပါတယ်။ Assignment ရေးရတာ အခက်အခဲ တွေ့နေတယ် ဆိုရင် သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင်သူ ဆရာ၊ ဆရာမများထံမှ အကူညီတောင်းပါ။ သူတို့က Assignment အတွက် လိုအပ်တဲ့ အချက်အလက်များရှာဖွေဖို့ အကောင်းဆုံးနေရာများနဲ့ Assignment မှ တောင်းဆိုထားတဲ့ အရာတွေကို နားလည်စေပြီး သင့်ကို လမ်းမှန်ပေါ်ရောက်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
'' အချက်အလက်များကို သုတေသနပြုပြီး စုဆောင်းပါ။ ''
စေ့စေ့စပ်စပ် သုတေသနပြုလုပ်ပြီး သင်ရေးသားနေတဲ့ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ပညာရေးဂျာနယ်များ၊ စာအုပ်များနဲ့ ဝဘ်ဆိုဒ်များမှ စုဆောင်းပါ။ ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ်တွေကိုသာ အသုံးပြုပါ။ ဥပမာ- Accounting နဲ့ပတ်သက်တဲ့ Assignment ဆိုရင် ACCA Global, Corporate Finance, Principles of Accounting စတဲ့ Websites တွေကို ကိုးကားပါ။
'' သင့်အတွေးများနဲ့ စိတ်ကူးများကို စုစည်းပါ။ ''
သင့်တာဝန်ကို မရေးမီ သင့်အတွေးများနဲ့ စိတ်ကူးများကို စုစည်းဖို့ အကြမ်းဖျင်းတစ်ခု ဒါမှမဟုတ် စိတ်မြေပုံတစ်ခု ဖန်တီးပါ။ ဒါဟာ သင့်စိတ်ကူးတွေကို စုစည်းစေပြီး သင့်အရေးအသားဟာ ယုတ္တိရှိရှိ စီးဆင်းကြောင်း သေချာစေဖို့ ကူညီပေးပါလိမ့်မယ်။
'' သင့်ရဲ့အမှားတွေကနေ သင်ခန်းစာယူပါ။ ''
အရင်ရေးသားဖူးခဲ့တဲ့ Assignments များနဲ့ ရလဒ်များမှ သင့်အမှားများကို သင်ခန်းစာယူပြီးနောက် Assignments များမှာ အလားတူအမှားမျိုး မဖြစ်စေဖို့ သတိပြုပါ။
'' ရှင်းရှင်းလင်းလင်းနဲ့ တိုတိုတုတ်တုတ်ရေးပါ။ ''
သင့်စိတ်ကူးများကို ဖော်ပြဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ ဘာသာစကားကို အသုံးပြုပါ။ သင့်စာဖတ်သူကို စိတ်ရှုပ်ထွေးစေမယ့် ရှုပ်ထွေးတဲ့ စကားလုံးများနဲ့ ဗန်းစကားများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
'' အထောက်အထားနဲ့ ဥပမာများပေးပါ။ ''
စာစစ်သူတွေဟာ ဥပမာပေးပြီး ရေးသားတင်ပြတဲ့ပုံစံကို အလွန်ကြိုက်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် ဥပမာ၊ အထောက်အထားပြရေးနိုင်ခြင်းက Assignment တင်သွင်းသူက သူရေးသားနေတဲ့ခေါင်းစဉ်ကို ကောင်းစွာ နားလည်ကြောင်း သက်သေပြနိုင်လို့ပဲ ဖြစ်ပါတယ်။
'' Draft Assignment ကိုရက်အနည်းငယ်ကြာ မေ့ထားလိုက်ပါ။ ''
Assignment မူကြမ်းတစ်ခု ရေးသားပြီးတာနဲ့ တတ်နိုင်ရင် ရက်အနည်းငယ်ကြာအောင် ပစ်ထားလိုက်ပြီးမှ ပြန်ဆန်းစစ်ပါ။ ဒါဆိုရင် သင့်ရဲ့စိတ်က ပိုလန်းဆန်းလာပြီး သင့်ရဲ့အမှားတွေကို ပိုရှင်းရှင်းလင်းလင်း မြင်လာ ပါလိမ့်မယ်။
'' အရေးအသားတွေကို တည်းဖြတ်ပြီး ပြန်စစ်ပါ။ ''
သင့် Assignment ကို ပြန်လည်သုံးသပ်ပြီး တည်းဖြတ်ဖို့ အချိန်ယူပါ။ သင့် Assignment ကို မတင်ပြမီ၊ စာလုံးပေါင်းနဲ့ သဒ္ဒါအမှားများ၊ စာစီစာရိုက်နဲ့ format ချခြင်းဆိုင်ရာ ပြဿနာများကို သေချာစွာ စစ်ဆေးခြင်း အပြင် သင့်အရေးအသားရဲ့ ရှင်းလင်းပြတ်သားမှုကို မြှင့်တင်နိုင်တဲ့ နေရာများကို ရှာဖွေပါ။
'' သင့်လျော်တဲ့ ကိုးကားချက်ကိုသုံးပါ။ ''
သင့်ကိုယ်ပိုင် အတွေးအခေါ်မဟုတ်တဲ့ တခြားအရင်းအမြစ်တွေကို အသုံးပြုတဲ့အခါ APA၊ MLA ဒါမှမဟုတ် Harvard လို သင့်လျော်တဲ့ format ပုံစံကို အသုံးပြုပါ။ UK Education တော်တော်များများကတော့ Harvard Referencing format ကို အသုံးပြုကြပါတယ်။ ဒါ့အပြင် သင့်ရဲ့အရင်းအမြစ်များကို မှန်ကန်စွာကိုးကားကြောင်း သေချာမှုရှိရပါမယ်။ ဒါက မူရင်းရေးသားသူကို credit ပေးကြောင်း သက်သေတစ်ခုဖြစ်လို့ အရေးကြီးပါတယ်။
'' သင့်ရဲ့ Assignment ကို အချိန်မီပေးပို့ တင်သွင်းပါ။ ''
သင့်ရဲ့ Assignment ကို နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ တင်သွင်းပါတယ်။ နောက်ကျတင်သွင်းမှုများဟာ အဆင့်နိမ့် ဒါမှမဟုတ် ကျရှုံးတဲ့အဆင့်အထိ ဖြစ်စေနိုင်တဲ့အတွက် အထူးဂရုပြုရပါမယ်။
ဒီဆောင်းပါးပါ အကြံပြုချက်တွေကို လိုက်နာခြင်းက သင့်ရဲ့ Assignment ကို တင်သွင်းရာမှာ ပိုမိုကောင်းမွန်တဲ့ အဆင့်ကို ရရှိနိုင်ပါစေကြောင်း ဆန္ဒပြုလျက်.....
Abel, R. (2018) 10 assignment tips that will help you get the best grades possible, Society19 UK. Available at: https://www.society19.com/.../assignment-tips-that-will.../
(Accessed: March 27, 2023).
Daw Thwe Thwe Aye
Latest Articles
ထိရောက်အောင်မြင်တဲ့ အသင်းအဖွဲ့များဖြစ်ဖို့ ရှိရမယ့် လက္ခဏာရပ်များ
2 hours ago
နည်းပညာထက် လူသားများ၏ လုပ်ဆောင်နိုင်စွမ်းအားကို ယုံကြည်ခဲ့သူ စတိဗ်ဂျော့ဘ်စ်
2 hours ago
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
2 days ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
2 days ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
5 days ago
