"အနာဂတ်စီးပွားရေးကို ပြောင်းလဲစေနိုင်မယ့် AI Marketing"
ကျွန်မတို့ အခု ၂၀၂၀ အလွန်မှာ ခေတ်စားလာတဲ့ နည်းပညာတွေထဲမှာ AI နည်းပညာဟာ ပိုမိုကောင်းမွန်ပြီး ဘယ်လုပ်ငန်းတွေမှာမဆို စီးပွားရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ AI ကို နယ်ပယ်အမျိုးမျိုးမှာအသုံးပြုနေပြီး AI marketing ဟာလည်း စျေးကွက်အတွင်း လုပ်ငန်းတွေကို အလွယ်တကူ ပြုပြင်မြှင့်တင်ပေးခြင်း၊ ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ အချက်အလက်များစစ်ဆေးခြင်းကို လုပ်ဆောင်ပေးနိုင်နေပါတယ်။ AI ရဲ့ Data အချက်အလက်များကို ခွဲခြမ်းပြီး သုံးသပ်နိုင်စွမ်းက Marketing အတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခု ဖြစ်လာပါတယ်။
ပုံမှန်ကျွန်မတို့လုပ်ငန်းတွေမှာ Marketing လုပ်ဖို့အတွက်ဆိုရင် လူအင်အားအများအပြားနဲ့ အကြောင်းအရာများကို စဥ်းစားဆောင်ရွက်အချိန်ပေးကြရပါတယ်။ ဒါပေမဲ့ AI နည်းပညာ ရောက်လာတာနဲ့အမျှ Data အခြေခံသဘောတရားများကို အသုံးပြုပြီး ပိုပြီးအဆင့်မြင့်အောင် ပြုပြင်ပြောင်းလဲလာပါတယ်။ AI Marketing ကို ဘာကြောင့်အသုံးပြုသင့်သလဲဆိုရင် သူ့မှာ Machine Learning, Natural Language Processing (NLP) နဲ့ Predictive Analytics အစရှိတဲ့ နည်းပညာတွေ ပါဝင်ပါတယ်။ ဒီနည်းပညာမှာ Customer တွေရဲ့ Behaviour ကို နားလည်ပြီး စျေးကွက်ခန့်မှန်းချက်များ ပြုလုပ်ခြင်း၊ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ အချက်များကို အသုံးပြုပြီး Marketing Plan များလည်း ဖန်တီးနိုင်ပါသေးတယ်။
AI Marketing အတွက် အဓိကအသုံးချလို့ရတဲ့ အချက်အနည်းငယ်ကို ဆွေးနွေးတင်ပြထားပါတယ်။ Predictive Analytics: ယခင်က data တွေကို အသုံးပြုပြီး အနာဂတ်ကာလအတွက် စျေးကွက် ခန့်မှန်းချက်များကို ပြုလုပ်ပြင်ဆင်ပေးခြင်း ပြုလုပ်နိုင်ပါတယ်။ Marketing အတွက် AI ဟာ Customer အပြုအမူများကို ခန့်မှန်းပြီး စီမံချက်များကို ပြုလုပ်ပေးနိုင်ပါတယ်။
Personalization: AI ဟာ customer များရဲ့ အချက်အလက်များနဲ့ အပြုအမူများကို ခန့်မှန်းစမ်းသပ်ပြီး အချိန်တစ်ပြေးညီ စိတ်ကြိုက်စီမံထားတဲ့ စျေးကွက်အစီအစဥ်တွေကို ဖန်တီးပေးနိုင်ပါသေးတယ်။
Customer Segmentation: AI ဟာ လုပ်ငန်းတွေရဲ့ customer များကို အုပ်စုခွဲခြင်းတွေပါ ပြုလုပ်ပေးနိုင်ပါတယ်။ AI Tools တွေဟာ dataတွေသုံးပြီး customer group အလိုက် အုပ်စုခွဲခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ Customer Segmentation လုပ်ခြင်းဟာ Marketing Plan ချဖို့အတွက် များစွာထိရောက်ပြီး မှန်ကန်တဲ့ Investment ဖြစ်ပြီး လုပ်ငန်းအတွက် အကျိုးအမြတ်များစွာ ဖြစ်ထွန်းစေပါတယ်။
Chatbots: လုပ်ငန်းများအတွက် အရေးပါတဲ့ customer service နဲ့ Marketing အတွက် Chatbots နဲ့ တခြားအထောက်အပံ့ပေးတဲ့ Tools များဟာ Online ဝန်ဆောင်မှုများမှာ အကူအညီအထောက်အပံ့ ဖြစ်လာပါတယ်။ ဒီ Tool တွေဟာ လူတွေအစား Customer များရဲ့ မေးခွန်းတွေကို 24/7 ဖြေကြား ပေးနိုင်ပြီး customer များကို မှန်ကန်တဲ့လမ်းညွှန်မှုတွေပါ ပေးနိုင်ကြပါပြီ။
Content Creation: AI ဟာ Marketing အတွက် အကြောင်းအရာများ ဖန်တီးခြင်းနဲ့ ရေးသားပေးနိုင်ခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ Natural Language Processing Algorithm များကို အသုံးပြုပြီး Blog Post များ၊ Social Media Update များ၊ မိမိ Product နဲ့ ပတ်သက်တဲ့အချက်များ ထုတ်ပြန်ရာမှာလည်း များစွာအသုံးဝင်ပါသေးတယ်။
တခြားသော AI Marketing အတွက် အသုံးပြုနေတဲ့ features တွေနဲ့ tools တွေလည်း များစွာရှိနေပါသေးတယ်။ AI ကို လုပ်ငန်းခွင်တွေမှာ အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်စေပြီး၊ Marketing Plan များကအစ ပြုလုပ်ပေးနိုင်တာကြောင့် လုပ်ငန်းကုန်ကျစရိတ်များ သက်သာစေ ပါတယ်။ AI Marketing စနစ်တကျစုစည်းထားတဲ့ data များကို ဆန်းစစ်သုံးသပ်နိုင်စွမ်းရှိတာကြောင့် Marketing အတွက် မှန်ကန်တဲ့အချက်အလက်များနဲ့ ခန့်မှန်းချက်များကို အချိန်တိုအတွင်း ရရှိစေ ပါတယ်။ အဲ့ဒီမှန်ကန်ပြီး နီးစပ်တဲ့အချက်အလက်များကို အခြေခံကာ လုပ်ငန်းတွေရဲ့အတွေ့အကြုံများ ပူးပေါင်းပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင်တာကြောင့် AI Marketing ဟာ လုပ်ငန်းများအတွက် အကျိုးကျေးဇူးအများအပြား ရရှိစေပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
ကောင်းမွန်တဲ့ IT Project Manager တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မလဲ
6 days ago
Startup လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေရှာဖွေနည်း (၈) မျိုး
6 days ago
လုပ်ငန်းခွင်အတွင်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် နားလည်မှုလွဲမှားခြင်းများလျှော့ချခြင်း။
1 month ago
အကောင်းမြင်စိတ်ဖြင့် မိမိကိုယ်ကို အနုတ်လက္ခဏာဆန်ဆန် ပြောဆိုမှုများကို ရပ်တန့်ခြင်း
1 month ago
လုပ်ငန်းငယ်များနဲ့ တစ်ပတ်လည်စီးပွားရေးစနစ်: အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် အဓိကကျပါတယ်
1 month ago
