အချိန်ဆွဲတဲ့အကျင့်ကို ဘယ်လိုကျော်လွှားကြမလဲ ?
အချိန်ဆွဲခြင်းအကျင့်က သူသူငါငါ လူတိုင်းလိုလို ကျောင်းသားဘဝ၊ လုပ်ငန်းခွင် ဝန်ထမ်းဘဝမှာရော၊ အိမ်မှုကိစ္စများလုပ်ဆောင်ရာမှာပါ ဖြတ်သန်းရတဲ့ဘဝတစ်လျှောက်လုံးမှာ လုပ်ဖူးကြတဲ့အရာတစ်ခု ဖြစ်လို့ နေတယ်။ ဘယ်လောက်ပဲစနစ်တကျနဲ့ တိတိကျကျလုပ်ကိုင်တတ်သူတွေတောင်မှ တစ်ချိန်ချိန်မှာတော့ ကိစ္စ တစ်ခုတလေမှာ အချိန်ဆွဲခြင်းအကျင့်ကို ပြုလုပ်မိတတ်ကြတယ်။ အချိန်ဆွဲခြင်းအကျင့်က ကိုယ့်ဘဝမှာ တိမ်းစောင်းသွားနိုင်တဲ့သက်ရောက်မှုမျိုးရှိနိုင်တယ်ဆိုတာ လူတိုင်းလိုလိုသတိပြုမိတဲ့ လက်ခံချင်ကြတဲ့အချက် ဖြစ်လို့နေတယ်။
ကဲ ဒါဆို နောက်ဆုံးမှကပ်လုပ်တော့ လုပ်ဆောင်ချက်အရည်အသွေးကောင်းမွန်မှု အားနည်းသွားတာ မျိုးတွေ၊ စိတ်ဖိစီးမှု၊ စိုးရိမ်မှုတွေဖြစ်နိုင်တဲ့ အချိန်ဆွဲခြင်းအကျင့်ကို ဘယ်လိုကျော်လွှားနိုင်မလဲဆိုတော့
၁။ ကြောက်ရွံ့မှုကို deal လုပ်မယ်။
ကြောက်ရွံ့မှုက အချိန်ဆွဲခြင်းအကျင့်ကို ဖြစ်စေနိုင်တဲ့အချက်တစ်ခုထဲက တစ်ခုဖြစ်ပါတယ်။ အကြောက်တရားတွေထဲမှာ မအောင်မြင်မှာ/ကျရှုံးမှာစိုးတာ၊ မှားမှာစိုးတာ၊ အောင်မြင်မှာစိုးတာ စတာတွေ ပါဝင်တယ်။ အောင်မြင်မှုကိုကြောက်ရွံ့တယ်ဆိုတာက ကိုယ်က အဲ့ဒီအောင်မြင်မှုနဲ့ မထိုက်တန်ဘူးလို့ တိတ်တဆိတ် ယုံကြည်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ရည်ရွယ်တဲ့ပန်းတိုင်ကိုရောက်ဖို့ ကိုယ့်ကို ဘယ်အရာက တားဆီးဟန့်တားနေလဲဆိုတာ သတိပြုမိဖို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့မှားယွင်းနေတဲ့ ထင်မြင်ယူဆချက်၊ ယုံကြည်မှုတွေကို challenging လုပ်ဖို့ စိတ်ပညာရှင်က အကြံပေးထားတယ်။ တစ်ခုခုကို စလုပ်ဖို့ ဟန့်တားနေတဲ့ အကြောက်တရားတွေကို ရင်ဆိုင်ခြင်းဖြင့် အချိန်ဆွဲခြင်းအကျင့်ကို ကျော်လွှားဖို့ စတင်နိုင်တယ်။
၂။ စာရင်းပြုလုပ်မယ်။
ကိုယ်ပြီးမြောက်ချင်တဲ့ အလုပ်လေးတွေကို to-do list လေးတွေပြုလုပ်ပြီး တကယ်လို့ deadline ရှိခဲ့ရင် item တစ်ခုချင်းစီဘေးမှာ date လေးထည့်ပေးတာမျိုး၊ အလုပ်လေးတွေကပြီးဖို့ ဘယ်လောက်ကြာမလဲ ဆိုတာခန့်မှန်းပြီး ကြာချိန်လေးတွေပါ ထည့်တွက်ထားတာမျိုး လုပ်ပေးလို့ရတယ်။
၃။ အလုပ်တွေကို စီမံနိုင်တဲ့အရွယ်အစားဖြစ်အောင် ခွဲခြမ်းစိတ်ဖြာခြင်း။
Project အကြီးစားတွေ လုပ်ကိုင်ရတဲ့အခါ လုပ်ရမှာတွေများလွန်းလို့ အားလျော့တာမျိုး၊ စိတ်ပျက်တာ မျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲ့ဒီအခါ ကိုယ်လုပ်ရမယ့်ထဲက တစ်ခုကို series လိုက် အဆင့်သေးသေး လေးတွေအဖြစ် ပိုင်းဖြတ်လိုက်ပြီး စတင်လုပ်ဆောင်ပါ။
၄။ အချိန်ဆွဲတတ်တဲ့အကျင့်ပေါ်လာရင် သတိပြုပါ။
ကိုယ်လုပ်ရမယ့်အလုပ်လေးတွေလုပ်ရင်း ဒါမှမဟုတ်လုပ်ဖို့စရင်းနဲ့ “ငါဒါကြီးကို အခုလုပ်ရတာ သိပ်သဘောမတွေ့ဘူး” “ဒီဟာကိုနောက်မှလုပ်လည်းရတာပဲ” စတဲ့အတွေးတွေတွေးနေရင်တော့ ကိုယ့်စိတ်ထဲကို အချိန်ဆွဲချင်တာမျိုးဝင်လာနေပြီ။ အဲ့ဒီအချိန်မှာ ကိုယ့်အလုပ်ကို မိနစ်အနည်းငယ်လောက် အချိန်ပေးပြီး လုပ်လိုက်ပါ။ ဘာလို့လဲဆိုတော့ များသောအားဖြင့် အလုပ်စလုပ်လိုက်ပြီဆိုရင် ပြီးဖို့ကအလွယ်လေး ဖြစ်သွားတတ်လို့ပါ။
၅။ စိတ်ပျံ့လွင့်စေတာတွေကိုဖယ်ရှားထားပါ။
ကိုယ့်စိတ်အာရုံက TV ဒါမှမဟုတ် facebook က အကြောင်းအရာတွေကို ရောက်နေမယ်ဆိုရင်တော့ အလုပ်ကောင်းကောင်းလုပ်ဖို့ ခက်ခဲနေလိမ့်မယ်။ သီချင်း၊ တီဗီ၊ ဆိုရှယ်မီဒီယာစတာတွေကို ခဏဖြတ်ထားပြီး အဲ့ဒီအချိန်တွင်းမှာ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစူးစိုက်မှုအပြည့်နဲ့ပြုလုပ်ပါ။
၆။ ကိုယ့်ကိုယ်ကိုယ်ဆုချပါ။
အလုပ်ပြီးမြောက်သွားတဲ့အခါမှာ ကိုယ်စိတ်ဝင်စားတဲ့၊ ကိုယ့်အတွက်ပျော်ဖို့ကောင်းတဲ့ အရာလေးတွေ ဖြစ်တဲ့ အားကစားပွဲ၊ video game ကစားတာတို့၊ ကိုယ်အကြိုက်ဆုံး TV ရှိုးကြည့်တာတို့ကို ကိုယ့်ကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ ပြုလုပ်ပေးပါ။ ကျွန်မကိုယ်တိုင်လည်း ဒီအချိန်ဆွဲတဲ့အကျင့်ကို ရှိနေဆဲ၊ ပြုလုပ်နေမိဆဲပါ။ အချိန်ဆွဲတဲ့အကျင့်ကို ဖျောက်ဖျက်ဖို့က မလွယ်ကူတဲ့အရာဖြစ်ပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်ကာ ကိုယ့်အတွက် အလုပ်ဖြစ်မယ့်ပုံစံမျိုးနဲ့ အလုပ်တွေလုပ်ကိုင်ရာမှာပိုမိုထိရောက်ပြီး အချိန်မီပြီးစီးကာ အရည်အသွေးပြည့်မီတဲ့ ရလဒ်မျိုးရအောင် ကြိုးစားရပါလိမ့်မယ်။
Verywellmind.com မှ How to Overcome Procrastination for Improved Mental Health ဆောင်းပါးကို သင့်တော်သလို ဘာသာပြန်ထားပါတယ်။
Reference
Cherry, K., 2023. How to Overcome Procrastination for Improved Mental Health. [Online] Available at: https://www.verywellmind.com/tips-for-overcoming-procrastination-2795714 [Accessed 26 May 2024]
Daw Myint Zu Phyo
BBM (NMDC), MBA (YUE)
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
