“Academic life နဲ့ personal life ကိုမျှတစေဖို့ အသုံးဝင်တဲ့နည်းလမ်းများ”
University life မှာ လူငယ်ဘဝရဲ့ လွတ်လပ်ခြင်းကို အပြည့်အဝခံစားလာရသလို သင်ယူရတဲ့စာတွေကလည်း အခြေခံပညာအဆင့်ထက် ပိုပြီးမြင့်လာတာကို ကျောင်းသားတိုင်း သေချာပေါက်ခံစားမိမှာပါ။ ဒါကြောင့် ကျောင်းသားများအနေနဲ့ personal life မှာပဲ ပျော်ပါးနေလို့မရဘဲ ကိုယ်ယူထားတဲ့ major ရဲ့ assignment တွေ၊ exam တွေကိုလည်း အောင်မြင်အောင်ကြိုးစားမှ ကိုယ့်ဘဝရှေ့ရေးအတွက်အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားတွေအတွက် ဒီ life နှစ်ခုကို balance ဖြစ်အောင် ဘယ်လိုလုပ်ရင် ပိုအဆင်ပြေနိုင်လဲဆိုတဲ့ tips လေးတွေကို ဒီစာလေးထဲမှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
၁။ မိမိအတွက် အရေးကြီးတဲ့အရာကို ဦးစားပေးပါ။
မိမိအတွက် ဘယ်ဟာကအရေးကြီးလဲဆိုတာကို မိမိကိုယ်တိုင်ခွဲခြားတတ်ဖို့က ဘဝမှာ balance ဖြစ်နေဖို့အတွက် အဓိကအရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဥပမာ deadline တွေနီးတဲ့အခါ အပြင်တွေလျှောက်သွား၊ ပျော်ပါးမနေတော့ဘဲ မိမိရဲ့ academic ပိုင်းကို အာရုံစိုက်ပြီး ကိုယ်တတ်နိုင်သလောက် အားထုတ်တာမျိုးပေါ့။ ဒါပေမဲ့ မဖြစ်မနေလုပ်ရမယ့် personal ကိစ္စတွေကလည်း ရှိလာနိုင်တာဖြစ်လို့ ဒီလို academic ပိုင်းကို deadline နီးမှကောက်ကာငင်ကာ လုပ်တာထက် ကြိုတင်ပြင်ဆင်ပြီး စောစောအပြီးသတ်ထားတာက academic အတွက်ရော personal အတွက်ပါ balance ဖြစ်ဖို့အတွက် ပိုမိုအဆင်ပြေတဲ့နည်းလမ်းတစ်ခုပါပဲ။
၂။ ကိစ္စတိုင်းကို ကန့်သတ်ချက်သတ်မှတ်ထားပါ။
ဘယ်အရာပဲဖြစ်ဖြစ် ကန့်သတ်ချက်တစ်ခုသတ်မှတ်ထားခြင်းက နေ့စဉ်ဘဝကို မျှမျှတတဖြစ်စေဖို့ ပိုမိုအထောက် အကူပြုပါတယ်။ ကန့်သတ်ချက်သတ်မှတ်တယ်ဆိုတာ ဥပမာအားဖြင့် တစ်နေ့ကို ဘယ်နှစ်နာရီစာလုပ်မယ်၊ ဘယ်အချိန်မှာ အနားယူမယ် စသဖြင့် အချိန်တွေကို သေချာစီမံခွဲခြမ်းထားတဲ့သဘောကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီလိုသေချာသတ်မှတ်ထားတဲ့အတွက် ဟန်ချက်မှန်မှန်နဲ့ စာတွေကိုလိုက်နိုင်တဲ့အပြင် အနားယူ ချိန်ရော၊ social life အတွက်ရောပါ သီးသန့်အချိန်ကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ထပ်တိုးပြောရရင် balance မဖြစ်တဲ့အတွက် ရရှိလာနိုင်တဲ့ pressure တွေ၊ stress တွေကိုလည်း အများကြီးလျှော့ချပေးနိုင်လို့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကိုလည်း အများကြီးအထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်။
၃။ Healthy Lifestyle ဖြစ်အောင် မိမိကိုယ်ကိုယ် ဂရုစိုက်ပါ။
မိမိကိုယ်ကိုယ် self-care ပုံမှန်လုပ်ပေးခြင်းက မိမိရဲ့လိုအပ်ချက်တွေ၊ လိုချင်မှုတွေ၊ တာဝန်တွေကို သေချာဝေဖန်ပိုင်းခြားလာနိုင်ဖို့ အများကြီးအထောက်အကူပြုပါတယ်။ မိမိရဲ့ကျန်းမာရေးကိုဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်း၊ မိမိစိတ်ထဲကကျဉ်းကျပ်နေမှုကို ဖြေလျော့အောင် journaling လုပ်ခြင်း စတဲ့နည်းလမ်းတွေကလည်း healthy lifestyle ရရှိဖို့အတွက် self-care လုပ်တဲ့ထဲမှာ ပါဝင်ပါတယ်။ ထို့အတူပဲ လမ်းလျှောက်ခြင်းဟာ ကိုယ်လက်လှုပ်ရှားမှုကို ဖြစ်စေတဲ့အပြင် လေကောင်းလေသန့်ရရှိမှုက စိတ်ကိုပေါ့ပါး စေတာကြောင့် healthy lifestyle ဖြစ်ဖို့အတွက် အကြံကောင်းတစ်ခုပါပဲ။ ဒီလို ကိုယ့်ကိုယ်ကိုယ် အချိန်ပေးဖြစ်တာကြောင့် စိတ်ကြည်လင်လန်းဆန်းမှုကို တိုးတက်စေတဲ့အပြင် မိမိသင်ရမယ့်စာမှာလည်း အာရုံပိုမိုစူးစိုက်လာနိုင်ပြီး social life မှာပါ ပိုမိုလိုက်လျောညီထွေလာစေနိုင်ပါတယ်။ ထို့အတူပဲ မိမိအတွက် အရေးကြီးတဲ့အလုပ်တွေကို ကိုယ်တိုင်ဆန်းစစ်လာနိုင်လို့ life နှစ်ခုလုံး balance ဖြစ်လာမှာ အသေအချာပါပဲ။
၄။ မိမိကိုယ်ကိုယ် အနားယူဖို့အချိန်ပေးဖို့မမေ့ပါနဲ့။
Academic နဲ့ personal life တွေကို balance ဖြစ်အောင်နေဖို့ အားအင်လည်း အလုံအလောက်ရှိရပါမယ်။ အားအင်အလုံအလောက်မရှိတဲ့အခါ ကိုယ်ခန္ဓာအတွက် ကျန်းမာရေးထိခိုက်လာနိုင်တဲ့အပြင် စိတ်ပင်ပန်းနွမ်းနယ် တာကြောင့် ရေရှည်မှာ စိတ်အားငယ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း စတဲ့ စိတ်ကျန်းမာရေး ရောဂါများအထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိရဲ့အားအင်ပြည့်ဝနေဖို့ တစ်နေ့တာအတွက် လုံလောက်တဲ့ အနားယူချိန်ကို သေချာအပြည့်အဝထားရှိရပါမယ်။ အထူးသဖြင့် စာလုပ်တဲ့နေရာမှာ မပြီးပြီးအောင် အတင်း မလုပ်ဘဲ ကြားထဲမှာ ဦးနှောက်ကို အနားယူချိန်ပေးပြီးမှ လုပ်သင့်ပါတယ်။ ဒါမှသာ ဦးနှောက်က စာတွေ အားလုံးကို မှတ်ယူနိုင်ဖို့ စွမ်းအင်ပြည့်ဝနေမှာ ဖြစ်ပါတယ်။ Social Life မှာလည်း စိတ်ပင်ပန်းတဲ့အထိ communication တွေ၊ အပြင်ထွက် လျှောက်သွားတာတွေ ဆက်တိုက်မလုပ်ဘဲ မိမိအတွက် အနားယူချိန်ပေးဖို့ မမေ့ကြပါနဲ့။ ဒီလိုပျော်စရာကောင်းတဲ့ uni life မှာကျောင်းသားတွေအနေနဲ့ အရာအားလုံးကို balance ဖြစ်ဖို့အခက်တွေ့ကောင်းတွေ့နိုင်ကြမှာပါ။ ဒါကြောင့် ဒီစာလေးကိုဖတ်ပြီး ကျောင်းသားအားလုံးလည်း academic ပိုင်းမှာ စာတွေကိုသေချာလုပ်လာနိုင်တဲ့အပြင် personal ကိစ္စတွေအတွက် ပေးရမယ့်အချိန်တွေကိုပါ သေချာစီမံခန့်ခွဲလာနိုင်ဖို့ အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ပဲ ဒီစာလေးကို နိဂုံးချုပ်ပါရစေ။
Su Yadanar Htet
(Business Management -26)
SFU-Media Club (Undergraduate Programme)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
22 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
22 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
