ကြိုကြိုတင်တင်ပြင်ပြင်ဆင်ဆင် ( Proactive Manner)
အလုပ်မှာပဲဖြစ်ဖြစ်၊ ဘဝမှာပဲဖြစ်ဖြစ်၊ ဖြစ်လာနိုင်ခြေရှိတဲ့အရာများ၊ လိုအပ်ချက်များ၊ အပြောင်းအလဲများကို စဉ်းစားတတ်တဲ့အပြုအမူကို proactive manner လို့ခေါ်ပါတယ်။ ဖြစ်လာမှတုံ့ပြန်ဖြေရှင်းတာကိုတော့ reactive manner လို့ ခေါ်ပါတယ်။ Proactive manner ရှိခြင်းက မိမိတတ်နိုင်တဲ့ အရာအပေါ်မှာ ပိုမိုအာရုံစိုက်နိုင်ပါတယ်။ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ လုပ်ငန်းခွင်လိုအပ်ချက်တစ်ခုလည်းပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ လူတော်လူကောင်းတွေရှိမှသာ လိုရာပန်းတိုင်ကို ရောက်နိုင်မယ် မဟုတ်ပါလား။ မိမိမှာ proactive manners ရှိ၊ မရှိ အောက်ပါ မေးခွန်းတွေကနေတစ်ဆင့် ဆန်းစစ်နိုင်ပါတယ်။
၁။ မိမိမှာ ကာလရှည်ပန်းတိုင်ရှိပါသလား။
၂။ အလုပ်နဲ့ ဘဝမှာ ဦးဆောင်အစပြုသူလား၊ နောက်ကလိုက်သူလား။
၃။ လုပ်ကိုလုပ်ရမယ့် ဆုံးဖြတ်ချက်တွေ ရှိပါသလား။
၄။ အနာဂါတ်ကိုစဉ်းစားပြီး ကြိုတင်တွက်ဆထားတာတွေ ရှိပါသလား။
၅။ ဘဝဟာ သင့်ရဲ့ ဦးဆောင်မှုနောက်မှာ မရှိဘူးလို့ ခံစားရပါသလား။
လုပ်ငန်းခွင်ရှိလူများဟာ proactive manner ရှိကြောင်းပြသဖို့ အောကက်ပါနည်းလမ်းတွေကို အသုံးပြု နိုင်ပါတယ်။
၁။ Feedback ပေးတဲ့အထိမစောင့်ဘဲ မိမိကစပြီးရှာဖွေပါ။ လေ့လာချင်စိတ်၊ တိုးတက်ချင်စိတ်ရှိပါစေ။
၂။ သက်ဆိုင်သူတွေကို ပြောင်းလဲတိုးတက်မှုများကို အသိပေးပါ။
၃။ မေးခွန်းမေးဖို့ မတွန့်ဆုတ်ပါနဲ့။
၄။ အစည်းဝေးမှာ တက်ကြွနေပါစေ၊ အကြံပေးခြင်း၊ ဆွေးနွေးခြင်း၊ ပါဝင်ခြင်း၊ မျှဝေခြင်း စတဲ့ Proactive manner and mindset မရှိရင်တော့ ရှိအောင်လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေကို သုံးပြီး လေ့ကျင့်နိုင်ပါတယ်။
၁။ စကားလုံးများကို ဂရုပြုပါ။ ဥပမာ ‘ ငါဖြစ်အောင်လုပ်မယ်’ ဆိုတာနဲ့ ‘ တကယ်လို့ ဖြစ်လာခဲ့ရင် လုပ်မယ်’ ဆိုတာက မတူပါဘူး။
၂။ ကြိုတင်ပြင်ဆင်တတ်ပါစေ။ အချိန်မီ မပြီးခြင်း၊ နောက်ကျခြင်းတွေဟာ အထင်မြင်သေးစရာဖြစ်လို့ ကြိုတင်ပြင်ဆင်သင့်ပါတယ်။
၃။ ပန်းတိုင်ထားပါ။ ပန်းတိုင်ထားခြင်းက အလုပ်ပြီးမြောက်မှု မြန်ဆန်စေပါတယ်။
၄။ ဦးစားပေးအဆင့်သတ်မှတ်ပါ။ အရာရာက အကန့်သတ်ရှိတာမို့ လုပ်သင့်တာကို အရင်လုပ်ရမှာပါ။
၅။ ပြဿနာ ဖြေရှင်းတတ်ပါစေ။ ပြဿနာဖြေရှင်းတဲ့နည်းလမ်း များစွာရှိပါတယ်။
၆။ တာဝန်ယူပါ။ မိမိရဲ့ အပြုအမူ အားလုံးအတွက် တာဝန်အရှိဆုံးသူဟာ မိမိပါပဲ။
၇။ အတိတ်ထဲမှာ နှစ်မြုပ်မနေပါနဲ့။ အတိတ်ထဲကအရာတွေကနေတစ်ဆင့် သင်ခန်းစာယူရမှာပါ။ နောက်ထပ် တူညီတဲ့အမှားမကျူးလွန်ဖို့ပါပဲ။
ကြိုကြိုတင်တင်ပြင်ပြင်ဆင်ဆင်ရှိတဲ့လူတွေဟာ အောင်မြင်မှုရတဲ့သူတွေပါပဲ။ မှန်ကန်တဲ့ပတ်ဝန်းကျင်မှာသာရောက်နေရင် ဘဝတက်လမ်းဖန်တီးမှု အင်မတန်မြန်ပါတယ်။ ကံကောင်းမှုဆိုတာက အခွင့်ရေးနဲ့ ကြိုတင်ပြင်ဆင်မှုပေါင်းဆုံတာပဲမို့ ကြိုကြိုတင်တင် ပြင်ပြင်ဆင်ဆင် ပြုထားသင့်လှပါတယ်။ ‘’ အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုတဲ့’’ စကားအတိုင်းပဲပေါ့။
ကိုးကား : : clocking.me/blog/managing-time/be-proactive
Dr.Sandi Win (Professional Lecturer)
BCSc (UCSM), DBL(MU), PGDE(MUFL), FTBE(Pearson,LCCI), MCSc (UCSM), MBA(MIE),
Ph.D in Management Science, SIU(Thailand),
Latest Articles
US နှင့် UK ရှိ Starbucks ကော်ဖီဆိုင်အချို့ကို ပိတ်သိမ်းခြင်း
5 days ago
ကုန်လှောင်ရုံ ပစ္စည်းအထားအသို စီမံရာတွင် ABC စနစ်အသုံးပြုခြင်း (Warehouse Layout ပြင်ဆင်ခြင်း)
5 days ago
ရေရှည်တည်တံ့တဲ့ အနာဂတ်အတွက် Modular Construction နည်းပညာ
5 days ago
ကမ္ဘာကြီးကို တုန်လှုပ်သွားစေနိုင်တဲ့ ကြောက်စရာကောင်းတဲ့ AI အန္တရာယ် (၇) မျိုး
6 days ago
IT Project Manager ဖြစ်လာဖို့ လမ်းညွှန်ချက်များ
1 month ago
