ကျောင်းသား၊ ကျောင်းသူတွေအတွက် အကျိုးရှိစေတဲ့ Learning style (၃) မျိုး
ပညာသင်ကြားခြင်းဟာ လူတစ်ယောက်ချင်းစီကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်စေပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်စေပါတယ်။ ကျွန်မတို့ ငယ်ရွယ်ချိန်မှစပြီး ယခုအချိန်အထိ ပညာ သင်ကြားခြင်းမှာ လေ့လာတတ်မြောက်ဖို့အတွက် လေ့လာဆည်းပူးနည်းမျိုးစုံ အသုံးပြုခဲ့ကြပါတယ်။ နေ့စဉ် သင်ကြားလိုက်တဲ့ သင်ခန်းစာများ၊ လေ့ကျင့်ခန်းများကို လေ့လာကြရာမှာ လူတိုင်းက သူတို့ရဲ့ အားသာတဲ့ ကျက်မှတ်နည်းတွေကို အသုံးပြုကြပါတယ်။စာသင်ကြားတဲ့ ဆရာ၊ ဆရာမများအနေနဲ့ သင်ကြားတဲ့ သင်ခန်းစာတွေကို တတ်မြောက်အောင် သင်ကြားပေးဖို့ လိုအပ်သလို ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူမှုပုံစံအနေအထား အားသာချက်၊ အားနည်းချက်ပေါ်မူတည်ပြီး သင်ကြားမှု ပုံစံများကို မြှင့်တင်ခြင်း၊ နည်းလမ်းများ လိုအပ်သလို ပြောင်းလဲ သင်ကြားခြင်းများ ပြုလုပ်သင့်ပါတယ်။ သင်ယူတဲ့ ကျောင်းသား၊ ကျောင်းသူများ အနေနဲ့လည်း မိမိရဲ့သင်ယူမှု အားသာချက်၊ အားနည်းချက်ကို လေ့လာပြီး စာလေ့လာရာမှာ မှန်ကန်တဲ့ လွယ်ကူအကျိုးရှိစေမယ့် နည်းလမ်းတွေကို သိထားခြင်းက မိမိရဲ့ သင်ကြားလေ့လာရေးတစ်လျှောက်မှာ မှန်ကန်တဲ့နည်းများနဲ့ လေ့လာ နိုင်မှာ မလွဲဧကန် ဖြစ်ပါတယ်။
သင်ယူမှု နည်းများစွာ ရှိတဲ့အထဲမှ VAK model နည်းလမ်းဟာ သင်ယူသူရဲ့ သင်ယူမှုစတိုင်လ်များ၊ သင်ခန်းစာများကို မှတ်မိတဲ့ စတိုင်လ်များ အားသာချက်၊ အားနည်းချက်ကို မူတည်ပြီး သင်ကြားနိုင်တဲ့၊ သင်ယူနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ VAK model ထဲမှ V က visual (အမြင်အာရုံ)၊ Auditory (အကြားအာရုံ) ၊ Kinethetics (လှုပ်ရှား ထိတွေ့မှု့များ ) တို့ကို ဆိုလိုပါတယ်။သင်ယူသူတိုင်းဟာ အထက်မှာဖော်ပြထားတဲ့ အမျိုးအစားတစ်ခုထဲမှာ အံဝင်ခွင်ကျဖြစ် မနေဘူးဆိုတာလည်း သိထားဖို့ လိုအပ်လှပါတယ်။
Visual Learner (အမြင်အာရုံနဲ့ သင်ယူသူ)
Visual Learner များဟာ သင်ယူလေ့လာရာမှာ သင်ယူတဲ့ သတင်းအချက်အလက်များ၊ သင်ခန်းစာ များကို ပုံများ၊ မြေပုံများ၊ chart များ၊ လမ်းညွှန်များ၊ note မှတ်ခြင်းများ၊ Video များမှ လေ့လာရာမှာ အားသာကြပါတယ်။ သင်က Visual Learner တစ်ယောက်ဆိုရင် စာဖတ်ခြင်းနဲ့ ပုံတွေကို ကြည့်ခြင်းအားဖြင့် သင်နိုင်တဲ့သူဖြစ်ခြင်းနဲ့ အဲလိုသင်ယူထားတဲ့ သင်ခန်းစာတွေကို ပိုမိုပြီး မှတ်မိပါက သင်ဟာ Visual leaner ဖြစ်ပြီး သင့်ခေါင်းထဲမှာ သင်ယူနေတဲ့ အကြောင်းအရာတွေကို အမြင်အာရုံနဲ့ပုံဖော်ပြီး အကောင်းဆုံး မှတ်သားနိုင် ပါတယ်။ အဲ့အတွက် Visual learner ကျောင်းသားများအနေနဲ့ မိမိအားသာချက်ဖြစ်တဲ့ အမြင်အာရုံပေါ် မူတည်ပြီး သင်ယူတဲ့ အကြောင်းအရာတွေကို ပုံများနဲ့ ပုံဖော်ခြင်း၊ သင်ခန်းစာများကို note ထုတ်ခြင်း၊ တချို့သင်ခန်းစာများကို ရုပ်ပုံများနဲ့ ပုံဖော်ခြင်း၊ tutorial video များနဲ့ လေ့လာခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
Auditory Learner (အကြားအာရုံနဲ့ သင်ယူသူ)
Auditory Learner များဟာ သင်ယူလေ့လာရာမှာ မိမိသင်ခန်းစာများကို အသံဖြင့်လည်းကောင်း၊ နားထောင်ခြင်းမှလည်းကောင်း အချိန်ကြာရှည်စွာ မှတ်မိနိုင်ပြီး၊ သင်ခန်းစာတွေကို အသံဖိုင်များမှ လေ့လာခြင်း၊ တခြားသူတစ်ယောက် ပြောနေတဲ့ အကြောင်းအရာတွေကို ကောင်းမွန်စွာ မှတ်မိရာမှာ အင်မတန် အားသာ ကြပါတယ်။ အဲဒီ Auditory Learner အမျိုးအစားများဟာ သင်ကြားနေတဲ့ စာသင်ခန်းမှာ ဆရာသင်ကြားနေတဲ့အချိန်မှာ အာရုံစူးစိုက်မှုအပြည့်နဲ့ နားထောင်ခြင်း၊ audio files များနဲ့ နားထောင်ခြင်း၊ သင်ကြားမှုပြီးဆုံးတဲ့အခါမှာ မေးခွန်းများမေးခြင်း ၊ အဖြေရှာပြီး ဆွေးနွေးခြင်းများ ပြုလုပ်သင့်ပါတယ်။
Kinesthetic Learner (လှုပ်ရှား ထိတွေ့မှု့များမှ တစ်ဆင့် သင်ယူခြင်း)
Kinesthetic Learner များဟာ ထိတွေ့လှုပ်ရှားမှု့များ၊ လက်တွေ့လုပ်ဆောင်ခြင်းများ၊ အတွေ့အကြုံများမှတစ်ဆင့် သင်ယူတဲ့သူများဖြစ်ပါတယ်။ Kinesthetic learner များဟာလည်း အဲဒီလိုသင်ကြားမှုတွေကို ပိုမိုခုန်မင်ပြီး အဲလိုသင်ကြားခဲ့တဲ့ သင်ခန်းစာတွေကို ကောင်းမွန်စွာ မှတ်မိနေလေ့ ရှိပါတယ်။ ကိုယ်လက်လှုပ်ရှားပြီး သင်ယူရခြင်း၊ သင်ထောက်ကူကိရိယာများအကူညီနဲ့ သင်ယူရခြင်းကိုလည်း ပိုမိုနှစ်သက်လေ့ ရှိပါတယ်။ Kinesthetic learner များဟာ သင်ကြားတဲ့ သင်ခန်းစာတွေကို လှုပ်ရှားမှု Activity များနဲ့လေ့လာခြင်းဖြင့် သင်ကြားခဲ့တဲ့ သင်ခန်းစာတွေကို memory မှာ ကြာရှည်စွာ မှတ်သားထားနိုင်ပါတယ်။
အဲဒီလို Learner အမျိုးအစားများစွာရှိကြရာ စာသင်ကြားတဲ့ ဆရာ၊ ဆရာမများအနေနဲ့လည်း မိမိ ပြင်ဆင်မယ့် သင်ခန်းစာ၊ သင်ကြားတဲ့ သင်ယူသူများရဲ့ အခြေအနေပေါ်မူတည်ပြီး မှန်ကန်တဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဖြင့် သင်ကြားတဲ့ ဆရာများနဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။
Daw Ei Mon Soe
ME-IT(TU-Mdy)
MBA (SIU, Thailand)
Latest Articles
“Nobu Matsuhisa ရဲ့ အရသာနှင့် ဗိသုကာကို ပေါင်းစပ်သူရဲ့ ကမ္ဘာလုံးဆိုင်ရာ အင်ပါယာ”
1 day ago
ပန်းချီကားနှစ်ချပ်၏ပေါင်းစပ်ခြင်း - ထိရောက်မှုနှင့် စွမ်းဆောင်ရည်မြင့်မှု
3 days ago
ဒစ်ဂျစ်တယ်ခေတ်ရဲ့ အဓိကပြဿနာများကို ဖြေရှင်းနိုင်မယ့် တွက်ချက်ပိုင်းခြား တွေးခေါ်နိုင်မှုစွမ်းရည် (Computational Thinking)
3 days ago
EQ မြင့်၊ မမြင့် ဘယ်လိုသိနိုင်မလဲ
4 days ago
Research Proposal ရေးသားရာတွင် ရှောင်ကြဉ်ရမည့် အဓိကအမှား (၁၀) ချက်
5 days ago
