" Know Your Time Management Style"
Time management ဆိုတာ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကို effective ဖြစ်အောင်၊ efficient ဖြစ်အောင်နဲ့ productivity တိုးအောင် ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကို သေချာစဉ်းစားပြီး plan ဆွဲပြီးတော့ အဲ့ဒီ plan အတိုင်း လုပ်ပြီး အချိန်ကိုလည်း သေချာဂရုစိုက် control လုပ်ပါတယ်။Time ဆိုတာ means ဆိုတဲ့ လမ်းကြောင်းတစ်ခုပါ။ End ဆိုတဲ့ ပန်းတိုင်မဟုတ်ပါဘူး။ Time management မလုပ်ခင်မှာ vision ဆိုတဲ့ မိမိသွားမယ့်ပန်းတိုင်နဲ့ strategy ဆိုတဲ့ လျှောက်ရမယ့်လမ်းကြောင်း ရှိပါတယ်။ မိမိရဲ့ပန်းတိုင်ကိုရောက်ဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း လျှောက်ရာမှာ timing ကိုက်ဖြစ်ဖို့ အတွက် time management ကိုလုပ်ရတာ ဖြစ်ပါတယ်။
Benjamin Franklin ပြောခဲ့တာက "ဒီနေ့လုပ်လို့ ပြီးနိုင်တဲ့အလုပ်ကို ဘယ်တော့မှ မနက်ဖန်ကို မရွှေ့လိုက်ပါနဲ့" တဲ့။ မနက်ဖန်ဆိုတာ uncertainty ပါ။ သို့ပေမဲ့ "ကိုယ့်မှာ အချိန်တွေရှိသေးတယ်လို့ ထင်နေကြတယ်" လို့ Jack Kornfield က ပြောကြားခဲ့ပါတယ်။ Jonathan Estrin ကတော့ "ကိုယ့်အချိန်ကို ဘယ်လိုအသုံးချလဲဆိုတာဟာ ကိုယ်က ဘယ်လိုလူစားမျိုးလဲဆိုတာကို ဖော်ပြနေတယ်" လို့ ပြောခဲ့ပါတယ်။ လူတွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ time management style တွေ ရှိကြပါတယ်။
Time management style (၆) မျိုး ရှိပါတယ်။
1. Hopper
2. Hyperfocus
3. Big picture
4. Perfectionist plus
5. Impulsive
6. Cliffhanger တို့ဖြစ်ကြပါတယ်။
1. Hopper
အလုပ်အများကြီးကို တစ်ပြိုင်နက်တည်းလုပ်နိုင်တဲ့ multitasker တွေဖြစ်ကြပါတယ်။ personal နဲ့ professional အလုပ်နှစ်မျိုးစလုံးကို အဆင်ပြေအောင် လုပ်နိုင်ကြပါတယ်။ သူတို့တွေဟာ တွန်းတွန်း တိုက်တိုက်နဲ့ အမြဲ busy ဖြစ်နေရတာကို ကြိုက်နှစ်သက်ကြပြီး အလုပ်တစ်ခုကနေ နောက်အလုပ်တစ်ခုကို အလွယ်တကူ ပြောင်းလုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ အလုပ်အများကြီးကို တစ်ပြိုင်တည်းလုပ်တော့ ဟိုလွတ် ဒီလွတ်ဖြစ်တတ်ပြီး တချို့အလုပ်တွေ အချိန်မီမပြီးတာမျိုး ဖြစ်တတ်ပါတယ်။
2. Hyperfocus
လုပ်နေတဲ့အလုပ်ထဲကို စိတ်ရော ကိုယ်ရောနှစ်ပြီး သေချာလုပ်တတ်ကြတဲ့သူတွေ ဖြစ်ကြပါတယ်။ ပထမအလုပ်တစ်ခုမပြီးမချင်း နောက်တစ်ခုကို ခံစားလို့မရ၊ စဉ်းစားလို့မရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူတို့လုပ်နေတဲ့အလုပ်တွေမှာ အသေးစိတ်ကစ သေချာဂရုစိုက်ပြီး လုပ်တတ်ကြလို့ quality ကောင်းတဲ့ ရလဒ်တွေ ရကြပါတယ်။ သို့ပေမဲ့လည်း အလုပ်တစ်ခုထက်မက လုပ်ရတဲ့အခြေအနေမျိုးတွေနဲ့ ကြုံလာရင် အာရုံစိုက်ရတာခက်ခဲလာပြီး တချို့အလုပ်တွေက deadline ကို ကျော်သွားတတ်ပါတယ်။
3. Big picture
Bird's eye view ရှိတဲ့သူတွေဖြစ်ကြပြီး အလုပ်တစ်ခုကို မလုပ်ခင်မှာ plan သေချာဆွဲပြီးမှ လုပ်ကြပါတယ်။ သူတို့ရဲ့အချိန်အများစုကို အသေးစိတ်အကြောင်းအရာတွေကို အလေးပေးတာထက်၊ strategy ဆွဲဖို့၊ plan ဆွဲဖို့အတွက် ပိုပြီးအသုံးပြုပါတယ်။ ဒီလိုလူတွေဟာ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကောင်းကြပြီး ပြဿနာ တွေကိုလည်း ကောင်းစွာဖြေရှင်းနိုင်ကြပါတယ်။ သူတို့မှာ creative ideas တွေ novel strategies တွေ ရှိတတ်ကြပါတယ်။ သို့ပေမဲ့ အသေးစိတ်လုပ်ရမယ့် လုပ်ဆောင်ချက်တွေမှာ အားနည်းတတ်ကြလို့ တစ်ခါတလေမှာ operations quality ပိုင်းမှာ ပြဿနာဖြစ်တတ်ပါတယ်။
4. Perfectionist plus
Details ပိုင်းအတွက် အလွန်အချိန်ပေးကြပါတယ်။ အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်ကြတဲ့အတွက် လုပ်ထားပြီးတဲ့အလုပ်တွေကို အပြန်ပြန်အလှန်လှန် ပြန်စစ်လို့ကို မပြီးနိုင် တော့ဘူးဖြစ်နေပါတယ်။ ဒီလိုလူတွေဂာ သူတို့လုပ်ရမယ့်အလုပ်ကို သေချာနားလည်အောင် ကြိုးစားပြီး အနုစိတ်လုပ်တတ်ကြလို့ quality ကောင်းတဲ့ရလဒ်တွေ ပစ္စည်းတွေကို ရအောင်လုပ်ဆောင်နိုင်ကြပါတယ်။ ဒါပေမဲ့ အလုပ်မှာ အနုစိတ်သေချာအချိန်ပေးပြီး စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်ကြလို့ မကြာခဏ အလုပ်က deadline ကိုကျော်သွားတတ်ပါတယ်။
5. Impulsive
သူတို့ကအလုပ်လုပ်ရာမှာ plan မဆွဲဘဲ ထလုပ်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီလို လူတွေဟာ မထင်မှတ်ထားတဲ့ စိန်ခေါ်မှုတွေနဲ့ကြုံတွေလာရတဲ့အခါမျိုးမှာ တခြားသူတွေထက် ပိုပြီး ကောင်းကောင်းလုပ်နိုင်ကြပါတယ်။ စနစ်တကျနဲ့ အချိန်ကြာကြာကြိုးစားပြီး တစ်သမတ်တည်း လုပ်ရတဲ့ အလုပ်တွေကိုတော့ ခက်ခဲတယ်လို့ ထင်မြင်တတ်ကြပါတယ်။
6. Cliffhanger
သူတို့တွေဟာ pressure ရှိတဲ့အလုပ်မျိုးကို ကောင်းကောင်းလုပ်နိုင်ကြပါတယ်။ အလုပ်တစ်ခုကို စပြီးလုပ်ဖြစ်ဖို့တော့ တော်တော်အရှိန်ယူရတဲ့ last minute သမားတွေ ဖြစ်တတ်ကြပါတယ်။ Pressure ရှိနေတာကိုက အလုပ်ပြီးဖို့အတွက် motivation ပဲလို့ ခံယူထားကြတဲ့သူတွေပေါ့။ တချို့က အကျင့်ပါပြီးတော့ မပြောမချင်း ထမလုပ်ကြပါဘူး။ သူတို့တွေဟာ stress များတဲ့အခြေအနေမှာလည်း နေနိုင်ကြပြီး pressure ကိုခံနိုင်ကြတဲ့ thick skin သမားတွေလည်း ဖြစ်ကြပါတယ်။ အားနည်းချက်ကတော့ သူတို့စိတ်မပါတဲ့အချိန်မှာ pressure ကြောင့်လုပ်ရတဲ့အခါမှာဆိုရင် low quality ရလဒ်တွေဖြစ်သွားနိုင်ပြီး အလုပ်ကိုအချိန်ဆွဲ လုပ်တတ်ကြတဲ့ procrastinators တွေ ဖြစ်သွားတတ်ကြပါတယ်။
Style တစ်မျိုးချင်းစီမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြတဲ့အတွက် ဘယ် style က ပိုကောင်းလဲ ဆိုတာထက် မိမိရဲ့ time management style ကိုသေချာသိနားလည်ပြီး လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် adaptable လုပ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်ရှင်။
Daw Aye Aye Win
B. Com (Hons, YIE), M.Com, Diploma in English,
M.A (International Business Studies), (Sophia University, Japan)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
1 day ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
1 day ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
4 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
4 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
6 days ago
