Events > Graduation Ceremonies

Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့

Strategy First The Graduation Ceremony 2026 အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel, Yangon Ballroom ၌ အပိုင်း (၄) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်း၏ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ နာယက ဆရာကြီး ဒေါက်တာဦးစန်းလွင်၊ Strategy First ၏ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်း၊ Deputy Vice President ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Dr. Peter Wardle (Associate Dean - Joint Education Institute. Faculty of Science and Engineering, The University of Wolverhampton), Mr. Wannakorn (APAC Account Manager, Pearson), Faculty of Business and Management Department ၏ Dean ဖြစ်သူ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့် နှင့် ဘာသာရပ်အသီးသီးကို သင်ကြားပြသခဲ့သော ဆရာကြီး၊ ဆရာမကြီးများ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို Strategy First ၏ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး၊ Strategy First ၏ နာယက ဆရာကြီး ဆရာမကြီး များ မှ ဘွဲ့ ရကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ပါသည်။

Session အလိုက် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များနှင့် ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား နှုတ်ဆက်ကျေးဇူးတင်စကားများကို Session (A) တွင် BA (Hons) Business Management ဘွဲ့ကို First-Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော မပန်ခေတ်ကို ၊ Session (B) တွင် BSc (Hons) Business Computing and Information Systems, UK ဘွဲ့ကို First-Class Honours ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကိုညီစိုးဦး ၊ Session (C) တွင် Strategy First Postgraduate Diploma in Business Management and Strategy ကို ဖြေဆိုအောင်မြင်ခဲ့သော ကိုမြတ်မင်းခန့် နှင့် Session (D) တွင် Master of Business Administration ကို ဖြေဆိုအောင်မြင်ခဲ့သော မယမင်းစိုး၊ MSc (Computer Science) ကို Distinction ဖြင့် ဖြေဆိုအောင်မြင်ခဲ့သော Christopher Raj တို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါသည်။ 

ဘွဲ့ရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအတွက် Strategy First မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ် လုပ်ငန်းခွင်တွင်လည်း မိမိတို့သင်ကြားထားသည့် ပညာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ကာ ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။