Events > Industrial Visit

Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်

Strategy First International College – Mandalay မှ UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ စာတွေ့တင်သာမက လက်တွေ့အမြင်အဆန်းများ တိုးတက်လာစေရန် ရည်ရွယ်ပြီး Resources Group Logistics (RGL Dry Port) သို့ ဇူလိုင်လ (၂၅) ရက်နေ့က သွားရောက်လေ့လာခဲ့ကြပါသည်။ 

Resources Group Logistics (RGL Dry Port) သည် မြန်မာနိုင်ငံတွင် ပထမဆုံးသော Integrated Dry Port ( ကုန်တွင်းကုန်စည်ဆိပ်ကမ်း ) ကို တည်ထောင်ပြီး လည်ပတ်သော Logistics Company တစ်ခုဖြစ်ပါသည်။

Resources Group Logistics (RGL Dry Port) မှ တာဝန်ရှိလူကြီးမင်းများက ကြိုဆိုနှုတ်ခွန်းဆက်စကား နွေးထွေးစွာပြောကြားခဲ့ပြီးနောက် Strategy First MBA ကျောင်းသားဟောင်း ကိုဝေယံ မှ Operation များအကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပြီး Team နှင့်အတူ Road and Rail Transportation, Warehouse and Yard Management, Customs Clearance, Supply Chain Management Solutions, Container Handling, Import and Export Process စသည်တို့ကို မျှဝေ ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။

သွားရောက်လေ့လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်ခဲ့ကြပြီး Resources Group Logistics (RGL Dry Port) မှ တာဝန်ရှိသူများကလည်း အသေးစိတ်ပြန်လည် ဖြေကြားခဲ့ကြပါသည်။ 

ယခုလို ကျောင်းသား၊ ကျောင်းသူများကို လာရောက်လေ့လာခွင့်ပေးသည့် Resources Group Logistics (RGL Dry Port) မှ တာဝန်ရှိသူများအား Strategy First မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

Resources Group Logistics (RGL Dry Port) အနေဖြင့် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအသစ်များဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် အနာဂတ်အစီအစဉ်များမှာလည်း အောင်မြင်မှုများရရှိပါစေကြောင်း Strategy First မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။