Events > Academic & Other Events

Strategy First AI Hackathon 2026

Strategy First မှ UK Bachelor's Programmes (Online | In-person) အတန်းများတွင် တက်ရောက်နေကြသော Business နှင့် Computing ကျောင်းသား၊ ကျောင်းသူများ၏ တီထွင်ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် စီးပွားရေးဆိုင်ရာ အတွေးအခေါ်များကို လက်တွေ့အသုံးချနိုင်ရန် ကျင်းပပြုလုပ်ခဲ့သော “Strategy First AI Hackathon 2026” ပြိုင်ပွဲ ပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။

“Strategy First AI Hackathon 2026” ပြိုင်ပွဲကို

 ဇွန်လ (၂၃ ၊ ၂၄) ရက်နေ့တွင် Training and Information Session

 ဇွန်လ (၂၅) ရက်နေ့တွင် AI Hackathon Day

 ဇွန်လ (၂၆ ၊ ၂၇) ရက်နေ့တွင် Presentation

 ဇွန်လ (၂၈) ရက်နေ့တွင် Presentation & Awarding Ceremony စသည်ဖြင့် အပိုင်း (၄) ပိုင်းခွဲ၍ ကျင်းပခဲ့ပါသည်။

အဆိုပါပြိုင်ပွဲတွင်

 ပထမဆု - Team Clover Lab

 ဒုတိယဆု - Team Apollo

 တတိယဆု - Team PENTAVERSE

 နှစ်သိမ့်ဆု - Team Byte Brigade, Team BMers44, Team BaMarLoPl

‎ Best Innovation Award _ Team 404

‎ Outstanding Teamwork Award _ Team CodeMeMaybe

‎ Best Presentation Award _ Team Tech Pioneers

‎ Judges' Special Recognition Award _ Team Frame Moggers

‎ People's Choice Award _ Team Logic Legion

တို့မှ ဆုများကို အသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။

“Strategy First AI Hackathon 2026” ပြိုင်ပွဲကို အချိန်ပေးပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ဒိုင်အဖြစ် ဆောင်ရွက်ပေးခဲ့ကြသော ဆရာမများနှင့် တာဝန်ရှိလူကြီးမင်းများအားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါသည်။