နိုင်ငံတကာဈေးကွက်သို့ လုပ်ငန်းအဖွဲ့အစည်းများတိုးချဲ့မှုပုံစံများ
ဈေးကွက်များနှင့်ထုတ်လုပ်မှုနယ်ပယ်များကျယ်ပြန့်လာမှု
လုပ်ငန်းအဖွဲ့အစည်းများဟာ လွန်ခဲ့တဲ့နှစ်များအတွင်း နိုင်ငံတကာစီးပွားရေးဈေးကွက်မှာ ပိုမိုချဲ့ထွင် လာကြပါတယ်။ ဒီလိုချဲ့ထွင်လာတဲ့အတွက် နိုင်ငံများအကြား စီးပွားရေးတိုးတက်မှုနှင့် အချိတ်အဆက် တွေ တိုးမြှင့်လာကြပါတယ်။ ဒီလိုလုပ်ကိုင်နိုင်လာခြင်းဟာ နည်းပညာတိုးတက်မှုတွေ၊ ဆက်သွယ်ရေး ကောင်းမွန်လာမှုတွေ၊ သယ်ယူပို့ဆောင်ရေးပိုမိုလွယ်ကူလာမှုတွေနဲ့ ကုန်သွယ်ရေးကန့်သတ်မှုတွေ လျော့ နည်းလာတာကြောင့် ဖြစ်ပါတယ်။
နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများ ချဲ့ထွင်လာခြင်းရဲ့ အခြေခံအကြောင်းအချက်ကတော့ နည်း ပညာ တိုးတက်ပြောင်းလဲလာခြင်းကြောင့်ဖြစ်ပါတယ်။ Internet နဲ့ E-commerce ပေါ်ပေါက်လာခြင်း ကြောင့် လုပ်ငန်းအဖွဲ့အစည်းများရဲ့ လုပ်ကိုင်ပုံနည်းစနစ်တွေ တိုးတက်လာပါတယ်။ နိုင်ငံတကာကို ဈေးကွက်ပိုမိုဖြန့်ကျက်လာနိုင်ပြီး နေရာဒေသကွာဟမှုအတားအဆီးတွေကို ဖယ်ရှားနိုင်လာပါတယ်။ ဒီ့ အတွက်ကြောင့် ပြိုင်ဆိုင်မှုတွေပိုမိုပြင်းထန်လာစေပြီး လုပ်ငန်းအရွယ်အစားမရွေး ယှဉ်ပြိုင်လာနိုင်ခဲ့ ကြပါတယ်။
ကမ္ဘာအနှံ့အပြား ဆက်သွယ်ရေးနဲ့ထောက်ပံ့မှုကွင်းဆက်များဖွံ့ဖြိုးလာမှုက စီးပွားရေးလုပ်ငန်းများအ တွက် စရိတ်လျှော့ချနိုင်ဖို့၊ ဈေးကွက်သစ်များဖော်ဆောင်နိုင်ဖို့နဲ့ နည်းပညာအသစ်များမျှဝေနိုင်ဖို့ အခွင့် အလမ်းများ ဖန်တီးပေးပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကုန်ကျစရိတ်မတူညီမှုတွေ၊ ကျွမ်းကျင်မှုကွာခြားမှု တွေကြောင့်လဲ နိုင်ငံအသီးသီးမှာဖြန့်ကျက်ပြီး လုပ်ငန်းလုပ်ဆောင်နိုင်မှုဟာ ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကို ပိုမိုကောင်းမွန်လာစေခြင်း၊ စရိတ်လျော့ချနိုင်ခြင်းနဲ့ နိုင်ငံတကာဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းများ တိုးတက်လာစေခြင်းတို့ကို ပေးစွမ်းပါတယ်။
အခုဆောင်းပါးမှာ လုပ်ငန်းအဖွဲ့အစည်းများ ကမ္ဘာအနှံ့ဖြန့်ကျက်ရာမှာ တွေ့ရလေ့ရှိတဲ့ပုံစံတွေကို ဆွေး နွေးသွားမှာဖြစ်ပါတယ်။
ဈေးကွက်များကမ္ဘာအနှံ့ဖြန့်ကျက်လာမှု
၁။ ဈေးကွက်ချဲ့ထွင်ခြင်း
နည်းပညာတိုးတက်လာမှုနဲ့ နိုင်ငံတကာကုန်သွယ်ရေးသဘောတူညီချက်တွေက လုပ်ငန်းအဖွဲ့အစည်း တွေကို ဝေးကွာတဲ့အရပ်ဒေသတွေမှာရှိနေတဲ့ သုံးစွဲသူတွေဆီ အလွယ်တကူရောက်ရှိလာစေပါတယ်။
၂။ထုတ်ကုန်စံနှုန်းသတ်မှတ်ခြင်း
နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများချဲ့ထွင်လာခြင်းဟာ ကုန်ပစ္စည်းများကို စံချိန်စံညွှန်းနှင့်ကိုက်ညီမှု ရှိစေဖို့ထက် နိုင်ငံတကာမှ သုံးစွဲသူများရဲ့အကြိုက်နဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေဖို့ တွန်း အားပေးလာပါတယ်။
၃။ ယှဉ်ပြိုင်မှုတိုးမြင့်လာခြင်း
နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများချဲ့ထွင်လာခြင်းဟာ နိုင်ငံအသီးသီးမှာရှိတဲ့ကုမ္ပဏီတွေရဲ့ ယှဉ် ပြိုင်မှုကိုတိုးမြင့်လာစေပါတယ်။ ဒီလိုအပြိုင်အဆိုင်တွေကနေ ဈေးနှုန်းအရယှဉ်ပြိုင်နိုင်မှု၊ ကုန်စည်နဲ့ ဝန်ဆောင်မှုအရည်အသွေးတိုးတက်လာမှု၊ ပစ္စည်းသစ်များပေါ်ပေါက်လာမှုတို့ကို ဖြစ်ပေါ်လာစေပါ တယ်။
၄။ စျေးကွက်ရှာဖွေရေးနဲ့ ကမ္ဘာလုံးဆိုင်ရာကုန်အမှတ်တံဆိပ်များ တည်ဆောက်ခြင်း
နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများချဲ့ထွင်တဲ့ကုမ္ပဏီများဟာ မတူကွဲပြားတဲ့သုံးစွဲသူတွေဆီ ရောက် ရှိစေနိုင်ဖို့ ထိရောက်တဲ့ marketing နဲ့ branding strategies တွေကို သုံးရပါမယ်။ ဒေသအလိုက် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာတွေ၊ စီးပွားရေးအခြေအနေတွေနဲ့ကိုက်ညီမှုရှိတဲ့ marketing campaigns တွေ၊ distribution channel တွေကို သုံးရပါမယ်။
ထုတ်လုပ်မှုလုပ်ငန်းများကမ္ဘာအနှံ့ဖြန့်ကျက်မှု
၁။ တခြားသောအဖွဲ့အစည်းများသို့အပ်နှံခြင်း
ကုမ္ပဏီတွေဟာ စရိတ်သက်သက်သာသာနဲ့ ထုတ်လုပ်နိုင်မယ့်နေရာတွေ၊ နေရာဒေသအလိုက် ကျွမ်းကျင် မှုမတူညီခြင်းတွေ၊ ဥပဒေအရ ကင်းလွတ်သက်သာခွင့်ရရှိနိုင်မှုတွေကြောင့် ထုတ်လုပ်မှုလုပ်ငန်းများရဲ့ အချို့သောအဆင့်တွေကို အခြားအဖွဲ့အစည်းများကိုပေးပြီး ထုတ်လုပ်မှုတွေပြုလုပ်ကြပါတယ်။ ဒီလို လုပ်ဆောင်မှုတွေမှာ နိုင်ငံအသီးသီးမှကုန်ကြမ်းဝယ်ယူခြင်း၊ အစိတ်အပိုင်းများဝယ်ယူခြင်းနဲ့ လုပ်သား များအသုံးပြုခြင်းတွေ ပါဝင်ပါတယ်။
၂။ ကုန်ကြမ်းရယူမှုမှ ကုန်ချောဖြန့်ဖြူးသည်အထိ လုပ်ငန်းစဉ်တစ်လျှောက် ချောမွေ့စွာပေါင်းစည်းခြင်း။
နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများချဲ့ထွင်တဲ့ကုမ္ပဏီများဟာ နိုင်ငံအသီးသီးမှာရှိတဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်တိုင်းအတွက် ချောမွေ့စွာပူးပေါင်းဆောင်ရွက်နိုင်အောင်၊ နေရာဒေသအသီးသီးမှာရှိ နေတဲ့ အားသာချက်တွေကို ရယူသုံးစွဲနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြပါတယ်။
၃။ အပြန်အလှန်မှီခိုမှုနှင့် ပူးပေါင်းဆောင်ရွက်မှု။
ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ကမ္ဘာတစ်ဝှမ်းသို့ချဲ့ထွင်လာတာနဲ့အမျှ ကုမ္ပဏီများဟာ supply chain လုပ်ငန်းစဉ်တစ်လျှောက် ကုန်ကြမ်းသွင်းသူများ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနဲ့ မိတ်ဖက်အဖွဲ့အစည်း များ တည်ဆောက်လာကြပါတယ်။ ဒီအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေဟာ ထုတ်လုပ် မှုလုပ်ငန်းစဉ်အားလုံးရဲ့ အောင်မြင်မှုအတွက် အရေးကြီးလာပါတယ်။
၄။ စွန့်စားမှုများနှင့်ခံနိုင်ရည်ရှိမှု။
ကမ္ဘာအနှံ့မှာ ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကိုဖြန့်ကျက်ထားမှုဟာ ပစ္စည်းရရှိမှုကြန့်ကြာမှု၊ နိုင်ငံရေးအခြေ အနေမတည်ငြိမ်မှု၊ စီးပွားရေးအတက်အကျတွေကြောင့် စိန်ခေါ်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ရပါတယ်။ ကုမ္ပဏီ တွေဟာ ဒီလိုစိန်ခေါ်မှုတွေကိုလျော့ချနိုင်ဖို့အတွက် supplier တစ်ယောက်တည်းအပေါ် မှီခိုမှုမလုပ်ဘဲ တခြားသောနေရာများမှ ကုန်ကြမ်းရရှိနိုင်မှုလမ်းကြောင်းများရှာဖွေထားခြင်း၊ backup plan များ ထားရှိ ခြင်းတို့ကို စီမံထားနိုင်ဖို့လိုပါတယ်။
အချုပ်အားဖြင့်ပြောရရင် နိုင်ငံတကာသို့ လုပ်ငန်းအဖွဲ့အစည်းများအနေနဲ့ ထုတ်လုပ်မှုပိုင်းရော ဈေးကွက် ရောင်းချမှုအရပါ ချဲ့ထွင်လာကြပါတယ်။ ဒီလိုချဲ့ထွင်လာမှုကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ကုန်သွယ် မှုအခွင့်အလမ်းများတိုးတက်လာမှုနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူနေမှုအဆင့်အတန်းများတိုးတက်လာမှု စတဲ့ အကျိုးကျေးဇူးများစွာကို ယူဆောင်လာပါတယ်။ သို့ပေမယ့်လဲ ဝင်ငွေကွာဟမှု၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အလုပ်အကိုင်အခွင့်အလမ်းများပြောင်းလဲမှုနဲ့ စီးပွားရေးမတည်ငြိမ်မှု စတဲ့ ဆိုးကျိုးများကိုလည်းဖြစ်ပေါ် စေပါတယ်။ ဒါကြောင့် နိုင်ငံတကာလုပ်ငန်းများဟာ ဈေးကွက်ချဲ့ထွင်မှုနှင့်အတူ လူမှုဖူလုံရေးနှင့် တာဝန် ယူမှုရှိတဲ့စီးပွားရေးဆောင်ရွက်မှုတွေကို ညီမျှမှုရှိအောင် ဆောင်ရွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။
Reference: https://www.oneibc.com/en-us/insights/the-globalization-of-markets-in-international-business-navigating-opportunities-and-challenges
မေရဲမြင့်ဇွန်
BBM (Q), BA (Eng), MBA (YU Eco)
Latest Articles
Samsung ရဲ့ ဈေးကွက်ရှာဖွေရေး အနုပညာဖြင့် ကမ္ဘာကို အောင်နိုင်ခြင်း
7 hours ago
အလုပ်၊ မိသားစုနဲ့ ဘဝပျော်ရွှင်ကျေနပ်မှုတို့ရဲ့ ရှုပ်ထွေးသောဆက်နွယ်မှုများ
7 hours ago
လုပ်ငန်းခွင်မှာ Micromanagement မလုပ်ဘဲ Accountability ကို ဘယ်လိုမြှင့်တင်မလဲ
3 days ago
လူတွေရဲ့ နဖူးပေါ်ကမမြင်ရသော စတစ်ကာများ
3 days ago
ဝန်ထမ်းများ Burnout ခံစားနေရပြီလား
5 days ago
