Events > Academic & Other Events
"The Business of IT: Sales Strategies Behind Successful Technology Solutions" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့
Strategy First International College တွင် IT နည်းပညာဆိုင်ရာ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လက်တွေ့ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ Native Technology International Group of Companies မှ Native Representative များ ဖြစ်ကြသည့် Moderator: မအင်ကြင်းမိုး (Presales Software Engineer)၊ မခင်ဇာဇာမြင့် (Odoo Solution & Functional Team Lead) နှင့် ကိုကျော်ကိုကိုဇင် (Business Development Manager) တို့မှ "The Business of IT: Sales Strategies Behind Successful Technology Solutions" ခေါင်းစဉ်ဖြင့် မျှဝေဆွေးနွေးပေးခဲ့ကြပါသည်။ 
အဆိုပါပွဲတွင် Native Technology International Group of Companies လုပ်ငန်းစုအကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် Paid-internship အခွင့်အလမ်းများကို မျှဝေပေးခဲ့ပါသည်။ ထို့အပြင် IT လုပ်ငန်းနယ်ပယ်အတွင်းရှိ Sales strategies များ၊ Project အောင်မြင်မှုအတွက် လိုအပ်သည့် အရည်အချင်းများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြကာ Technical background မရှိသော်လည်း IT Sales နယ်ပယ်တွင် အောင်မြင်နိုင်ပုံနှင့် လိုအပ်သည့် ကျွမ်းကျင်မှုများအကြောင်း၊ Customer Experience ကောင်းမွန်စေရန် IT နှင့် Sales Team တို့၏ လက်တွဲလုပ်ဆောင်ရသည့် အကြောင်းအရာများ၊ Customer များနှင့် ရေရှည်ခိုင်မြဲသော ဆက်ဆံရေး တည်ဆောက်ပုံများကို မျှဝေပေးခဲ့ကြပြီး Data-driven decision making နှင့် Sales mindset ကဲ့သို့သော အရည်အချင်းများကို စတင်ပျိုးထောင်ထားရန်လည်း အကြံပြုပေးခဲ့ကြပါသည်။ 
ဆွေးနွေးပွဲအပြီးတွင် Paid-internship Program အလုပ်အကိုင် အခွင့်အလမ်းများအတွက် Walk-in Interview ကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။
တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအတွက် IT နယ်ပယ်မှ စီးပွားရေးဆိုင်ရာ အမြင်သစ်များကို ရရှိစေခဲ့ပြီး Career လမ်းကြောင်းတွင် အထောက်အကူဖြစ်စေခဲ့သည့် ယခုဆွေးနွေးပွဲကို ပြုလုပ်ပေးပါသော Native Technology International Group of Companies မှ တာဝန်ရှိသူများကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026