Events > Academic & Other Events
Strategy First University Students' Networking Event
Strategy First University Students' Networking Event ကို ဖေဖော်ဝါရီလ (၁၉) ရက် ၊ တနင်္ဂနွေနေ့က အမှတ် (၁၄၂ - ၁၄၆) ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်မှာရှိ SFU Teaching Centre (3) မှာ မနက် (၁၀) နာရီ မှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Students' Networking Event မှာ ကျောင်းသားကျောင်းသူများအတွက် အကျိုးရှိစေမယ့် ဟောပြောမှုများ၊ မိတ်ဖက်လုပ်ငန်း အဖွဲ့အစည်းများမှ Internship Programmes များ၊ Strategy First University မှာ UK ဘွဲ့များရရှိဖို့ တက်ရောက်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများရဲ့ လုပ်ငန်းခွင်အတွေ့အကြုံ ဆွေးနွေးမှုများ ၊ Strategy First University ဘွဲ့ကြိုအတန်းအသီးသီးမှာ တက်ရောက်နေတဲ့ ကျောင်းသား ၊ ကျောင်းသူများရဲ့ အဆို ၊ အက ၊ ပြဇာတ်နဲ့ ဖျော်ဖြေရေး အစီအစဉ်များ၊ Extracurricular Activity Clubs and Societies များမှ ကျောင်းသား၊ ကျောင်းသူများရဲ့ game အစီအစဉ်များ၊ အရောင်းဆိုင်ခန်းများဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။
Strategy First University Students Networking Event မှာ Internship Opportunities အတွက် ပါဝင်ခဲ့ကြတဲ့ မိတ်ဖက်လုပ်ငန်းများမှာတော့
1. AYA SOMPO Insurance
2. Capital Diamond Star Group Limited (“CDSG”)
3. Coca-Cola Pinya Beverages Myanmar Ltd.
4. Huawei Technologies (Yangon) Co., Ltd.
5. Lwin Oo Htwe Trading Co., Ltd.
6. Shop App MM တို့ဖြစ်ကြပြီး ယခုလို ပါဝင်ပေးကြတဲ့အတွက် တာဝန်ရှိသူများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။
Students’ Networking Event ကိုတက်ရောက်ခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ ၊ မိတ်ဖက်လုပ်ငန်းများ ၊ Undergraduate Programmes မှ ကျောင်းသား၊ ကျောင်းသူများနဲ့ ပွဲမှာ ပါဝင်ကူညီဆောင်ရွက်ပေးကြတဲ့ Club Members အသီးသီးနဲ့ Volunteers များကိုလည်း Strategy First University ကျေးဇူးအထူးတင်ရှိပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026