Events > Academic & Other Events
Strategy First University & AYA SOMPO Work + Study Scholorship Programme ကို SFU Teaching Centre (3) မှာ ကျင်းပခဲ့။
Strategy First University & AYA SOMPO Work + Study Scholorship Programme ကို မတ်လ (၁၉) ရက် ၊ တနင်္ဂနွေနေ့တွင် SFU Teaching Centre (3) ၌ နေ့လယ် (၂) နာရီ မှ ညနေ (၄) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
AYA SOMPO Work + Study Scholorship Programme တွင် AYA Sompo ဘက်မှ programme အသေးစိတ်၊ အလုပ်အကိုင် အခွင့်အလမ်းရရှိနိုင်ရန် ရည်ရွယ်ချက်၊ program အကောင်အထည်ဖော်ဖြစ်ပုံ၊ အနာဂတ် လူငယ်များကို ကျောင်းတက်ရင်း လုပ်ငန်းအတွေ့အကြုံများရရှိသွားစေရန်။SFU ဘက်မှ programme တွင်ပါဝင်သော course များအကြောင်း၊ ကျောင်းသားများအတွက် သက်သာသောကျောင်းလခ၊ ဘွဲ့ရရှိသည်အထိပညာရေးပြီးဆုံးစေရန်၊ ထူးချွန်မှုအလိုက် ခံစားခွင့်အမျိုးမျိုးတို့ကို ပေးသွားနိုင်ရန် ရှင်းလင်းတင်ပြပေးပြီး AYA CEO ဦးမျိုးမင်းသူ နှင့်အတူ SFU Founder & President ဆရာဦးအောင်ချစ်ခင်တို့ အပြန်အလှန်ပါဝင်ဆွေနွေးပေးကာ အနာဂတ်လူငယ်များကို မိမိ ရည်မှန်းချက်နှင့်တကွ မိမိကိုယ်တိုင်ကြိုးစားအားထုတ်နိုင်ပြီးပညာရေး၊ လူမှုရေး၊ အလုပ်အကိုင် အခွင့်အလမ်းများကို တပြိုင်တည်းရရှိစေရန် အဓိကထားဆွေးနွေးတင်ပြပေးသွားကြပါသည်။
AYA SOMPO Work + Study Scholorship Programme ကိုတက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ ၊ AYA Sompo မှ လူကြီးမင်းများ၊ Undergraduate Programmes မှ Club Members များ နှင့် ကျောင်းသား၊ ကျောင်းသူများကိုလည်း Strategy First University ကျေးဇူးအထူးတင်ရှိပါသည်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026