Events > Academic & Other Events
Strategy First UK Bachelor’s Programmes Open Day
Strategy First UK Bachelor’s Programmes Open Day
--------------------
Strategy First UK Bachelor’s Programmes Open Day အခမ်းအနားကို နိုဝင်ဘာလ (၂၉) ရက်နေ့တွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီအထိ Strategy First Teaching Centre 1 ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပွဲအခမ်းအနားတွင် Grade-12/ GED/ GCE A Level/ Level 3 အောင်မြင်ပြီးနောက် UK ဘွဲ့များရယူနိုင်ရန်အတွက် မှန်ကန်သော ပညာရေးလမ်းကြောင်းကို ရွေးချယ်နိုင်စေရန် ဆရာ ဦးအောင်ချစ်ခင် (Founder & President, Strategy First International College) မှ ဆွေးနွေးပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် UK မှ ချီးမြှင့်သော ဘွဲ့များကို ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး လက်ရှိလုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ပညာရေးအတွေ့အကြုံများနှင့် ဘွဲ့ရပြီးနောက် လုပ်ငန်းခွင်အတွေ့အကြုံများကို မျှဝေဆွေးနွေးပေးခဲ့ပါသည်။
နေ့လယ်ပိုင်း အခမ်းအနားအစီအစဉ်တွင် Digital ခေတ်၌ IT နည်းပညာလုပ်ငန်းခွင်များတွင် လုပ်ကိုင်လိုသူများ ပြင်ဆင်ထားသင့်သည့် အချက်များကို “ဆရာမ ဒေါက်တာ ဒေါ်သဲစိမ့်အေး” မှ ဆွေးနွေးပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး Strategy First တွင် တက်ရောက်နေသော IT ကျောင်းသားများမှ AI Hackathon 2025 ပြိုင်ပွဲတွင် ပထမဆု ဆွတ်ခူးရရှိခဲ့သည့် အတွေ့အကြုံများကို မျှဝေဆွေးနွေးပေးခဲ့ပါသည်။
Grade-12/ GED/ GCE A Level/ Level 3 အောင်မြင်ပြီးနောက် ပြည်တွင်း၌ UK မှ ချီးမြှင့်မည့်ဘွဲ့များကို အချိန် (၃) နှစ်ဝန်းကျင်ဖြင့် ရယူနိုင်မည့် အခွင့်အလမ်းများနှင့် Oversea Experience ရယူချင်သူများအတွက် နောက်ဆုံးနှစ်ကို UK , Singapore အစရှိသည့် နိုင်ငံများတွင် ဆက်လက်တက်ရောက်နိုင်ရန် လိုအပ်သည်များ၊ Strategy First International College မှ နှစ်စဉ်ချီးမြှင့်သည့် ပညာသင်ဆုများ၊ အလုပ်အကိုင်အခွင့်အလမ်းများ စသည်တို့ကို Strategy First မှ တာဝန်ရှိသူများနှင့် တစ်ဦးချင်း အခမဲ့ဆွေးနွေးမေးမြန်းခြင်းများ လုပ်ဆောင်ခဲ့ကြပါသည်။ ထို့နောက် Strategy First ကျောင်းသားများကိုယ်တိုင်ဦးဆောင်နေသည့် Students Clubs and Societies များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြပါသည်။
ဤ “Strategy First UK Bachelor’s Programmes Open Day” အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် Strategy First Students Clubs and Societies အဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026