Events > Academic & Other Events
Strategy First တည်ထောင်ခြင်း (၁၅) နှစ်ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်
Strategy First တည်ထောင်ခြင်း (၁၅) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် Strategy First - Panchan Tower Teaching Centre ၌ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် သံဃာတော်များကို ပင့်ဖိတ်ပြီး အရုဏ်ဆွမ်းဆက်ကပ်ကာ တရားနာပြီးနောက် နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါသည်။
အဆိုပါအလှူတော် Strategy First မှ Founder/ President ဆရာဦးအောင်ချစ်ခင်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Deputy Vice President (Faculty of IT and Engineering) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ Dean (Faculty of Business and Management) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်ဥမ္မာမြင့်၊ Vice President (Admin) ဦးအောင်ကျော်ဌေး နှင့်တကွ SFEG မှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပါဝင်ကုသိုလ်ယူခဲ့ကြပါသည်။
ထို့အပြင် ညနေခင်းတွင် Panchan Tower Teaching Centre - Theater Room တွင် Strategy First မှ Founder/ President ဆရာဦးအောင်ချစ်ခင်၊ဆရာမကြီးပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Deputy Vice President (Faculty of IT and Engineering) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ Dean (Faculty of Business and Management) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်ဥမ္မာမြင့်၊ ဆရာကြီး ဦးသိန်းအောင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Director of Business Development - ဒေါ်မေသက်နှင်း တို့မှ ၁၅ နှစ်ပြည့် အမှတ်တရအမှာစကားများ ပြောကြားခဲ့ပြီး SFEG မှ ဝန်ထမ်းများအားလုံးကို ညစာ Hotpot များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပါသည်။
…………………………
Strategy First တည်ထောင်ခြင်း (၁၅) နှစ်ပြည့် အထိမ်းအမှတ် သို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများနှင့် ဝန်ထမ်းများ၊ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျေးဇူးဥပကာရတင်ရှိပါသည်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026