Events > Academic & Other Events
Strategy First တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်ကို ရန်ကုန်၊ မန္တလေးကျောင်းများမှာ ကျင်းပပြုလုပ်
Strategy First International College တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့က Strategy First Panchan Tower Teaching Centre မှာ သံဃာတော်များ ပင့်ဖိတ်ပြီး အရုဏ်ဆွမ်းဆက်ကပ်ကာ တရားနာပြီးနောက် နဝကမ္မအလှူတော်ငွေများနဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါတယ်။ အဆိုပါအလှူတော်သို့ Strategy First International College မှ Founder/ President ဆရာဦးအောင်ချစ်ခင်၊ ဆရာမကြီးပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Deputy Vice President (Faculty of IT and Engineering) ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်နီလာဝင်း၊ Vice President (Admin) ဦးအောင်ကျော်ဌေးနဲ့တကွ SFEG မှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။
ဒါ့အပြင် ဆရာမကြီး ပါမောက္ခဒေါက်တာဒေါ်လှမြင့် ဦးစီးလှူဒါန်းတဲ့ ပြင်ဦးလွင်မြို့ရှိ သီလရှင်ကျောင်းမှာ ရေရရှိရေးအတွက် ရေစက်အလှူငွေအဖြစ် သိန်းသုံးဆယ်ကျပ် (၃,၀၀၀,၀၀၀) တိတိကိုလည်း Strategy First International College မှ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ ဆက်လက်ပြီး ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်အား လေးစားဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ အမည်ပေးထားတဲ့ “Prof. Dr. Daw Hla Myint Amphitheatre” ဖွင့်လှစ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။ ဖွင့်လှစ်ပွဲအခမ်းအနားမှာ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ ဆရာကြီး ပါမောက္ခဒေါက်တာဦးအောင်ထွန်းသက်၊ ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ ဆရာမကြီးဒေါက်တာ ဒေါ်ဥမ္မာမြင့်တို့မှ Strategy First International College တည်ထောင်ခြင်း (၁၄) နှစ်ပြည့် အတွက် ဝမ်းမြောက်ပီတိစကားများ ပြောကြားခဲ့ကြပါတယ်။
“Prof. Dr. Daw Hla Myint Amphitheatre” ကို ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်ကိုယ်တိုင် ဖဲကြိုးဖြတ်ပြီး နံ့သာများဖြင့်ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ပါတယ်။ တက်ရောက်ခဲ့ကြတဲ့ ဆရာကြီး၊ ဆရာမကြီးများနဲ့ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Strategy First International College (Mandalay) ကျောင်းမှာလည်း ဖေဖော်ဝါရီလ (၁၆) ရက်နေ့က Strategy First International College တည်ထောင်ခြင်း (၁၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Strategy First Mingalar Mandalay Teaching Centre မှာ သံဃာတော်များပင့်ဖိတ်ပြီး ဆွမ်းခဲဖွယ်များဆက်ကပ်ကာ တရားနာပြီးနောက် နဝကမ္မအလှူတော်ငွေများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လှူဒါန်းခဲ့ကြပါတယ်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026