Events > Graduation Ceremonies
Strategy First The Graduation Ceremony 2024 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
Strategy First The Graduation Ceremony 2024 အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက် (တနင်္ဂနွေနေ့) က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel, Yangon Ballroom မှာ အပိုင်း (၃) ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းရဲ့ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်၊ Strategy First International College ရဲ့ Founder & President ဖြစ်သူ ဆရာ ဦးအောင်ချစ်ခင်၊ Vice President (Admin) ဦးအောင်ကျော်ဌေး၊ Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်း၊ Dy. Vice President ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်နီလာဝင်း၊ Dean, Faculty of Business and Management ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်ဥမ္မာမြင့်၊ Dean, Faculty of Entrepreneurship ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်သန်းသန်းအောင်၊ ဘာသာရပ်ပြ ဆရာကြီး၊ ဆရာမကြီးများနဲ့ ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူဦးရေ (၁,၂၉၁) နဲ့ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားကို Strategy First International College ရဲ့ Founder & President ဖြစ်သူ ဆရာဦးအောင်ချစ်ခင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါတယ်။ အဲ့ဒီနောက် Strategy First International College ရဲ့ နာယက ဆရာမကြီး ပါမောက္ခ ဒေါက်တာဒေါ်လှမြင့်မှ ဆုံးမသြဝါဒစကားပြောကြားခဲ့ပြီး Vice President (Academic) ဆရာကြီး ပါမောက္ခ ဒေါက်တာဦးစိန်မင်းမှ ဘွဲ့ ရကျောင်းသား၊ ကျောင်းသူများ တစ်ဦးချင်းစီကို ဂုဏ်ပြုအမှာစကားများပြောကြားခဲ့ကာ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခဲ့ပါတယ်။
Session အလိုက် ကျောင်းသား၊ကျောင်းသူများကို သက်ဆိုင်ရာ အသိအမှတ်ပြု ဘွဲ့လက်မှတ်များနဲ့ ဒီပလိုမာများ ပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ကျောင်းသူများ ကိုယ်စားနှုတ်ဆက်ကျေးဇူးတင်စကားများကို Session (A) မှာ Strategy First Professional Diploma in Human Resources Management and Development ကို အောင်မြင်ခဲ့တဲ့ ကျောင်းသား ကိုရဲဝင်း ၊ Session (B+C) တွင် BA (Hons Business Administration, UK) ဘွဲ့ကို First-Class ဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသားကိုကောင်းထက်ကျော်နဲ့ HNC & HND (၂) နှစ် ဆက်တိုက် ဘာသာစုံဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး President’s List ရရှိခဲ့တဲ့ ကျောင်းသား ကိုရှိုင်းဝေဇင်၊ Session (D) မှာ Strategy First Professional Diploma in Marketing and Brand Management ကို အောင်မြင်ခဲ့တဲ့ ကျောင်းသူ မနှင်းပွင့်ဖြူတို့မှ ပြောကြားခဲ့ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါတယ်။ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအတွက် Strategy First International College မှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်လုပ်ငန်းခွင်တွင်လည်း မိမိတို့သင်ကြားထားတဲ့ ပညာရပ်များကို လက်တွေ့နှင့်ပေါင်းစပ်ကာ ကောင်းမွန်စွာ ပြန်လည်အသုံးချနိုင်ပြီး အောင်မြင်မှုများ ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း Strategy First International College မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026