Events > Academic & Other Events
Strategy First Online Students Social Networking Day ကျင်းပပြုလုပ်ခဲ့
Strategy First Online Students Social Networking Day ကျင်းပပြုလုပ်ခဲ့
…………………
Strategy First ၌ နေရာအနှံအပြားမှ Online ဖြင့် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် Strategy First Online Students Social Networking Day အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Online ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်စီစဥ်ပေးသည့် အခမ်းအနား ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ပိုမို ခင်မင်ရင်းနှီးစေရန်၊ မိတ်ဆွေကောင်းများ တိုးပွားစေရန်အတွက် ယခုအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် ဆရာ ဦးအောင်ချစ်ခင် (Strategy First International College Founder & President)၊ ဆရာကြီး ဒေါက်တာ ဦးစိန်မင်း (Professor, Vice President (Academic), Strategy First Int'l College)၊ ဆရာမကြီး ဒေါက်တာ ဒေါ်နီလာဝင်း (Professor, Principal (GPIS), Deputy Vice President (Academic), Strategy First Int'l College) တို့မှ မိတ်ဆက်အဖွင့်အမှာစကားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများနှင့် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှလည်း အချင်းချင်းမိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။ A-Link Education Consultancy မှ ရရှိနိုင်မည့် ဝန်ဆောင်မှုများနှင့် ကျောင်းမှ ဖန်တီးပေးထားသော အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကိုလည်း ကျောင်းမှ တာဝန်ရှိသူများက မျှဝေပေးခဲ့ကြပါသည်။
ထို့နောက် Potluck Party တွင် အဆာပြေမုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ပိုမိုရင်းနှီးစေရန် Team Building ဂိမ်းများ ဆော့ကစားခဲ့ကြကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ပါသည်။
Strategy First Online Students Social Networking Day အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။
Latest News
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026
Strategy First International College – Mandalay ၏ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
02 March, 2026
Strategy First International College - Be My Valentine Event
14 February, 2026