Events > Academic & Other Events
Strategy First Online Students Social Networking Day
Strategy First ၌ နေရာအနှံအပြားမှ Online ဖြင့် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် Strategy First Online Students Social Networking Day အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
Online ကျောင်းသား၊ ကျောင်းသူများအတွက် သီးသန့်စီစဥ်ပေးသည့် အခမ်းအနား ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ပိုမို ခင်မင်ရင်းနှီးစေရန်၊ မိတ်ဆွေကောင်းများ တိုးပွားစေရန်အတွက် ယခုအခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် ဆရာ ဦးအောင်ချစ်ခင် (Strategy First International College Founder & President)၊ ဆရာကြီး ဒေါက်တာ ဦးစိန်မင်း (Professor, Vice President (Academic), Strategy First Int'l College)၊ ဆရာမကြီး ဒေါက်တာ ဒေါ်နီလာဝင်း (Professor, Principal (GPIS), Deputy Vice President (Academic), Strategy First Int'l College) တို့မှ မိတ်ဆက်အဖွင့်အမှာစကားများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်းဆက်စကားများ၊ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှလည်း အချင်းချင်း မိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် Potluck Party တွင် အဆာပြေမုန့်များဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ရင်းနှီးမှု ပိုမိုရရှိစေရန် Team Building ဂိမ်းများ ဆော့ကစားခဲ့ကြကာ အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ပါသည်။
Strategy First Online Students Social Networking Day အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026
Strategy First International College ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026