Events > Academic & Other Events
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
Strategy First International College ရဲ့ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူတွေ ပြင်ပ အတွေ့အကြုံ ရရှိစေရန်၊ စီးပွားရေးအမြင်များ တိုးတက်လာစေရန်၊ ဒေသန္တရဗဟုသုတများ တိုးပွားလာစေရန်နှင့် Strategy First ကျောင်းသားဘဝ ပျော်ရွှင်ဖွယ် အမှတ်တရများ ထင်ကျန်စေရန် ရည်ရွယ်ပြီး Mandalay & Pyin Oo Lwin Excursion Trip ကို ဇွန်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ သွားရောက် လေ့လာလည်ပတ်ခဲ့ကြပါတယ်။ ခရီးစဉ်ကို ဇွန်လ (၁၇) ရက်နေ့ ညနေခင်း၊ Strategy First Panchan Tower Teaching Centre မှာ စုရပ် စုဝေးခဲ့ကြပြီး မန္တလေးမြို့သို့ စတင်ထွက်ခွာလာခဲ့ပါတယ်။ ဇွန်လ (၁၈) ရက်နေ့ နံနက်ခင်းမှာ မန္တလေးမြို့ကို ရောက်ရှိခဲ့ပြီးတဲ့နောက်မှာ မြို့ဂုဏ်ဆောင် အထင်ကရနေရာတွေဖြစ်တဲ့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၊ ကုသိုလ်တော် ဘုရားတို့ကို ဖူးမြော်ခဲ့ကြပြီး မန္တလေးမြို့ ကျုံးကို လှည့်လည်ကြည့်ရှုကာ ဦးပိန်တံတားကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဇွန်လ (၁၉) ရက်နေ့ နံနက်ခင်းမှာ မန္တလေးမြို့ကနေ ပြင်ဦးလွင်မြို့ကို ခရီးဆက်ခဲ့ကြပြီး Fame Organic Pharming Project နေရာမှာ ဆေးဖက်ဝင် သဘာဝအပင်များနဲ့ ယင်းအပင်များကို အသုံးပြုပြီး စနစ်တကျ ဆေးဝါးထုတ်လုပ်ပုံများကို လေ့လာခဲ့ကြပါတယ်။ ထို့နောက် ဂျပန်ရွာ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာခြံ တို့မှာ သဘာဝအလှအပတွေကို ခံစားခဲ့ကြပါတယ်။ ဇွန်လ (၂၀) ရက်နေ့မှာတော့ မဟာအံ့ထူးကံသာ ဘုရားကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာတော့ ပွဲကောက်ရေတံခွန်၊ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ Mount Cable စတဲ့ နေရာတွေမှာ ပျော်ရွှင်စရာ အမှတ်တရတွေကို ဖြတ်သန်းခဲ့ကြပြီး ညနေခင်းမှာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ ကျောင်းသား၊ ကျောင်းသူတွေအတွက် စီးပွားရေးအမြင်တွေ တိုးတက်စေရုံတင်မကဘဲ ရင်းနှီးမှုတွေလည်း တိုးပွါးစေခဲ့ပါတယ်။ Strategy First – Mandalay & Pyin Oo Lwin Excursion Trip ခရီးစဉ်တွင် လိုက်ပါခဲ့ကြသော Strategy First ကျောင်းသား၊ ကျောင်းသူများနှင့် ကူညီဆောင်ရွက်ပေးခဲ့ကြသူများအားလုံးကို Strategy First မှ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
14 June, 2026
Strategy First Online Students Social Networking Day
13 June, 2026
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026
Strategy First International College ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026