Events > Academic & Other Events
Strategy First Learning and Career Day 2026 အခမ်းအနားမှ အမှတ်တရပုံရိပ်များ
Strategy First International College တွင် လက်ရှိတက်ရောက်နေကြသော Programmes အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများနှင့် တက်ရောက်အောင်မြင်ခဲ့ပြီးသော ကျောင်းသား၊ ကျောင်းသူဟောင်းများ အားလုံး တစ်နေရာတည်းတွင် ပြန်လည်ဆုံတွေ့ကြရင်း ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ “Strategy First Learning & Career Day 2026” ပွဲအခမ်းအနားကြီးကို ဇွန်လ (၁၄) ရက်၊ တနင်္ဂနွေနေ့တွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်မြို့) ၌ နံနက် (၉) နာရီမှ နေ့လယ် (၁) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခု အခမ်းအနားတွင် Strategy First International College ၏ Founder & President ဆရာဦးအောင်ချစ်ခင်နှင့် Strategy First ၏ ဝါရင့် ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများဖြစ်ကြသော ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်လှမြင့်၊ ပါမောက္ခ ဆရာကြီး ဒေါက်တာ ဦးအောင်ထွန်းသက်၊ ပါမောက္ခ ဆရာကြီး ဒေါက်တာ ဦးစိန်မင်း၊ ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်နီလာဝင်း၊ ပါမောက္ခ ဆရာမကြီး ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ ဒေါ်ကယ်ရိုလိုင်းယဉ်ယဉ်ဌေး တို့မှ ကျောင်းသား၊ ကျောင်းသူများ ပညာရေးနှင့် အနာဂတ်အလုပ်အကိုင်အခွင့်အလမ်းများအတွက် ဩဝါဒ လမ်းညွှန်ချက်များကို ဟောပြောပေးခဲ့ကြပါသည်။
Business Project Showcase နှင့် IT Project Showcase ပြပွဲ ပြိုင်ပွဲများမှ Project များကို စိစစ်ရွေးချယ်ပြီး ဆုရကျောင်းသား၊ ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
Strategy First ကျောင်းသူ၊ ကျောင်းသားများ ဦးဆောင်ပါဝင်သော Students’ Clubs & Societies များ၏ ဖျော်ဖြေရေး အစီအစဉ်များအနေဖြင့် အခမ်းအနားကို Strategy First Dance Club ၏ ဆီမီးခွက်အကဖြင့် ဖွင့်လှစ်ပေးခဲ့ပါသည်။ Strategy First Theme Song နှင့် Ready for the Future, Ready for the World သီချင်းတို့ကို Strategy First Music Club မှ သီဆို ဖျော်ဖြေခဲ့ပြီးနောက် Strategy First Dance Club ၏ အပျိုတော်အက၊ ခေတ် (၆) ခေတ် ယဉ်ကျေးမှု ရိုးရာ အကအလှများ၊ Strategy First Music Club နှင့် Strategy First European Culture Club တို့၏ Would you fall in love with me again တေးသရုပ်ဖော် ဖျော်ဖြေမှု၊ Ballroom Dance နှင့် Strategy First Martial Art Club ၏ Karate Demonstration အစရှိသည့် ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်ခဲ့ကြပါသည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်ပြီး Strategy First နှင့် မိတ်ဖက်ပြုလုပ်ထားသော ထိပ်တန်းကုမ္ပဏီများနှင့် Job Fair ကိုလည်း ကျင်းပပေးခဲ့ပြီး ပွဲအတွင်း စားသောက်ဆိုင်များ၊ စားသောက်ကုန် အရောင်းဆိုင်များလည်း ပါဝင်ရောင်းချခဲ့ကြပါသည်။
“Strategy First Learning and Career Day 2026” အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိတ်ဖက်ကုမ္ပဏီများနှင့် မိတ်ဆွေများ အားလုံးကို Strategy First မှ ကျေးဇူးအထူးပင်တင်ရှိပါသည်
Latest News
"Strategy First Education Fair 2026 အခမ်းအနား"
28 June, 2026
Strategy First – Mandalay & Pyin Oo Lwin Excursion Trip
17 June, 2026
Strategy First Online Students Social Networking Day
13 June, 2026
Strategy First International College, Mandalay ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026
Strategy First International College ၏ ကဆုန်လပြည့် ဗုဒ္ဓနေ့အကြို ကဆုန်ညောင်ရေသွန်းပွဲ နှင့် တရားပွဲ
29 April, 2026