Events > Academic & Other Events
Strategy First International College (Yangon) နဲ့ (Mandalay) - Buddhist Society မှ ကျောင်းသား၊ကျောင်းသူများ ဦးဆောင်ပြီး “တပေါင်းလ သဲပုံစေတီပွဲ” ကျင်းပပူဇော်
မြန်မာ့ရိုးရာ “တပေါင်းလ သဲပုံစေတီပွဲ” ကို Strategy First - Buddhist Society မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး ရန်ကုန်မြို့၊ ကိုးထပ်ကြီးဘုရားမှာ မတ်လ (၁၃) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First International College ရဲ့ Founder/ President ဆရာဦးအောင်ချစ်ခင်၊ ဆရာမကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဥမ္မာမြင့်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနဲ့ ကျောင်းသား၊ ကျောင်းသူများမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူပြီးဖြစ်သော မြတ်စွာဘုရားရှင်တို့အား ရည်မှန်းပြီး သမ္ဗုဒ္ဓေဂါထာတော်ဖြင့် သဲပုံစေတီကို ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။
ဆက်လက်ပြီး ဆရာဦးအောင်ချစ်ခင်မှလည်း သဲပုံစေတီပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့် လူနှစ်ဦးစာ ကံစမ်းမဲများဖောက်လှူပေးပြီး Royal-D အချိုရည်များဖြင့်လည်းဧည့်ခံခဲ့ပါတယ်။ ယခုလို “တပေါင်းလ သဲပုံစေတီပွဲ” ကို ကျင်းပခွင့်ပေးတဲ့ ကိုးထပ်ကြီးဘုရားမှ တာဝန်ရှိသူများ၊ စုပေါင်း ကုသိုလ်ယူခဲ့ကြတဲ့ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား/သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ထို့အတူ Strategy First International College (Mandalay) မှာလည်း “တပေါင်းလ သဲပုံစေတီပွဲ” ကို Strategy First - Buddhist Society (MDY) မှ ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ပြီး မန္တလေးမြို့ အိမ်တော်ရာ ဘုရားမှာ မတ်လ (၁၇) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲကို မန္တလေးကျောင်းခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနဲ့ ကျောင်းသား၊ကျောင်းသူများမှ ပါဝင်ကုသိုလ်ယူခဲ့ကြပါတယ်။ Strategy First International College (Mandalay) သဲပုံစေတီပွဲမှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများကိုလည်း ဗုဒ္ဓဂါယာဘုရားဖူးလိုက်ပါခွင့် လူနှစ်ဦးစာ ကံစမ်းမဲများ ဖောက်လှူပေးခဲ့ပါတယ်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026