Events > Academic & Other Events
Strategy First International College ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူများ သီတင်းကျွတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့
Strategy First International College ရန်ကုန်မှ ကျောင်းသား၊ ကျောင်းသူများရဲ့ သီတင်းကျွတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် (တနင်္ဂနွေနေ့) က ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel Yangon Max Hotel, Yangon Ballroom မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အာစရိယပူဇော်ပွဲကို Strategy First International College ရဲ့ နာယက ဆရာ၊ ဆရာမကြီးများ၊ ပါမောက္ခများ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမကြီးများတက်ရောက်ခဲ့ပြီး ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ကြပါတယ်။ ကျောင်းသား၊ကျောင်းသူများမှလည်း ဆရာကြီး၊ ဆရာမကြီးများကို သံပြိုင်ကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ပစ္စည်းများဖြင့် ဂါရဝပြုခဲ့ကြပါတယ်။
အဲ့ဒီနောက် UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး Strategy First Theme Song သီဆိုကာ အာစရိယပူဇော်ပွဲ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ပါတယ်။ ယခုလို အာစရိယပူဇော်ပွဲဖြစ်မြောက်အောင် တက်ရောက်ပေးကြတဲ့ ဆရာကြီး၊ ဆရာမကြီးများ၊ UK ဘွဲ့ကြိုအတန်းများမှ အတန်းခေါင်းဆောင်များ၊ Students’ Club အသီးသီးမှ ကျောင်းသား/ သူများနဲ့ ဖျော်ဖြေတင်ဆက်မှုမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသား၊ကျောင်းသူများ၊ အာစရိယပူဇော်ပွဲကို တက်ရောက်ခဲ့ကြတဲ့ Strategy First Undergraduate Programme အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026