Events > Academic & Other Events
Strategy First International College ရန်ကုန်၊ မန္တလေးကျောင်းများမှ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြတဲ့ Class Representative နဲ့ Club Coordinator ကျောင်းသား/ သူများ ဦးဆောင်ပြီး “New Year’s Charity Bazaar” ပွဲ ကျင်းပ
“Strategy First New Year’s Charity Bazaar” ပွဲကို ရန်ကုန်၊ မန္တလေးကျောင်းများမှ UK ဘွဲ့ကြိုအတန်းများ တက်ရောက်နေကြတဲ့ Class Representative နဲ့ Club Coordinator ကျောင်းသား/ သူများ ဦးဆောင်ပြီး ဒီဇင်ဘာလ (၂၀) ရက်နေ့က Strategy First Panchan Tower Teaching Centre (Yangon) နဲ့ ဒီဇင်ဘာလ (၂၂) ရက်နေ့က Strategy First Mingalar Mandalay Teaching Centre (3) မှာ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ Winter Movie Vibe ဖြင့် “Movie Marathon” အစီအစဉ်များ ထည့်သွင်းခဲ့ပြီး Movie ကြည့်ရင်း Snack များ သုံးဆောင်နိုင်ဖို့ Strategy First Students’ Club အသီးသီးမှ Snack Stall များပါဝင်ပြီး Foods & Snacks များရောင်းချခဲ့ပါတယ်။
“Strategy First New Year’s Charity Bazaar (Yangon) ပွဲမှာ ပါဝင်ခဲ့တဲ့ Snack Stall များမှ ရရှိခဲ့တဲ့ ရောင်းရငွေ (အရင်းနှင့် အမြတ်အပါ) အားလုံး (100%) ကို မြန်မာနိုင်ငံမျက်မမြင်အသင်း (Myanmar National Association of the Blind) သို့ လှူဒါန်းခဲ့ပါတယ်။ ထို့အတူ Strategy First New Year’s Charity Bazaar (Mandalay) ပွဲမှာ Strategy First Students’ Club အသီးသီးမှ Snack Stall များပါဝင်ပြီး Foods & Snacks များရောင်းချခဲ့ကာ ရရှိခဲ့တဲ့ ရောင်းရငွေ (အရင်းနှင့် အမြတ်အပါ) 853,950 ကျပ်ကို ပြည်လုံးချမ်းသာမိဘမဲ့ကျောင်း သို့ လှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။
ပွဲဖြစ်မြောက်အောင် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ Class Representative နဲ့ Club Coordinator ကျောင်းသား/ သူများ၊ ပွဲသို့ တက်ရောက်ခဲ့ကြတဲ့ UK ဘွဲ့ကြိုအတန်းအသီးသီးရှိ ကျောင်းသား/ သူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026