Events > Academic & Other Events
Strategy First International College နှင့် DKSH Myanmar တို့အကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Strategy First International College နှင့် DKSH Myanmar တို့အကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ဇန်နဝါရီလ (၃၀) ရက်နေ့က Strategy First Panchan Tower Teaching Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို Strategy First International College မှ Founder/ President ဆရာဦးအောင်ချစ်ခင်၊ Academic Director ဆရာကြီး ပါမောက္ခ ဒေါက်တာ ဦးစိန်မင်း၊ Strategy First International College မှ Vice President (Administration) ဦးအောင်ကျော်ဌေး၊ Corporate Clients Manager ဦးဝေယံလင်းနဲ့ Strategy First Management အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး DKSH Myanmar ဘက်မှလည်း Head of Country Management, Mr. Ankur Pandey ၊ Country HR Director, Mr. Navuth Yang နဲ့ DKSH Management အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခြင်း နားလည်မှုသဘောတူစာချွန်လွှာကို Strategy First International College မှ Founder/ President ဆရာဦးအောင်ချစ်ခင် နှင့် DKSH Myanmar မှ Head of Country Management, Mr. Ankur Pandey တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ နားလည်မှုစာချွန်လွှာအရ Strategy First International College နှင့် DKSH Myanmar တို့ အတူပူးပေါင်းလက်တွဲကာ Strategy First International College ကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးအခွင့်အလမ်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်ကြရန်၊ မြန်မာနိုင်ငံအကျိုး သယ်ပိုးဆောင်ရွက်ရန် လုပ်ငန်းနှစ်ခုအကြား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ သဘောတူညီမှုများ ရရှိခဲ့ကြပါတယ်။
DKSH သည် မြန်မာနိုင်ငံမှာ ၎င်းတို့ရဲ့လုပ်ငန်းကို တိုးချဲ့လိုတဲ့ကုမ္ပဏီများအတွက် အကောင်းဆုံးသော စျေးကွက်တိုးချဲ့ရေး ဝန်ဆောင်မှုများပေးတဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် 1996 ခုနှစ်ကတည်းက စတင်လည်ပတ်နေပြီး Customer ပေါင်း ၄၀,၂၁၀ ကျော်ကို ဈေးကွက်တိုးချဲ့ရေးဝန်ဆောင်မှုတွေကို sourcing မှအစ research & analysis, marketing, sales, distribution, logistics နဲ့ after-sales services များအထိ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ Specialist ဝန်ထမ်းစုစုပေါင်း 2700 ကျော်ဖြင့် မိတ်ဖက်ပါတနာများကို ဝန်ဆောင်မှုပေးလျက်ရှိနေပြီး OMRON, Vaxigrip, Nivea, Jumbo, Ovaltine အစရှိတဲ့ Consumer Goods, Healthcare, Performance Materials and Technology နဲ့ ပတ်သက်တဲ့ ကုန်စည်များ တင်းသွင်းဖြန့်ချိပေးလျက်ရှိပါတယ်။ ရန်ကုန်မြို့မှာ ရုံးချုပ်နဲ့ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်တို့မှာ ရုံးခွဲများထားရှိပြီး နိုင်ငံအနှံ့ ဈေးကွက်တိုးချဲ့ရေး ဝန်ဆောင်မှုလုပ်ငန်းကို ခိုင်မာစွာ တည်ဆောက်ထားတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026