Events > Academic & Other Events
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများရဲ့ သဲပုံစေတီ ပူဇော်ပွဲ
Strategy First Buddhist Society ရဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ဦးဆောင်ကျင်းပတဲ့ သဲပုံစေတီပွဲတော်ကို မတ်လ (၂) ရက်နေ့၊ ရန်ကုန်မြို့၊ ကိုးထပ်ကြီးဘုရား မှာ ကျင်းပပြုလုပ်ခဲ့ပြီး Strategy First International College နဲ့ Global Pathways International School ရဲ့ ကျောင်းသူ၊ ကျောင်းသားများမှ ကုသိုလ်ပါဝင်ယူခဲ့ကြပါတယ်။
သဲပုံစေတီပွဲမှာ ဘုရားဝန်းအတွင်း ကျောင်းသူ၊ ကျောင်းသားများ ကိုယ်တိုင်ကိုယ်ကျ သဲပုံစေတီ တည်ထားကြပြီးတဲ့နောက်မှာ ဘုရားအနေကဇာတင်ခြင်း၊ နှင်းဆီပန်း၊ သပြေပန်း စသဖြင့် ဘုရားပန်းများ ကပ်လှူပူဇော်ခြင်း၊ မြတ်စွာဘုရားကို အာရုံပြု၍ (၅) ပါးသီလ ဆောက်တည်ကာ သမ္ဗုဒ္ဓေဂါထာ ရွတ်ဖတ်ပူဇော်ခြင်း စတာတွေနဲ့ စုပေါင်း ကုသိုလ်ယူခဲ့ကြပါတယ်။
ယခု သဲပုံစေတီပွဲတော်မှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထဲကနေ (၂) ဦးကို “ဗုဒ္ဓဂါယာသို့ အခမဲ့ပို့ဆောင်ပေးမည့် ခရီးစဉ်လက်မှတ်များ”ကို မဲဖောက်ပေးခဲ့ပြီး BA (Hons) Business Management pro gramme ကျောင်းသူ မ Aut Muu Sam နဲ့ မအေးဝတီထွန်းတို့က ကံထူးရှင်တွေ ဖြစ်ခဲ့ကြပါတယ်။
သဲပုံစေတီပွဲမှာ ပါဝင်ခဲ့ကြသူအားလုံးအတွက် နံနက်စာ အဆာပြေမုန့်များနဲ့ Royal-D အချိုရည်များကို စီစဉ် ကျွေးမွေးခဲ့ပါတယ်။
ယခုလို Strategy First International College ရဲ့ သဲပုံစေတီ ပူဇော်ပွဲလေးမှာ ပါဝင်ကုသိုလ်ယူခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသားများ၊ ပွဲဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့တဲ့ Strategy First Buddhist Society နဲ့ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်း မေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026