Events > Academic & Other Events
Strategy First International College မှ Cooking and Baking Club ကျောင်းသား၊ ကျောင်းသူများဦးဆောင်ပြီး “Strategy First Cooking Competition” ပြိုင်ပွဲကျင်းပ
Strategy First International College ၏ UK ဘွဲ့ကြိုအတန်းများမှာ တက်ရောက်နေသော Strategy First Cooking and Baking Club မှ ကျောင်းသား၊ ကျောင်းသူများဦးဆောင်ပြီး “Strategy First Cooking Competition” ကို အောက်တိုဘာလ (၆) ရက်နေ့ Strategy First Panchan Tower Teaching Centre တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ Strategy First International College ရှိ ဆရာ၊ ဆရာမများနှင့် UK ဘွဲ့ကြိုအတန်းမှ ကျောင်းသား၊ ကျောင်းသူများစွာ တက်ရောက်အားပေးခဲ့ကြပါတယ်။ ပြိုင်ပွဲတွင် အဖွဲ့များစွာမှလည်းအချက်အပြုတ်စွမ်းရည်များ စွဲမက်ဖွယ်ရာကောင်းသောဟင်းလျာများကို အနံ့အရသာပြည့်စုံစွာဖြင့် ချက်ပြုတ်ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ထူးချွန်စွာ စွမ်းရည်ပြသခဲ့ကြသည့်အဖွဲ့များထဲမှ
ပထမဆု - မမေသူသူခိုင်နှင့် မသိမ့်သီရိဇော်
ဒုတိယဆု - ကိုကောင်းဆက်ဇော်နှင့် မကြည်စင်ရှင်း
တတိယဆု - ကိုစိုင်းမျိူးသီဟနှင့် မဖူးမြတ်သွယ်
တို့က ထိုက်တန်စွာ ဆုများအသီးသီး ရရှိခဲ့ကြပါတယ်။
ယခုလို “Strategy First Cooking Competition” ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့ကြသော အကဲဖြတ်ဒိုင်များနှင့် Strategy First Cooking and Baking Club မှ ကျောင်းသား၊ ကျောင်းသူများ၊ တက်ရောက်အားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံးကို Strategy First မှကျေးဇူးအထူးတင်ရှိပါတယ်။
Latest News
Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော်
05 April, 2026
Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်
04 April, 2026
Strategy First - Bangkok Business Innovation Tour
12 March, 2026
Strategy First International College – Chinese New Year Event
20 February, 2026
Strategy First International College – Mandalay – Chinese New Year Event
27 February, 2026