Events > Academic & Other Events

Strategy First International College, Mandalay - မြန်မာနှစ်ကူးအကြိုပွဲတော် 

မြန်မာနှစ်သစ် (၁၃၈၈) ခုနှစ်ကို ကြိုဆိုသောအားဖြင့် ကျင်းပခဲ့တဲ့ Strategy First International College, Mandalay ရဲ့ မြန်မာနှစ်ကူးအကြိုပွဲတော်ကို April လ (၅) ရက်နေ့၊ မန္တလေးမြို့၊ Amarapura Icon မှာ ကျင်းပပြုလုပ်ခဲ့ပြီး Strategy First International College ရဲ့ Program ပေါင်းစုံက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားဟောင်းများနဲ့ Global Pathways International School ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်ကို Strategy First International College, Mandalay ရဲ့ တာဝန်ရှိသူများမှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ Strategy First Dance Club, Strategy First Music Club, Strategy First Myanmar Culture Club, Strategy First Media Club, GPIS Music Club, GPIS Dance Club, Master Program ကျောင်းသား၊ ကျောင်းသူများတို့မှ သင်္ကြန်သီချင်းများ၊ သင်္ကြန်အကအလှများဖြင့် သီဆို ကပြ ဖျော်ဖြေခဲ့ပါတယ်။

Strategy First ကျောင်းသူဟောင်း အဆိုတော် မိစန္ဒီ၊ အဆိုတော် လွှမ်းပိုင် စတဲ့ နာမည်ကြီး အနုပညာရှင်များမှလည်း Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်မှာ ပါဝင်အားဖြည့် တင်ဆက်ပေးခဲ့ကြပါတယ်။

🍥🍨 သင်္ကြန်မှာ မပါမဖြစ် ဖြစ်တဲ့ စတုဒိသာ အုန်းလက်မဏ္ဍပ်များမှာလည်း မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်းစတဲ့ သင်္ကြန်စာတွေအပြင် အခြားသော မုန့်များစွာကို Strategy First Education Group Member ကုမ္ပဏီများအပြင် AYA Sompo, Zifam, Myanmar Women Entrepreneurs Association (Mandalay), Mandalay Region Young Entrepreneurs Association, Royal-D, YKKO, KFC, The Home Craft Design & Construction, TYG Digital Printing, Clover Nail & Beauty Spa, မိစံ စားသောက်ကုန်လုပ်ငန်း၊ ဘုရင်ကြီး ကဖေးနန်းတော်၊ ရတနာရွှေကောင်းကင် ပုံနှိပ်လုပ်ငန်း စတဲ့ Strategy First ရဲ့ မိတ်ဖက်ကုမ္ပဏီများမှ တည်ခင်း ကျွေးမွေးခဲ့ပါတယ်။

ယခုလို Strategy First မြန်မာနှစ်ကူးအကြိုပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ Strategy First Education Group ရဲ့ ပညာရေး Program အသီးသီးက ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားဟောင်းများ၊ ပွဲကို တက်ရောက်ခဲ့ကြတဲ့ ဧည့်သည်တော်များ၊ စတုဒိသာများဖြင့် အားဖြည့်ကူညီပေးခဲ့ကြတဲ့ မိတ်ဖက်ကုမ္ပဏီများနဲ့ ပွဲတော်ဖြစ်မြောက်ရေး တာဝန်ရှိသူများအားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် နှစ်ကူးသင်္ကြန်အခါသမယတွင် ဘေးဘယာဝေးကွာကာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။