Events > Academic & Other Events
Strategy First International College Mandalay ၏ UK Bachelor’s Programmes အသီးသီးတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပါဝင် ဆင်နွှဲခဲ့သည့် “ပဉ္စမအကြိမ်မြောက် ထမနဲပွဲ”
Strategy First International College Mandalay ၏ UK Bachelor’s Programmes အသီးသီးတွင် တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း ပါဝင် ဆင်နွှဲခဲ့သည့် “ပဉ္စမအကြိမ်မြောက် ထမနဲပွဲ” ကို ဇန်နဝါရီလ (၂၆) ရက်နေ့တွင် စင်္ကြာဝန်း ဘုန်းကြီးကျောင်း၊ ချမ်းမြသာစည်မြို့နယ်၌ နေ့လည် (၁:၀၀) နာရီမှ ညနေ (၅:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ထမနဲပွဲတွင် Strategy First Mandalay ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်ပါဝင်သော အဖွဲ့ (၅) ဖွဲ့ဖြင့် အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု အသီးသီးချီးမြှင့်ပေးခဲ့ကာ ထမနဲများကို Strategy First Mandalay ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများမှ အတူတကွ မျှဝေ စားသုံးခဲ့ကြပါသည်။
ယခုလို မြန်မာ့ရိုးရာအစဉ်အလာတစ်ခုဖြစ်သည့် “တပို့တွဲလ - ထမနဲပွဲ” ကို ပျော်ရွှင်သိုက်မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည့် Strategy First Mandalay ကျောင်းသား၊ ကျောင်းသူများ၊ တာဝန်ရှိသူများအားလုံးကို Strategy First International College မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
Latest News
Strategy First The Graduation Ceremony 2026 အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့
16 August, 2026
Strategy First International College တွင် UK Bachelor's Programmes အတန်းများ တက်ရောက်နေကြသော ကျောင်းသား၊ ကျောင်းသူများ “YANGON STOCK EXCHANGE” သို့ သွားရောက်လေ့လာခြင်း
30 July, 2026
Strategy First International College ၏ UK Bachelor’s Programmes ကျောင်းသား၊ ကျောင်းသူများ “Realme” ရုံးချုပ် သို့ သွားရောက်လေ့လာခြင်း
15 July, 2026
Strategy First Mandalay - UK Bachelor’s နှင့် Master’s Programmes ကျောင်းသား၊ ကျောင်းသူများ၏ Resources Group Logistics (RGL Dry Port) သို့ လေ့လာရေးခရီးစဉ်
25 July, 2026
“Strategy First_Mandalay AI Hackathon 2026”
12 July, 2026